Published
Friday, August 25, 2023
ဖလမ်းမြို့နယ်အတွင်းက CNF/CNA တပ်စခန်းနဲ့ဂိတ်တွေ ပြန်လည်ရုပ်သိမ်းပေးဖို့ CNO/CNDF တောင်းဆို
- ဖလမ်းမြို့နယ်အတွင်းက ချင်းအမျိုးသားတပ်ဦး(CNF/CAN)တပ်စခန်းနဲ့ဂိတ်တွေ ပြန်လည်ရုပ်သိမ်းဖို့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/ CNDF)က တောင်းဆိုလိုက်ပါတယ်။
- ကလေးမြို့နယ်တောင်ပိုင်း သာစည်ကျေးရွာကို စစ်ကောင်စီတပ်က တစ်ပတ်ကြာ မီးရှို့မှုကြောင့် ခန့်မှန်ခြေ ပြည်သူ့နေအိမ် ၁၀၀ ကျော် မီးလောင်ပြာကျသွားတဲ့အပြင် သာစည်ရွာနဲ့ အနီးတစ်ဝိုက်ရွာတွေက ထောင်နဲ့ချီတဲ့ပြည်သူတွေ ဘေးလွတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
- ကလေး-ဂန့်ဂေါကားလမ်းနဲ့ မဟာမြိုင်ကားလမ်းတွေ ပိတ်ထားတာကြောင့် အခုရက်ပိုင်းအတွင်း ကလေးမြို့ပေါ်မှာ အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီစျေးနှုန်းမြင့်တက်နေသလို ဝယ်ယူဖို့တောင် ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။