စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာ၍ အင်းတော်ကြီးဒေသက ရွှေတူးဖော်မှုများ ရပ်နား

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာ၍ အင်းတော်ကြီးဒေသက ရွှေတူးဖော်မှုများ ရပ်နား

စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာတာကြောင့် အင်းတော်ကြီးဒေသမှာ တူးဖော်နေတဲ့ ရွှေလုပ်ကွက် အများစု ရပ်နားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းနောင်ကျေးရွာနဲ့ မမုံကိုင်ကျေးရွာမှာရှိတဲ့ ရွှေလုပ်ကွက်ကျင်းတွေဘက် လွန်ခဲ့တဲ့ ရက်ပိုင်းတွေက စစ်ကောင်စီ စစ်ကြောင်း ဝင်ရောက်လာတာကြောင့် စက်ယန္တရားနဲ့ ရွှေတူးဖော်တဲ့သူတွေ ဒီအတောအတွင်း ရပ်နားထားတယ်လို့ အင်းတော်ကြီး ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“အများစု နားတယ်လို့ ကြားတယ်။ လေးငါးရက်တော့ရှိလာပြီ။ လမ်းဘေးနားတွေမှာတော့ ဘက်ဟိုးနဲ့ မဟုတ် ပေမဲ့ မြေစာပုံထားတာကို ဖျောတာတွေ လုပ်နေတယ်” လို့ ဒေသခံက ပြောပါတယ်။

နန့်ရင်းခါကြိုးဝိုင်း တစ်ဝိုက် စစ်ရေးလှုပ်ရှားတာ တစ်ပတ်လောက် ရှိလာပြီဖြစ်ပြီး အရင် လမ်းမဘေးက ဖြတ် သွားတိုင်းကြားရတဲ့ ရွှေတူးဖော်နေတဲ့ စက်ယန္တရားသံတွေလည်း ဒီရက်ပိုင်းမှာတော့ မကြားရဘူးလို့ နောက်ထပ် အင်းတော်ကြီး ဒေသခံတစ်ဦးကလည်း ဆိုပါတယ်။

“ဒီအပတ်အတော အတွင်းတော့ မမုံကိုင်ဘက်မှာ စစ်ကြောင်းဝင်တယ်တဲ့။ ဒါကြောင့် တချို့ကနားတယ်။ တချို့ က ရှောင်ကြတာမျိုးတွေရှိတယ်။ ရွာနဲ့နီးတဲ့ဘက်က ရွှေကျင်း တဲနေရာတွေမှာတော့ ရောက်နေကြတယ်” လို့ ဒေသခံက ဆက်လက်ပြောပါတယ်။

စစ်ကြောင်းဝင်လို့ စက်ကြီးနဲ့ မောင်းတဲ့သူတွေအပြင် လက်လုပ်လက်စား တူးဖော်သူတွေပါ ထွက်ပြေး နေရတယ်လို့လည်း တခြားဒေသခံဆီက သိရပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ကြားသိရပေမဲ့ တိတိကျကျ အတည်ပြုနိုင်တာတော့ မရှိ သေးပါဘူး။

အဲဒီ ဒေသဘက်မှာရှိတဲ့ KIA တပ်ဖွဲ့က ရွှေတူးဖော်မှုကနေ တစ်ဖက်တစ်လမ်း ဝင်ငွေရတာမျိုးရှိတဲ့အတွက် အဲဒါ ကို အနှောင့်အယှက် ပေးချင်တဲ့ပုံစံမျိုးနဲ့ အခုလို စစ်ကြောင်းဝင်ရောက်တာ ဖြစ်နိုင်တယ်လို့လည်း ပြောဆိုတာ မျိုးတွေ ရှိနေပါတယ်။

October 22, 2024
ကချင်အထူးဒေသ ၁၊ အမှတ် ၁၀၀၃ ကချင်နယ်ခြားစောင့်တပ်(BGF) တပ်ရင်းဌာနချုပ်ကို အောက်တိုဘာလ ၂၁ ရက်နေ့...
October 19, 2024
ကချင်အထူးဒေသ(၁)၊ နယ်ခြားစောင့်တပ်(BGF) ရဲ့ ဌာနချုပ်အခြေစိုက်ရာ တရုတ်နယ်စပ်က ပန်ဝါမြို့ကို KIA၊...
October 8, 2024
လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် မြစ်ကြီးနား-...
September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...