လုံခြုံရေးဦးစားပေးရ၍ မြေပြင်သပိတ်များ နည်းပါးလာခြင်းဖြစ်ဟု မြေပြင်သပိတ်အဖွဲ့များပြော

လုံခြုံရေးဦးစားပေးရ၍ မြေပြင်သပိတ်များ နည်းပါးလာခြင်းဖြစ်ဟု မြေပြင်သပိတ်အဖွဲ့များပြော

မြို့ပြတွင် မြေပြင်သပိတ်များ နည်းပါးလာခြင်းမှာ အရေးနိမ့်သွား၍ မဟုတ်ဘဲ လုံခြုံရေးဦးစားပေးလာရ၍ ဖြစ် ကြောင်း မြေပြင်သပိတ်အဖွဲ့အစည်းများက မဇ္ဈိမကိုပြောသည်။

တော်လှန်ရေးကာလ နှစ်နှစ်ကျော် ကြာမြင့်လာ ပြီးနောက် မြို့ပြများတွင် သပိတ်စစ်ကြောင်းများ နည်းပါးလာ ကြောင်း ပြည်သူများကပြောသည်။

ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း ဥက္ကဋ္ဌက မဇ္ဈိမကို “အရင် နိဒါန်းအစကဆို နေ့စဥ် အထွေထွ လူ ထု သပိတ်တိုက်ပွဲတွေ အဲ့ဒီကမှ သပိတ်စစ်ကြောင်းတွေ၊ အခုအချိန် ကြ ပြောက်ကျား သပိတ်တိုက်ပွဲတွေ ဒါ တွေဟာ နွေဦးတော်လှန်ရေးကာလ မြို့ပြသပိတ်တွေရဲ့ ဆင့်ကဲ ပြောင်း လဲမှု ဖြစ်စဥ်တွေပဲ ဖြစ်ပါတယ်။ သပိတ်တွေမှာ ပါဝင်တဲ့လူနည်းသွားတာ သပိတ်အရေအတွက် နည်းသွားတာတွေဟာ အရေးနိမ့်လာတာ မဟုတ် ဘဲ နိုင်ငံရေးရေချိန်နဲ့ လုံခြုံရေးဦးစားပေးမှု အခြေအနေတွေကြောင့် ဖြစ်ပါ တယ်” ဟူ၍ ဖြေကြား သည်။

မြို့ပြ တော်လှန်ရေး အင်အားစုများတွင် ငွေထောက်ပံ့ရရှိမှု နည်းပါးလာပါက လုံခြုံသည့်နေရာရရှိရန် ခက်ခဲလာ ပြီး မြို့ပြများတွင် နေထိုင်မှသာ မြို့ပြလှုပ်ရှားမှုများကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း Owl Community ‌ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် တော်လှန်ရေး အင်အားစုများသည် မြို့ပြတွင်နေထိုင်နိုင်ရန် ခက်ခဲလာ၍ မြို့ပြကို စွန့်ခွာသွားသည့် အဖွဲ့ များလည်းရှိသည်။

Owl Community ‌ဥက္ကဋ္ဌက “လှုပ်ရှားသူ အင်အားနည်းပါး လာတာကလည်း နေထိုင်မှု အခြေအနေနဲ့ ဖမ်းဆီး ခံရတာတွေကြောင့်ပဲ ဖြစ်ပါ တယ်။ ဖမ်းဆီးခံရတဲ့နောက်ပိုင်းမှာဆိုရင် အဖွဲ့အစည်းတိုင်းရဲ့ အင်အားဟာ နည်း ပါးလာတာ တွေ့ရပါတယ်။ နောက်ဆုံးခက်ခဲမှုက လုံခြုံရေးပိုင်းပါ။ လုံခြုံရေးဟာ အရင်ထပ်ပိုမို တင်းကြပ်လာ တဲ့ အတွက် မြို့ပြလှုပ်ရှားတဲ့ အဖွဲ့တိုင်းက နောက်ပိုင်း အချိန်တွေမှာလည်း ပိုမိုခက်ခဲ လာအုံးမယ်လို့ ထင်မြင်ပါ တယ်” ဟူ၍ ပြောသည်။

သပိတ်ဆိုသည်မှာ လူထုလှုံ့ဆော်ရေး လှုပ်ရှားမှုဖြစ်ပြီး ပြည်သူများအား စစ်ကောင်စီလက်အောက်တွင် နေသား မကျစေရန် အရဲစွန့်လှုံ့ဆော်မှုများပြုလုပ်ရကာ တစ်ဖက်တွင်လည်း စစ်ကောင်စီကမြေပြင်သပိတ်များမရှိအောင် လိုက်လံဖမ်းဆီးနေခြင်းကို ကြည့်ခြင်းအားဖြင့် မြေပြင်သပိတ်သည် အရေးပါကြောင်း သပိတ်အဖွဲ့အစည်း တာဝန်ရှိသူများက ဆိုသည်။

ရန်ကုန်လူထုသပိတ် ဦးဆောင်သူက “လူအများစုကတော့ အခုအချိန်မှာ မြေပြင်သပိတ်တွေ မထွက်သင့်တော့ ဘူး။ အသက်ကိုဒီထက်ပိုပြီး မစွန့်စားသင့်တော့ဘူး လို့ ပြောကြလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး ဒီစစ် ဖိနပ်အောက်က လွတ်မြောက်ဖို့ ကျွန်တော်တို့ကိုယ်တိုင် မြေပြင် သပိတ်နည်းလမ်း အပါအဝင် တော်လှန်ရေး အတွက် ကျရာနေရာ ကျရာတာဝန်ကို ထမ်းဆောင်ပြီး လှည်းနေ လှေအောင်း မြင်းစောင်းပါမကျန် လူထု လွတ် မြောက်ရေးအတွက် လူထုကပဲ အတူတကွ တိုက်ခိုက်ကြဖို့လိုအပ်ပါတယ်” ဟု ပြောသည်။

သပိတ်အဖွဲ့အစည်းများ အနေဖြင့် ယခင်ကလို မြေပြင်တွင် သပိတ်တိုက်ပွဲ ဖော်ဆောင်မှုများ ပြုလုပ်ရန် ခက်ခဲ ပင်ပန်းမှုများ ရှိလာသော်လည်း တော်လှန်ရေး၏ အရွေ့အပြောင်း ရေချိန် သဘောတရားအတိုင်း လှုပ်ရှားဖို့ အသင့်ရှိနေသည် ၎င်းက ဆိုသည်။

ပြောက်ကျား သပိတ်ဖော်ဆောင်ခြင်းများ၊ စာတန်းချိတ်ဆွဲခြင်း၊ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လူထုစည်းရုံးရေး၊ Boycott နှင့် Social Punishment ပြုလုပ်ခြင်းနှင့် လက်ကမ်း စာစောင်မျှဝေခြင်း၊ စတစ်ကာ ကပ်ခြင်း စသည့် နည်းလမ်းများကို အသုံးပြုပြီး အန္တရာယ်ကင်းစွာ ဆင့်ကဲ ပြောင်းလဲ၍ လှုပ်ရှားသွားကြမည် ဖြစ်သည်ဟု သပိတ် အဖွဲ့အစည်းများ က ဆိုသည်။

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...