ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲတစ်ဦး သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံး

ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲတစ်ဦး သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံး

မွန်ပြည်နယ်၊ ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်သားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

စက်တင်ဘာလ ၃ ရက်နေ့၊ ညနေ ၅ နာရီခွဲအချိန်ခန့်က ပေါင်မြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်သား ကိုကိုလွင်ဆိုသူ သည် မိုးနိုင်းဘက်မှ ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဥ် မိုးနိုင်းရပ်ကွက်နှင့် ပေါင်းရပ်ကွက်ကြား ရန်ကုန်-မော်လ မြိုင် ကားလမ်းမပေါ်တွင် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

မြို့ခံတစ်ဦးက “ဆိုင်ကယ်နဲ့ နောက်ကနေ လိုက်လာပြီးတော့ ပစ်သွားတာ။ သေနတ်သံ ဆယ်ချက်လောက်ရှိ မယ်။ ပစ်သွားတာ” ဟု ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရဲတပ်သား ကိုကိုလွင်၏ မျက်နှာ၊ ရင်ဘတ်နှင့် ဗိုက်တို့တွင် ရရှိသည့်ဒဏ်ရာ များဖြင့် အခင်းဖြစ်ပွားသည့် နေရာတွင်ပင် သေဆုံးခဲ့‌သည်။

ပစ်သတ်ခံရပြီး ၁၅ မိနစ်ခန့်အကြာတွင် ပေါင်မြို့နယ်ရဲစခန်းမှ ၎င်း၏ ရုပ်အလောင်းကို လာရောက်သယ်ယူသွား ကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသူ နယ်ထိန်းရဲတပ်သား ကိုကိုလွင်သည် ပေါင်မြို့နယ်ရဲစခန်းမှ မိုးနိုင်းရပ်ကွက် အပိုင် နယ်ထိန်းရဲ ဖြစ် ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းကလည်း ဇင်းကျိုက်နယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦး သည် ပေါင်မြို့နယ် ပန်းကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမတွင် ပစ်သတ်ခံခဲ့ရသည်။

ဇူလိုင်လအတွင်းကလည်း ပေါင်မြို့နယ် ဥတ္တံတားကျေးရွာ ရန်‌ကုန်-မော်လမြိုင် ကားလမ်းဘေးရှိ စားသောက် ဆိုင် တစ်ဆိုင်တွင် ထိုင်နေသည့် နယ်ထိန်းရဲ တစ်ဦးနှင့် အရပ်သားတစ်ဦး ပစ်သတ်ခံခဲ့ရသေးသည်။

မွန်ပြည်နယ် ပေါင်မြို့နယ် ပေါင်မြို့နှင့် ဇင်းကျိုက်မြို့ကြား ရန်ကုန် - မော်လမြိုင် ကားလမ်းတလျှောက်တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ နောက်ပိုင်း ရဲတပ်ဖွဲ့ဝင် ၄ ဦး၊ ရာအိမ်မှူး ၁ ဦး နှင့် အရပ်သား ၃ ဦး သေနတ် ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးထားကြောင်း ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။

Most read this week

October 25, 2024
မွန်ပြည်နယ်အတွင်း လူမှုကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတို့ကို စစ်ကောင်စီက နိုင်ငံရေးနှင့်...
October 24, 2024
တိုက်ပွဲများပြင်းထန်နေသော တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ်အချို့ကို စစ်ကောင်စီက လမ်း ကြောင်း...
October 23, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအနီး ပင်လက်ပြင်တွင်...
October 23, 2024
မွန်ပြည်နယ်တွင် စစ်ကောင်စီ၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို...