စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်နေမှုကြောင့် ကြာအင်းဆိပ်ကြီးဒေသခံ ထောင်ချီ

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်နေမှုကြောင့် ကြာအင်းဆိပ်ကြီးဒေသခံ ထောင်ချီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် (ကရင်အမျိုးသား အစည်းအရုံး KNU အုပ်ချုပ်နယ်မြေ၊ ဒူးပလာခရိုင်၊ ဝင်းရေးမြို့နယ်) အတွင်း စစ်ကောင်စီအမြောက်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ထောင်နှင့် ချီသည့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာအခြေစိုက် စစ်ကောင်စီ အမြှောက်တပ် (၃၁၈) မှ ဇွန်လ ၂၈ ရက်နေ့မှ စပြီး ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ ခလယ်၊ တံခွန်တိုင်၊ ပုလိန်မြို့ဟောင်း၊ ငြိမ်းချမ်းမြိုင်ကျေးရွာများဘက် လက်နက်ကြီးများဖြင့် နေ့စဥ်လိုလို ပစ်ခတ်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇူလိုင်လ ၂ ရက်နေ့၊ နံနက်ပိုင်းကလည်း အမြှောက်တပ် (၃၁၈) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ပုလိန်မြို့ဟောင်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သေးသည်။

“အဘစ်အမြှောက်တပ်ကနေ လက်နက်ကြီးတွေနဲ့ နေ့ရော ညရော ပစ်နေတယ်။ လက်နက်ကြီးတွေကလည်း ရွာထဲမှာကျ နေအိမ်တွေ ဘာတွေထိနေတော့ လူတွေကလည်း မနေရဲကြတော့ဘူး။ ဘေးလွတ်ရာကို ပြေးကုန် ကြတာပေါ့” ဟု ခလယ်-တံခွန်တိုင်ဒေသခံတစ်ဦးက ပြောသည်။

၎င်းပြင် ယခုရက်ပိုင်းအတွင် စစ်ကောင်စီ စစ်ကြောင်းများ ခလယ်-တံခွန်တိုက်ဘက် စစ်ကြောင်းထိုး ဝင်ရောက် လာနေသည်ဟုလည်း ဒေသခံများက ပြောသည်။

စစ်ကောင်စီအမြောက်တပ်မှ ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ကြာအင်းဆိပ် ကြီးမြို့နယ် အတွင်းရှိ ပုလိန်၊ ခလယ်၊ တံခွန်တိုင်၊ နန်းသိုင်းထွန်း အစရှိသည့် ကျေးရွာများမှ ဒေသခံများ ကြောက်လန့်ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထွက်ပြေး တိမ်းရှောင်နေရသည့် ဒေသခံပြည်သူများ စားဝတ်နေရေး အခက်အခဲများအပြင်  ကျန်းမာရေး စောင့်ရှောက်မှုများလည်း အရေးပေါ် အကူအညီလိုအပ်နေကြသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ကလည်း အမြှောက်တပ် (၃၁၈) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် တံခွန်တိုင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အရွယ် လူငယ်နှစ်ဦး ကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့သေးသည်။

ကေအဲန်ယူ ဒူးပလာယာခရိုင်အတွင်း ပြီးခဲ့သည့် မေလက စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ်၊ လက်နက်ကြီးများဖြင့် ၁၀၂ ကြိမ်ခန့် ပစ်ခတ်တိုက်ခဲ့ခြင်းပြီး ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၁၇ ဦး ဒဏ်ရာရရှိပြီး၊ ၁၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့သည်ဟု ကေအဲန်ယူ ဗဟိုက ထုတ်ပြန်ထားသည်။ 

Most read this week

အမေရိကန်နိုင်ငံ Fort Wayne မြို့ရှိ Purdue တက္ကသိုလ်နှင့် မွန်အမျိုးသားကောလိပ် MOU လက်မှတ် ရေးထိုးနိုင်ရေး ဆွေးနွေးနေကြစဉ်  ပုံခရက်တစ် - မွန်အမျိုးသားကောလိပ်
November 6, 2024
မွန်အမျိုးသားပညာရေးကော်မတီ MNEC လက်အောက်ရှိ မွန်အမျိုးသားကောလိပ်အနေဖြင့် ၂၀၂၄...
November 6, 2024
စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝှမ်းတွင် အောက်တိုဘာလအတွင်း အမျိုးသမီး ၇၁ ဦး...
November 5, 2024
စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေကြသည့် မွန်တော်လှန်ရေးတပ်ဖွဲ့များအားလုံး ပူးပေါင်းပြီး...
November 5, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းက ရော်ဘာလုပ်ငန်း လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းလုပ်သားနှင့်...