ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ ဦး ဒဏ်ရာရ

ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ ဦး ဒဏ်ရာရ

ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ကျေးရွာတစ်ရွာထဲ စစ်တပ်က ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်မှုကြောင့် အရပ်သား ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများနှင့် ကူညီပေးနေသူများက ပြောသည်။

ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ ပြည်သူလူထု နေထိုင်သော ကျေးရွာတစ်ရွာထဲ စစ်ကောင်စီ၏ အမှတ် (၁၄) တန်း မြင့် စစ်လေ့ကျင့်ရေးကျောင်းဖက်ကနေ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ သြဂုတ်လ (၂၃) ရက်နေ့က ဒရုန်းသုံးပြီး ဗုံးကြဲတိုက်ခိုက်မှုထဲ ကလေးများ ထိခိုက်ဒဏ်ရာ ရရှိသွားခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးက “ဒီမှာက တိုက်ပွဲလည်း ဘာမှ မဖြစ်ဘူး။ အခုက တမင်ပစ်သွားတယ်လို့ ပြောလို့ရတယ်။ အခု က ဒီဒရုန်းနဲ့ လာပစ်သွားတာမျိုးပါ။ လူထုက ပြေးဖို့ဆိုလည်း အဆင်မပြေဘူးလေ။ သူတို့က တိုက်ပွဲ မဖြစ်ရင် လည်း ပစ်တယ်။ တိုက်ပွဲဖြစ်ရင်လည်း ပစ်တယ် အဲ့လိုမျိုးပါ” ဟု ပြောသည်။

စစ်ကောင်စီက ဒရုန်းသုံး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာထဲရှိ နေအိမ်တစ်လုံး ထိခိုက်ပျက်ဆီးခဲ့ပြီး အသက် ၁၀ နှစ် အရွယ် တစ်ဦး၊ အသက် ၉ နှစ်အရွယ် တစ်ဦး နှင့် အသက် ၈ နှစ်အရွယ် တစ်ဦး စုစုပေါင်း ကလေးငယ် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာရရှိသွားသူ ကလေးငယ် ၃ ဦးထဲက တစ်ဦးမှာ စိုးရိမ်ရသည်ဟု KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးဌာန ထုတ်ပြန်ထားသည်။

ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီ ဒရုန်းနှင့် တိုက်ခိုက်ခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ ကူညီပေးနေသူ အမျိုးသမီးတစ်ဦးက “စစ်တပ်ဘက်က တမင်အရပ်သား ပြည်သူတွေနေတဲ့ နေရာကို ပစ်တာပါ။ အခုကဆိုရင် ဒီမနေ့က ဖြစ်စဉ်မှာ စစ်တပ်က Drop Bomb ကို သုံးခဲ့တယ်။ ဒီလိုမျိုး Drop Bomb ကို သုံးတာက အခုမှ တော့ မဟုတ်ပါဘူး။ သူတို့က ဒီ ၂၀၂၃ အစပိုင်းကတည်းက သုံးနေကြတာ။ ကျမတို့ ပြည်သးတွေကတော့ စိတ် ပူကြတယ်။ ကြောက်ကြတယ်။ ကျမတို့လည်း ဖြစ်ဖြစ်ချင်းဆို ကြောက်တာပေါ့နော်” ဟု ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားပြည်သူများ နေထိုင်သော ကျေးရွာများထဲ မကြာခဏ လက်နက်ကြီးနှင့် ပစ်ခက်ခြင်း၊ ဒရုန်းသုံး လာရောက်ဗုံးကြဲခြင်းများ ပြုလုပ်နေပြီး အရပ်သားများကို ရန်သူကဲ့သို့ ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု KNDF က ဆိုသည်။

အဆိုပါ လုပ်ရပ်များမှာ စစ်ကောင်စီအနေဖြင့် စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေခြင်း ဖြစ်သည်ဟု KNDF က ဆိုသည်။

အာဏာသိမ်းစ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ ကရင်နီပြည်ထဲ စစ်ရေး၊ နိုင်ငံ ရေး၊ လူ့အခွင့်အရေးအချိုးဖောက်ခံရများအနက် အရပ်သားပြည်သူ သတ်ဖြတ်ခံသူ ၃၇၅ ဦး ရှိခဲ့ပြီး ဖြစ်သည်။

အလားတူ လေကြောင်းတိုက်ခိုက်မှုပေါင်း ၅၇၂ ကြိမ်ရှိပြီဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစုပါတီ PKPF က ဩဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...