ရွှေဆိုင် ဗုံးကွဲပြီးနောက် ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းခံရ

ရွှေဆိုင် ဗုံးကွဲပြီးနောက် ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းခံရ
ဓါတ်ပုံ - ရဲနိုင် (Facebook)
ဓါတ်ပုံ - ရဲနိုင် (Facebook)

လူတစ်ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရှိခဲ့သည့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ မြို့မစျေးကြီးထဲက ဇွဲထက်ရွှေဆိုင် ဗုံးပေါက်ကွဲမှု နောက်ပိုင်းတွင် ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်။

ပေါက်ကွဲမှု ဖြစ်ဖြစ်ချင်းနေ့တွင် အမျိုးသား ၂ ဦး အရင်ဆုံးဖမ်းဆီးခံခဲ့ရပြီးနောက် အခြား ထပ်မံ ဖမ်းဆီးခံရသူ များမှာ လားရှိုးမြို့က လူငယ်များနှင့် CDM ဝန်ထမ်းများ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက “အဖမ်းခံရတဲ့လူတွေက ရပ်ကွက် ၉ ကလူတွေများတယ်။ ဆရာမကြီးတွေ လည်း ပါတယ်။ အဲ့ဒီဆရာမကြီးတွေက CDM ဝန်ထမ်းတွေပါ။ နောက်ပြီး ဖြစ်ဖြစ်နေ့က ဖမ်းခံရတဲ့ အမျိုး သား နှစ်ယောက်က ရှမ်းလို့ပြောတယ်။ ဖမ်းခံရတဲ့ထဲ ဒီပလောင် တအာင်းလူငယ်လည်း နှစ်ယောက်လောက် ပါတယ်။ တခြားတွေကတော့ ဘူတာစျေးကနေ ဖမ်းသွားကြတာ။ ပေါက်ကွဲမှုဖြစ်ပြီး စစ်ဆေးမှုတွေလုပ်နေတဲ့ အချိန် လူအုပ်စုလိုက်ကို အဲ့ဒီ ဘူတာစျေးကနေ ခေါ်သွားတာပါ” ဟု ပြောသည်။

ဇူလိုင်လ ၁၅ ရက်နေ့၊ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် ဇွဲထက်ရွှေဆိုင်မှ ဆိုင်ဝန်ထမ်းများ ဆိုင်ဖွင့်ရန်အတွက် တံခါးဖွင့်ချိန် ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး တစ်ဦး သေဆုံးကာ ဝန်ထမ်း ၁၁ ဦး အပါအဝင် ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက “အဲ့ဒီနေ့ မနက်ပိုင်းမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်တယ်ပေါ့နော်။ ဘယ်နားမှာ ပေါက် ကွဲလည်း ကြည့်လိုက်တဲ့အချိန်မှာ လားရှိုးမြို့မ စျေးကြီးထဲရှိ ဇွဲထက်ရွှေဆိုင်ရှေ့မှာပဲ ပေါက်ကွဲတာ” ဟု ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဆိုင်ထဲက ဝန်ထမ်း အမျိုးသား ၆ ဦး၊ အမျိုးသမီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် အခြားပြည်သူ ၃ ဦးလည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

ထို့အပြင် အနီးရှိ ဆိုင်ကယ် ၂စီးလည်း ပျက်စီးသွားသည်။ အလားတူ ဇွဲထက်ရွှေဆိုင် အနီးရှိ အခြားဆိုင်ခန်း ၃ ခန်းခန့်လည်း ဗုံးပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည်။

“ဇွဲထက်ဆိုင်က မျက်နှာချင်ဆိုင် နှစ်ဆိုင်ရှိတယ်။ ဆေးရုံကနေ ဆင်းလာရင် ပေါက်ကွဲတဲ့ဆိုင်က ညာဘက်က ဆိုင်က ဖြစ်တယ်။ ဒါပေမယ့် မျက်နှာချင်းဆိုင် ဖြစ်နေတော့ နှစ်ဆိုင်စလုံး ထိခိုက်ပျက်စီးသွားတယ်။ ဗုံးက တစ် လုံးပဲ အသံကြားမိတယ်။ ပေါက်ကွဲပြီးနောက် ဆေးရုံကနေ ဆင်းလာတဲ့လမ်း စစ်တပ်နဲ့ ရဲတွေက လမ်းကြော တွေ ပိတ်ထားပါတယ်။ အခုက ပြန်ဖွင့်ပြီးလာတော့ မသိဘူး” ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

ထိုသို့ ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်နေချိန်အတွင်း ရပ်ကွက် ၁၀ တွင် နေထိုင်သူ အမျိုးသားတစ်ဦးနှင့် ရပ်ကွက် ၉ မှ အိုက်ခမ်းဆိုသူ အမျိုးသားတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။

ထို့နောက် လားရှိုးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း အမှတ် - ၉ အနီးတွင် နေထိုင်သူ CDM ပညာရေး ဝန်ထမ်း အမျိုးသမီးတစ်ဦးနှင့် ရပ်ကွက် ၉ မှ အခြားဒေသခံများကိုလည်း ဖမ်းဆီးသွားသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လားရှိုးမြို့တွင် လုံခြုံရေးတင်းကြပ်ထားပြီး လမ်းမများတွင် သွားလာနေသည့် ဒေသခံများကိုလည်း တားဆီးစစ်ဆေးမှုများ ယနေ့အချိန်ထိ ပြုလုပ်နေကြသည်ဟု ဆိုသည်။

ထို့သို့ တားဆီးစစ်ဆေးမှုများလုပ်ချိန် တအာင်းလူငယ်တစ်ဦးလည်း ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံ တအာင်း လူငယ်အသိုင်းအဝိုင်းထံမှ သိရသည်။

ဇူလိုင်လ ၁၅ ရက်နေ့က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် လားရှိုးမြို့ မြို့မစျေးကြီးထဲက ဇွဲထက်ရွှေဆိုင်မှာ စစ် ကောင်စီ အသိုင်းအဝိုင်းမှ အရာရှိတစ်ဦးက ပိုင်ဆိုင်သည်ဟု ဒေသခံအချို့က ပြောဆိုနေသော်လည်း သတင်းနှင့် မီဒီယာကွန်ရက် သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပေ။

ယခုပေါက်ကွဲမှုအပြင် ဇွန်လအတွင်းကလည်း လားရှိုးမြို့ရှိ Fully Light Hotel တွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ်၊ Golden Hill Hotel မှ ဗုံးပေါက်ကွဲမှု တစ်ကြိမ်နှင့် အသောက စက်သုံးဆီပန့်ဆိုင်တွင် ပေါက်ကွဲမှု တစ်ကြိမ် ဖြစ်ပွားခဲ့သေးသည်။

Most read this week

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...