အင်းလေးဘုရားပွဲ လုံခြုံရေးအကြောင်းပြ PNO မှ တစ်အိမ် ကျပ်ငွေ တစ်သောင်း တောင်းခံနေ

အင်းလေးဘုရားပွဲ လုံခြုံရေးအကြောင်းပြ PNO မှ တစ်အိမ် ကျပ်ငွေ တစ်သောင်း တောင်းခံနေ

သျှမ်းပြည် တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း ကျင်းပပြုလုပ်မည့် ဖောင်တော်ဦး ဘုရားပွဲကို အကြောင်းပြကာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/PNA) မှ တစ်အိမ်လျှင် ကျပ်ငွေ တစ်သောင်း တောင်းခံ နေသည်။

သီတင်းကျွတ် လဆန်း ၁ ရက်နေ့မှ လပြည့်ကျော် ၃ ရက်နေ့ အထိ ကျင်းပပြုလုပ်လေ့ရှိသည့် အင်းလေးဒေသ ဖောင်တော်ဦး ဘုရားပွဲကို အကြောင်းပြကာ PNO တပ်ဖွဲ့မှ ပိုက်ဆံကောက်ခံ နေခြင်းဖြစ်ကြောင်း အင်းလေး ဒေသခံ လူငယ် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အင်းလေးဘုရားပွဲမှာ PNO အဖွဲ့ လုံခြုံရေး လုပ်ပေးမယ်၊ လုံခြုံရေးခ တစ်အိမ်ကို တစ်သောင်းကျပ် ပေးရ မယ်ဆို ပြီးတော့ အင်းလေးထဲက ဒေသခံတွေကို အမိန့်ပေးလာတယ်။ အခုက အင်းမြောက်ပိုင်းမှာ စကောက် နေပြီ။ တောင်ပိုင်းကိုလည်း လာကောက်မယ်တဲ့” ဟု အင်းလေး ဒေသခံ လူငယ် အမျိုးသမီးက သျှမ်းသံတော် ဆင့်ကို ပြောသည်။

ထိုကဲ့သို့ လုံခြုံရေးကို အကြောင်းပြ ငွေကြေးကောက်ခံခြင်းကြောင့် အင်းလေးဒေသခံများ အနေဖြင့်  စားဝတ် နေရေး ခက်ခဲနေမှု၊ ငွေရေးကြေးရေး အခက်အခဲများရှိနေသည့်အတွက် ယခုတောင်းသည့် ငွေကို ပေးဆောင်ရန် အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်တပ်က အာဏာမသိမ်းခင် အချိန်က လုံခြုံရေးအတွက် ညောင်ရွှေမြို့မှ ရဲတပ်ဖွဲ့ဝင် အနည်းငယ် ဖြင့်သာ ရှိခဲ့ပြီး လုံခြုံရေးအတွက် ငွေကုန်ကြေးကျ ကုန်ကျမှု မရှိခဲ့ဖူးကြောင်း အင်းလေးဒေသခံ လူငယ် အမျိုး သမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“နဂိုကတည်းက ဒေသခံတွေ စားဝတ်နေရေး ကြပ်တည်းနေပါတယ် ဆိုမှ မရမက အကြောင်းရှာပြီး ဒေသခံတွေ ရဲ့ အိတ်ကပ်ထဲက ငွေကို ညှစ်ထုတ်နေကြတယ်၊  ဒေသခံတွေကတော့ မပြောရဲလို့သာ မပြောကြတာ၊ ဘယ်သူမှ မပေးချင်ကြဘူး။ အရင်တုန်းကလည်း လုံခြုံရေးဖိုးဆိုပြီးတော့လည်း မပေးဖူးဘူးလေ၊ အခုက ရိုးရာပွဲကို အကြောင်းပြပြီး ငွေကောက်နေကြတယ်” ဟု လူငယ် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အင်းလေးဒေသ ဖောင်တော်ဦး ဘုရားပွဲကို အကြောင်းပြကာ PNO တပ်မှ ပိုက်ဆံ တောင်းယူနေခြင်း၊ လက်နက် ပြ ခြိမ်းခြောက်ခြင်းတို့ကြောင့် နောင်တချိန်တွင် အင်းလေးဒေသခံနှင့် ပအိုဝ်းလူမျိုးများ အကြား လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားလာမှာကို စိုးရိမ်ရကြောင်းလည်း အင်းလေးဒေသခံများက ပြောဆိုနေကြသည်။

အဆိုပါ အင်းလေး ဘုရားပွဲသို့ တက်ရောက်ခြင်း မပြုကြရန်နှင့် ယခုကဲ့သို့ နိုင်ငံရေး မငြိမ်မသက်ချိန် ပြုလုပ်မည့် ဘုရားပွဲကိုလည်း ကန့်ကွက် ဆန့်ကျင်ကြောင်း တော်လှန်ရေးအဖွဲ့ ၃ ဖွဲ့ ဖြစ်သည့် အင်းလေး ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ IPDF၊ အင်းလေး ဖက်ဒရယ် ဒီမိုကရေစီ လှုပ်ရှားမှု (IFDM) နှင့် အင်းလေး အမျိုးသမီး သမဂ္ဂ (IWU) တို့က ထုတ်ပြန်ကြေညာထားသည်။

Most read this week

October 28, 2024
မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားသည့်...
October 25, 2024
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့ နှင့်ကျိုင်းတုံမြို့ ရှိ ဂိုဒေါင် တချို့ကို...
October 25, 2024
သျှမ်းပြည် သီပေါမြို့ပေါ် ရပ်ကွက်များတွင် လုံခြုံရေးကင်းမဲ့ကာ သူခိုးရန်ကြောင့် ပြည်သူနေအိမ်များ...
October 24, 2024
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက...