ရှမ်းတောင်တွင် လိုအပ်ပါက ပြည်သူ့စစ်ဖွဲ့ရန် Non CDM ဝန်ထမ်းစာရင်း ပြုစုတင်ပြရန် စစ်ကောင်စီညွှန်ကြား

ရှမ်းတောင်တွင် လိုအပ်ပါက ပြည်သူ့စစ်ဖွဲ့ရန် Non CDM ဝန်ထမ်းစာရင်း ပြုစုတင်ပြရန် စစ်ကောင်စီညွှန်ကြား
ရှမ်းတောင်ရှိ ဝန်ထမ်းများ စာရင်းပြုစုရန် ညွှန်ကြားစာ
ရှမ်းတောင်ရှိ ဝန်ထမ်းများ စာရင်းပြုစုရန် ညွှန်ကြားစာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း လိုအပ်ပါက ပြည်သူ့စစ် ဖွဲ့စည်းရန် စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းများ စာရင်းကို ဩဂုတ်လ ၁၇ ရက်နေ့ နောက်ဆုံးထား ပြုစုတင်ပြရန် ညွှန်ကြားထားကြောင်း စာတစ်စောင်ပေါက်ကြားလာသည်။

တောင်ကြီးခရိုင်၊ ကလောခရိုင်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့ တွင် ရှိသည့် Non CDM ဝန်ထမ်းစာရင်းပြုစုရန် ညွှန်ကြားထားသည့် စာ ပေါက်ကြားလာခြင်းဖြစ်သည်။

“အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေအတွင်း ပြည့်သူ့စစ် မဟာဗျူဟာ ဖော်ဆောင်ရန်အတွက် တပ်မတော် ၏ အရန်အင်အားများ ပြည်သူ့စစ်တပ်ရင်းအသွင်ဖွဲ့စည်းခြင်း၊ အင်အား အခြေအနေပေါ်မူတည်၍ တာဝန် ခွဲဝေပေး ခြင်းနှင့် အရေးကြုံလာပါက အရန်အင်အားများဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်မည့် အစီချက် ရေးဆွဲ တင်ပြရမည်” ဟု ယင်းပေါက်ကြားလာသည့်စာအတွင်း ရေးသားထားသည်။

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များမှအပ ခရိုင်ရုံးနှင့် မြို့နယ်အလိုက် ဝန်ထမ်း စာရင်း များအား ပြုစုပေးရန် ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း၏ လက်မှတ်ဖြင့် ဌာန ဆိုင်ရာရုံးများသို့ ယခုလဆန်းပိုင်းတွင် ပေးပို့ထားခြင်း ဖြစ်သည်။

စစ်ကောင်စီသည် နိုင်ငံတဝှမ်း စစ်မျက်နှာဖွင့်ထားရသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဒေသများအား ထိန်းချုပ် နိုင်ရန် အင်အား မလုံလောက်မှုကြောင့် ယခုကဲ့သို့ ပြည်သူ့စစ်ဖွဲ့ရန်အတွက် Non CDM ဝန်ထမ်း စာရင်းများ ကောက်ယူခြင်းဖြစ်ကြောင်း ရွာငံမှ ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ပင်းတယ၊ ရွာငံတွင် စစ်အာဏာသိမ်းစကာလ၌ ဝန်ထမ်းအများစု CDM လုပ် ကြသော်လည်း အချို့သည် အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီလက်အောက်တွင် အလုပ်ပြန် လုပ်နေကြ သည်။

ယခုကဲ့သို့ ပြည်သူ့စစ်လုပ်ရန် စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ Non CDM ဝန်ထမ်းများလည်း မကျေနပ်ကြ ကြောင်း ဒေသခံအချို့က ပြောသည်။

“ဘာလို့ဆို သူတို့လည်းအစကတည်းက စစ်ကောင်စီကိုမကြိုက်ကြတာ အမှန်ပဲပေါ့နော်။ မတတ်သာလို့ သာ Non CDM ပြန်ဖြစ်သွားကြတာ” ဟု ရွာငံမှ သတင်းအရင်းအမြစ်က ပြောသည်။

ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) မှ တာဝန်ရှိသူတဦးကလည်း စစ်ကောင်စီလက်အောက်တွင် အလုပ် လုပ်နေကြသည့် Non CDM ဝန်ထမ်းများအနေဖြင့် ပြည်သူဘက် (သို့မဟုတ်) စစ်ကောင်စီဘက်၌ ရပ်တည်ရန် တရားဝင်ရွေးချယ် ဆုံးဖြတ်ရမည့် အချိန်ရောက်ရှိပြီဟု သတိပေးသည်။

“ဒီအချိန်မှာ ထွက်စာတင်တာ CDM လုပ်တာတွေမီပါသေးတယ်။ Non CDM တွေအနေနဲ့ ပြည်သူ့ဖက်က ရပ် တည်မလား စကစအလိုကျ ရှေ့ဆက် တာ၀န်ထမ်းမလားဆိုတာ တရား၀င်တိတိပပ ဆုံးဖြတ်ရမယ့် အချိန်ဆိုတာ Non CDM တွေ ကောင်းကောင်းသိပါလိမ့်မယ်” ဟု DPLF မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေများဖြစ်သည့် တောင်ကြီး၊ ကလော၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် လတ်တလော၌ စစ်ကောင်စီနှင့် တော်လှန်ရေး အင်အားစုများ အကြား တိုက်ပွဲပြင်းထန်ခြင်းမရှိပေ။

သို့သော် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) ဖွဲ့စည်းထားကြောင်း ဇူလိုင်လ ၂၉ ရက်နေ့က ကြေညာ ပြီး နောက်ပိုင်းတွင် စစ်ကောင်စီမှ လုံခြုံရေးတိုးမြင့်ကာ ရွာငံ၊ ပင်းတယနယ်ဘက်တွင် အိမ်များကို မီးရှို့ခြင်း၊ ဒေသခံများအား ဖမ်းဆီးခြင်းများ ပြုလုပ်လာကြောင်း ဒေသခံများက ပြောသည်။

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...