ကျိုက်ထို ကင်မွန်းချောင်နယ်မြေရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ

ကျိုက်ထို ကင်မွန်းချောင်နယ်မြေရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်း ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းက ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်။

ယမန်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်ခန့်က ကင်မွန်းချောင်းရဲစခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး ပစ်ချတိုက်ခိုက်ခဲ့ ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ထုတ်ပြန်ထားသည်။

ရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် လူထိခိုက်မှုရှိသည့်အပြင် စခန်းအဆောက်အအုံလည်း အများအပြား ထိခိုက်ပျက်စီးသွားကြောင်း ရဲတပ်ဖွဲ့မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“စခန်းထဲ တည့်တည့်ကျလာတာဆိုတော့ ထိခိုက်ဒဏ်ရာတာတော့ရှိတယ်။ သေဆုံးတာတော့ မရှိဘူး။ အဆောက်အအုံတွေ တော်တော်ပျက်စီးသွားတယ်” ဟု ဆိုသည်။

ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ရဲစခန်းဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှု ပြုလုပ် ခဲ့သေးကြောင်း ဒေသခံများက ပြောသည်။

“ရဲစခန်းဘက်မှာ ပေါက်ကွဲသံတွေ ဆက်တိုက်ကြားတယ်။ ပြီးတာနဲ့ ချက်ချင်းပဲ သူတို့ဘက်က လက်နက်ငယ် တွေရော လက်နက်ကြီးတွေနဲ့ပါ ပြန်ပစ်တော့တာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းရှိ စျေးဆိုင်များပိတ်ပြီး လမ်းတွင် လည်း လူအသွားအလာမရှိဖြစ်သွားကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ကင်မွန်းချောင်းနယ်မြေရဲစခန်းကို ကျိုက်ထို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း အဖွဲ့တို့က ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ကျိုက်ထီးရိုးဘုရားတောင်ခြေရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်းကို ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏ လာရောက် ပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်းလည်း ဒေသခံများက ပြောသည်။

Most read this week

November 8, 2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ...
November 7, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း ဗျူဟာတပ်စခန်းတိုက်ပွဲကြောင့် ထောင်နှင့်ချီ...
November 7, 2024
မွန်ပြည်နယ်အတွင်း စစ်ကောင်စီ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်...
အမေရိကန်နိုင်ငံ Fort Wayne မြို့ရှိ Purdue တက္ကသိုလ်နှင့် မွန်အမျိုးသားကောလိပ် MOU လက်မှတ် ရေးထိုးနိုင်ရေး ဆွေးနွေးနေကြစဉ်  ပုံခရက်တစ် - မွန်အမျိုးသားကောလိပ်
November 6, 2024
မွန်အမျိုးသားပညာရေးကော်မတီ MNEC လက်အောက်ရှိ မွန်အမျိုးသားကောလိပ်အနေဖြင့် ၂၀၂၄...