မြန်မာကုလသံအမတ်ကြီးလုပ်ကြံရန်ကြိုးပမ်းသူ အပြစ်ရှိကြောင်း နယူးယောက် တရားရုံး အမိန့်ချ

မြန်မာကုလသံအမတ်ကြီးလုပ်ကြံရန်ကြိုးပမ်းသူ အပြစ်ရှိကြောင်း နယူးယောက် တရားရုံး အမိန့်ချ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ပါဝင်ပတ် သက်တယ်လို့ စွပ်စွဲခံရသူ မြန်မာနိုင်ငံသား ဖြိုးဟိန်းထွဋ်ကို အပြစ်ကျူးလွန်ကြောင်း တွေ့ရှိတယ်လို့ နယူး ယောက်မြို့ ဖယ်ဒရယ်တရားရုံးက အမိန့်ချလိုက်ပါတယ်။

နယူးယောက်မြို့ ဖယ်ဒရယ်တရားသူ ကြီး Nelson S.Roman ရှေ့မှောက်မှာ ရှစ်ရက်ကြာ ကြားနာစစ်ဆေးမှုတွေ လုပ်ခဲ့ပြီးနောက် သူ့မှာအပြစ်ရှိ ကြောင်းတွေ့ရှိခဲ့တာလို့ နယူးယောက်တောင်ပိုင်းခရိုင် ရှေ့နေချုပ်ရုံးက ဇူလိုင် ၂၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လာတာဖြစ်ပါတယ်။

နယူးယောက်မြို့မှာနေထိုင်တဲ့ ကိုဖြိုးဟိန်းထွဋ်ဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဒဏ်ရာအနာတရဖြစ်အောင်၊ အသက်အန္တရာယ်ဖြစ်အောင် လုပ်ကြံဖို့ ကြံစည်ရာမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့တဲ့ အတွက် ပြစ်မှုကျူးလွန်ခဲ့တာ ထင်ရှားကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာရှိတဲ့ တောင်ပိုင်း ခရိုင် တရားရုံးက အမိန့်ချလိုက်တာဖြစ်ပါတယ်။

ကိုဖြိုးဟိန်းထွဋ်ဟာ နယူးယောက်မြို့မှာရှိတဲ့ သံအမတ်ကြီးရဲ့ ရုံးအဖွဲ့လုံခြုံရေး စေတနာ့ဝန်ထမ်းအဖြစ် ဝင် ရောက်လုပ်ကိုင်ခဲ့ပြီး သံအမတ်ကြီးနဲ့ ရုံးဝန်ထမ်းတွေရဲ့ ရုံးတွင်း သတင်းအချက်အလက်တွေကို ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ မြန်မာစစ်တပ်ရဲ့ လက်နက်ပွဲစားတစ်ဦးဆီ ပေးပို့ခဲ့တဲ့အပြင်၊ သံအမတ်ကြီးကို ရာထူးကနေ နုတ်ထွက် သွားတဲ့အထိ ထိခိုက်အနာတရဖြစ်အောင်လုပ်ဖို့ လုပ်ကြံသူတွေကို ငှားရမ်းဆောင်ရွက်ဖို့အတွက် ဒီလက်နက် ပွဲစားဆီက ငွေကြေးတွေ လက်ခံရယူခဲ့တာ ထင်ရှားတယ်လို့ ဇူလိုင်လ ၂၄ ရက် ဒီကနေ့ညနေပိုင်း တရားရုံး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလုပ်ရပ်တွေအတွက် သူ့ကို အရေးယူအပြစ်ပေးသင့်ကြောင်း အမှုကြားနာတဲ့ ဂျူရီအဖွဲ့က တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တယ်လို့ နယူးယောက်တောင်ပိုင်းခရိုင် တရားရုံးက အစိုးရရှေ့နေ Damian Williams က ပြောပါ တယ်။

နိုင်ငံရပ်ခြားအရာရှိတဦးကို တိုက်ခိုက်ဖို့ ကြံစည်တယ်ဆိုတဲ့ စွဲချက်အရဆိုရင် သူ့ကို ထောင်ဒဏ် ငါးနှစ်အထိ အများဆုံး ပြစ်ဒဏ်ပေးနိုင်တယ်လို့ တရားရေးဌာန ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒီပြစ်မှုအတွက် ပြစ်ဒဏ်ကိုတော့ လာမယ့် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှာ တရားသူကြီး Roman ကပဲ အမိန့်ချမှာဖြစ်တယ်လို့ တရားရေးရုံးထုတ်ပြန်ချက်က ဖော်ပြပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ နယူးယောက်မြို့မှာနေတဲ့ အသက် ၂၈ နှစ်အရွယ် ဖြိုးဟိန်းထွဋ်နဲ့ အသက် ၂၀ အရွယ် ရဲဟိန်းဇော်တို့ နှစ်ဦးကို ၂ဝ၂၁ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့မှာ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးအဖွဲ့ (FBI) က ဖမ်းဆီးခဲ့တာပါ။

ဒီအမှုမှာပါတဲ့ နောက်ထပ်တရားခံ တစ်ယောက်ဖြစ်တဲ့ ရဲဟိန်းဇော်ကတော့ အပြစ်ရှိကြောင်း ဝန်ခံခဲ့လို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလအတွင်းက တရားရုံးက အမှုစစ်ဆေးပြီးတာနဲ့ ချက်ချင်း ပြည်နှင်ဒဏ်ပေးပြီးပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းမှုကို ဆန့် ကျင်ပြီး အာဏာသိမ်းခံရတဲ့ အရပ်သားအစိုးရကိုပဲ ကိုယ်စားပြု‌ကြောင်း ကုလသမဂ္ဂမှာ ရပ်တည်ခဲ့သူဖြစ်ပြီး စစ်ကောင်စီဖက်က ကိုယ်စားပြုမှု တင်သွင်းသူကို ကုလသမဂ္ဂ အထွေထွေညီလာခံက လက်မခံတဲ့အတွက် ဦးကျော်မိုးထွန်းဟာ မြန်မာကိုယ်စားပြု သံအမတ်ကြီးအဖြစ် ကုလသမဂ္ဂမှာ ဆက်ရှိနေတာ ဖြစ်ပါတယ်။

Most read this week

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...