လက်ခတ်တောင်စခန်းကုန်းကို လေကြောင်းတိုက်ခိုက်ပြီး ထပ်မံစစ်ကြောင်းထိုးရန် စစ်ကောင်စီတပ် ပြင်ဆင်

လက်ခတ်တောင်စခန်းကုန်းကို လေကြောင်းတိုက်ခိုက်ပြီး ထပ်မံစစ်ကြောင်းထိုးရန် စစ်ကောင်စီတပ် ပြင်ဆင်

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA ပူးပေါင်းတပ်များ တပ်စွဲထားသည့် လက်ခတ်တောင် စစ်စခန်းကုန်းပေါ်သို့ ဩဂုတ်လ ၁၈ရက်၊ နေ့လည် ၁ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် စစ်ကောင်စီတပ်က လေ ကြောင်းမှ တိုက်လေယာဥ်မှ တိုက်ခိုက်ခဲ့သည်။

ပေါင် ၅၀၀ ဖျက်အားပြင်း ဗုံး ၂ လုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်စစ်ကြောင်းများ မြေပြင်ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။

“လေယာဥ် ၃ စီးလာတယ်။ ဗုံးကြီး ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲတယ်။ တောင်ပေါ်က ဘုရားဆောင် တိုက်ဆောင် တစ်ခု နံရံတွေ ပွင့်ထွက်ပျက်စီးတယ်။ အဆောင်ဘေး နေရာတွေမှာတော့ ဗုံးကြီးကျတာတွင်းချိုင့်ကြီးတွေ ဖြစ် ကုန်တယ်။ လူတော့ ထိခိုက်တာမရှိဘူး” ဟု KNLA ပူးပေါင်း စစ်ကြောင်း သတင်းအရင်းအမြစ်က ပြောသည်။

ထို့အပြင် လေကြောင်းမှ ဗုံးကြဲသည့် ဗုံးကြီးတစ်လုံးမှာ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGF တပ်များ ယာယီတပ်စွဲထားသည့် နေရာအနီး ကျရောက်ပေါက်ကွဲသဖြင့် ထိခိုက် သေဆုံးဒဏ်ရာ ရရှိမှုများရှိကြောင်း ကနဦး သတင်းများ ပျံ့နှံ့နေသော်လည်း ကေအိုင်စီ - ကရင် သတင်းဌာနအနေဖြင့် သီးခြား စုံစမ်း အတည်ပြု နိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

လတ်တလောတွင် စစ်ကောင်စီတပ်က မဲကနယ်၊ တုံးတံတား၊ ကျောက်လုံးကြီး ကျေးရွာဘက်က လက်ခတ် တောင်ပေါ်သို့ တောင်တက်လမ်းများအတိုင်း စစ်ကြောင်းထိုး စစ်ဆင်တိုက်ခိုက်ရန် စစ်ရေးလှုပ်ရှားမှု ရှိနေသည့် အတွက် တိုက်ပွဲပြင်းထန်မည့် အရိပ်အယောင်တွေ့ရှိရသည်ဟု KNLA ပူးပေါင်းတပ်များဘက်က ပြောဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့များ သိမ်းထားသည့် လက်ခတ်တောင်ဘုးရားကုန်း စစ်စခန်းအား ပြန်လည်ရရှိရန် ပြီးခဲ့သည့် ဩဂုတ်လ ၁၅ရက်နေ့က လေကြောင်း၊ မြေပြင်စစ်ကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် စစ်ကောင်စီက ထိုးစစ် ဆင်တိုက်ခိုက်မှု အပြင်းအထန် လုပ်ဆောင်ခဲ့သော်လည်း အကျအဆုံး များပြားခဲ့သဖြင့် တပ်နောက်ပြန် ဆုတ်ခဲ့ရ ကြောင်း KNLA ပူးပေါင်းတပ် ထုတ်ပြန်ချက်များအရ သိရသည်။

မြဝတီမြို့အနီးရှိ စစ်ကောင်စီတပ်၏ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကို ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့ တွင် KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

Most read this week

October 29, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့၊ အမှတ်(၃)ရပ်ကွက်တွင် စစ်ကောင်စီက ၎င်းတို့၏...
October 29, 2024
မြဝတီ-ကေ့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်းဘက်သို့စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လေကြောင်း၊...
October 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ...
October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...