စစ်ကောင်စီတပ်ရဲ့ စွမ်းဆောင်ရည် အားလုံးပြိုဆင်းနေပြီလို့ KNU ပြော

စစ်ကောင်စီတပ်ရဲ့ စွမ်းဆောင်ရည် အားလုံးပြိုဆင်းနေပြီလို့ KNU ပြော
ဓာတ်ပုံ-KNU
ဓာတ်ပုံ-KNU

အခုလတည်းမှာပဲ တပ်စခန်း ၃ ခုအထိ ဆုံးရှုံးထားတဲ့ စစ်ကောင်စီတပ်ဟာ စိတ်ဓာတ်ရေးရာအပြင် စွမ်းဆောင် ရည် အားလုံးပြိုဆင်းနေပြီလို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြော ဆိုလိုက်ပါတယ်။

KNU အုပ်ချုပ်နယ်မြေတွေမှာရှိတဲ့ စစ်ကောင်စီ သစ်ချဆိပ်စခန်း၊ ဆာလော်ကျိုးခေးပူစခန်းနဲ့ ရေတလျောက် တပ်စခန်း ၃ ခုကို စက်တင်ဘာ ၁ ရက်ကနေ ၁၄ ရက်နေ့အထိ နှစ်ပတ်အတွင်း ကရင်အမျိုးသား လွတ်မြောက် ရေး တပ်မတော် KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

အဲ့ဒီထဲမှာ စက်တင်ဘာ ၁၄ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်း-မြန်မာနယ်စပ် အနီးရှိ ရေတလျောက်တပ်စခန်းဆိုရင် KNLA ပူးပေါင်းတပ်က အချိန် ၂၅ မိနစ်အတွင်း စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ရေတလျောက်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၉ ဦးသေဆုံးကာ အခြား စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကတော့ ထွက်ပြေးလွတ်မြောက်သွားတာရှိသလို လက်နက်ခဲယမ်းအများအပြားကိုလည်း KNLA တော် လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းဆည်းရရှိခဲ့ပါတယ်။

“တိုက်ပွဲဖြစ်ချိန်က နာရီဝက်တောင်မကြာဘူး။ စခန်းက ကျသွားတယ်။ သူတို့ဆီရလိုက်တဲ့ လက်နက်ပစ္စည်း အား လုံးက ကြည့်လိုက်တဲ့အခါမှာ လက်နက်ပစ္စည်းတွေကလည်း နည်းတာမဟုတ်ဘူးနော်။ ကားဘယ်နှစ်စီး စာ တောင် တိုက်စရာရှိတယ်၊ အဲဒီလောက်များတဲ့ လက်နက်ခဲယမ်းတွေ ဒီလောက်များတဲ့ဟာကို သူတို့ခုခံတိုက်ခိုက် မယ်ဆိုရင် အများကြီးပြန်ပြီးတော့ တိုက်လို့ရသေးတယ်။ ဒါပေမဲ့ ၂၅ မိနစ်အတွင်းမှာ ကျသွားတယ်ဆိုတော့ ဒါကရှင်းရှင်းပြောရမယ်ဆိုရင်တော့ သူတို့ရဲ့စွမ်းဆောင်ရည်ရော၊ သူတို့စိတ်ဓာတ်ရေးရာမှာရော၊ အကုန်လုံး ပြို ဆင်းနေပြီဆိုတာကို ရှင်းနေတာပဲလေ” လို့ KNU ပြောခွင့်ရသူ ပဒိုစောတောနီးက ပြောပါတယ်။

လက်ရှိမှာလည်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တပ်မဟာ(၆)နယ်မြေ ခလယ်တံခွန်တိုင်ကျေးရွာ အုပ်စုမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA တော်လှန်ရေးပူးပေါင်းတပ်တို့အကြား စစ်ရေး တင်းမာနေသလို ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့အထက်ဘက် ထိုင်း-မြန်မာနယ်စပ်နဲ့ နီးတဲ့ဘက်က စစ်ကောင်စီရဲ့ ကွီလုံတိုင်စခန်းကိုလည်း ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်နေ့စတင်ပြီး တိုက်ခိုက်ခဲ့ပါ တယ်။

ကွီလုံတိုင်စခန်းမကျဖို့အတွက် စစ်ကူပို့လွှတ်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကိုလည်း KNLA တော်လှန် ရေးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဟာ ထိုင်းနယ်မြေဘက်ခြမ်းကို ထွက်ပြေးသွားခဲ့ရတာ တွေရှိတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ တပ်စခန်းတွေကို KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ စီးနင်းတိုက်ခိုက်မှု၊ ပြောက်ကျား ပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်မှုတွေကို နေ့စဉ်ပြုလုပ်နေတဲ့ အတွက် စစ်ကောင်စီတပ်ဘက်က သေဆုံးဒဏ်ရာရသူတွေ ပိုမိုများပြားလာခဲ့ပြီး စိတ်ဓာတ်ရေးရာပိုင်းမှာလည်း ကျဆင်းလျက်ရှိရာ KNU ထံ လာရောက်ပူးပေါင်းတာတွေရှိနေတယ်လို့ KNU ဒူးပလာယာခရိုင်ကလည်း ထုတ်ပြန်ထားပါတယ်။

October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...