Published
Saturday, August 26, 2023
အင်အားပြန်လည်ဖြည့်တင်းနိုင်ဖို့ ပြည်သူ့စစ်ကို စစ်ကောင်စီက အသုံးချလာတယ်လို့ KIA ပြော
- အင်အားကျဆင်းလာတဲ့ စစ်ကောင်စီတပ်ဟာ အင်အားပြန်လည်ဖြည့်နိုင်ဖို့ ပြည်သူ့စစ်တွေကို အသုံးချလာတဲ့အခြေအနေရောက်နေတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန်နော်ဘူ က ပြောပါတယ်။
- ဖားကန့်လမ်းဘက်ကို အင်အားတိုးချဲ့နေတဲ့ စစ်ကောင်စီတပ်တွေကြောင့် တိုက်ပွဲပြင်းထန်မှာကို စိုးရိမ်တဲ့ နမ့်ယားအထက်ဘက်ရှိ ကျေးရွာတွေကပြည်သူတွေ ကြိုတင်စစ်ဘေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
- မိုးညှင်းမြို့နယ် ဟိုပင်မြို့အရှေ့ဘက် KIA တပ်ရင်း ၄၁ ရဲ့နေရာတစ်နေရာမှာ KIA ဝန်ထမ်း လင်မယား ၂ ဦး သတ်ဖြတ်ခံရတဲ့အမှုကို ကျပ်ငွေသိန်း ၃၀၀ နဲ့ အဆုံးသတ် ဖြေရှင်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။