အဘစ်စခန်းမှ ပစ်ခတ်သည့်လက်နက်ကြီးကြောင့် ခလယ်-တံခွန်တိုင်ဒေသခံ ၃ ဦး ကျည်ထိမှန်

အဘစ်စခန်းမှ ပစ်ခတ်သည့်လက်နက်ကြီးကြောင့် ခလယ်-တံခွန်တိုင်ဒေသခံ ၃ ဦး ကျည်ထိမှန်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီအမြောက်တပ်ရင်းမှ ကရင် ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာများသို့ ယမန်နေ့ ဇွန် ၁၉ ရက်နေ့ ညနေပိုင်း အချိန်တွင် လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်သည့်အတွက် ဒေသခံအရပ်သား ၃ ဦး ကျည်ထိ မှန်သွားပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရသည်ဟု ရွာသားများက ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကြီး ကျည်ကြောင့် တံခွန်တိုင်ကျေးရွာသား အသက် ၁၈ နှစ်အရွယ် မောင်လူပု၊ အသက် ၁၇ နှစ်အရွယ် မောင်မိုးဒီ နှင့် ပူးလိန်ရွာ ငြိမ်းချမ်းမြိုင်ရှိ အသက် ၁၆ နှစ်အရွယ် အမည်မသိရသေးသည့် အမျိုးသားတစ်ဦး ကျည်စထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်သည့်အတွက် အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း တံခွန်တိုင်ကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက ယနေ့တွင် ကေအိုင်စီ သို့ ပြောသည်။

“တံခွန်တိုင်ရွာက ညီအစ်ကို ၂ ယောက်စလုံးက တစ်ယောက်က ခါးမှာ နောက်တစ်ယောက်က လက်မှာ ထိမှန်ပြီး ကျည်စတွေ ကျန်နေတယ်။ ရုတ်တရက်လက်နက်ကြီးကျတော့ ကတုတ်ကျင်းထဲ ဆင်းပြေးရင်း ထိမှန်ကြ တာပါ။ မြို့ကိုတော့ ပို့ထားရတယ်။ ငြိမ်းချမ်းမြိုင်က တစ်ဦးက ခြေကျင်ဝတ်မှာ ကျည်စဝင်တယ်။ ရာဘာခြံ တဲမှာနေရင်း ကျည်ထိမှန်တာပေါ့နော်။ အမြောက်တပ်က ရွာထဲကို ခဏခဏလှမ်းပစ်တော့ ရွာမှာတောင် မနေရဲ ကြတော့ဘူး” ဟု ပြောသည်။

အဆိုပါ လက်နက်ကြီး ပစ်ခတ်မှု ပြုလုပ်သည့် စစ်ကောင်စီ၏ အဘစ်ရွာ အခြေစိုက် အမြောက်တပ် (အမတ ၃၁၈) တပ်ရင်းစခန်းတွင် ဟော်ဝစ်ဇာ (၁၂၂ မမ) အတွဲလိုက်ပစ် လက်နက်ကြီး နှစ်လက်နှင့် (၁၂ဝ မမ) လက်နက် ကြီး နှစ်လက်တို့ဖြင့် ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုများနှင့် မွန်-ကရင်နယ်စပ် တောင်ညိုတောင်တန်းရှိ ကျိုက် ကမော့ ဧရိယာတစ်လျှောက်ကို ပစ်မှတ်ချိန်ရွယ်ထားလျှက်ရှိသည်ဟု အဘစ် စခန်းတွင် ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား တစ်ဦးထံမှ သိရသည်။

အလားတူ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ကောင်စီ စခန်းအနီးရှိ နေထိုင်သည့် ဒေသခံများ လည်း ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း ၎င်းတို့ကို ကူညီပေးနေသည့် စစ်ရှောင် ကူညီသူ များထံမှ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU ဝင်းရေးမြို့နယ် အုပ်ချုပ်မှုနယ်မြေထဲတွင်ရှိသည့် ခလယ်၊ ပူးလိန်၊ ခလယ် ရွာလေး၊ ဘုရားငါးဆူ၊ မြို့ဟောင်း၊ နန်းသိုင်းထွန်၊ တံခွန်တိုင်ကျေးရွာတွင် အဘစ်အမြောက်တပ်စခန်းမှ လက် နက်ကြီးများဖြင့် ကျေးရွာထဲသို့ မကြာ ခဏ လှမ်းပစ်ခတ်လျှက်ရှိသည့်အတွက် ဒေသခံများ၏ ဥယျာဉ်ခြံများနှင့် နေအိမ်များ ထိမှန်ပျက်စီးပြီး စစ်ကောင်စီ စခန်းအနီးရှိ ကျေးရွာလူထုများလည်း စစ်ဘေးတိမ်း ရှောင်လာကြ သည်မှာ ၂ နှစ်နီးပါးရှိလာသည့်အထိ နေအိမ် မပြန်နိုင်ကြသေးကြောင်း စစ်ရှောင်ကူညီသူများက ဆိုသည်။

အလားတူ ပြီးခဲ့သည့် လများအတွင်း တံခွန်တိုင်ကျေးရွာ ရဲစခန်းဝင်းတွင် ခြေကုတ်ယူထားသည့် စစ်ကောင်စီ တပ်၊ နယ်ခြားစောင့် (BGF) တပ်တို့နှင့် အဘစ် အမြောက်တပ်ရင်းတို့သည် ကျေးရွာအတွင်းသို့ ၎င်းတို့ပစ်ခတ် သည့် လက်နက်ကြီးများ ကြောင့် တံခွန်တိုင်ရွာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး၊ နန်းသိုင်းထွန်ရွာ အမျိုးသမီးတစ်ဦးတို့ ကျည် ထိမှန်သေဆုံးခဲ့ဖူးပြီး ဒေသခံအရပ်သား ၁ဝ ဦးကျော်လည်း ကျည်ထိမှန်ဒဏ်ရာရခဲ့ သည်ဟု ကျေးရွာလူထု များထံမှ သိရသည်။

Most read this week

November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...