Published
Thursday, June 29, 2023
စစ်ကောင်စီကို နှင်ထုတ်မယ့် “အဲဒိုပေါ်မီ မိစ္ဆာနှင်ပွဲ”ကမ်ပိန်း
- အမျိုးသမီးအပါအဝင် အရပ်သားသေဆုံးမှုကို ရှုတ်ချပြီး ရာဇဝတ်မှုကျူးလွန်သူတွေကို နိုင်ငံတကာခုံရုံးမှာ အပြစ်ပေးနိုင်တဲ့အထိ ဆောင်ရွက်သွားမယ်လို့ အမျိုးသမီးအစုအဖွဲ့တွေက ပြောဆိုလိုက်ပါတယ်။
- စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် ဖားဆောင်းမြို့နယ်မှာ အရပ်သား ၄ ဦး သေဆုံးခဲ့ပါတယ်။
- ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ရဲ့ မောင်းသူမဲ့လေယာဉ်ဌာန(UAV) က “အဲဒိုပေါ်မီ မိစ္ဆာနှင်ပွဲ”ကမ်ပိန်းကို ပြုလုပ်နေပါတယ်။ အဲဒီကမ်ပိန်းကို ဘယ်လိုရည်ရွယ်ချက်နဲ့ ပြုလုပ်နေသလဲဆိုတာကို တင်ဆက်ပေးမှာဖြစ်ပါတယ်။