နတ်သံကွင်းတိုက်ပွဲအပြီး ကျောက်ကြီးနှင့်မုန်းတွင် ကုန်ဈေးနှုန်းများ နှစ်ဆနီးပါးမြင့်တက်

နတ်သံကွင်းတိုက်ပွဲအပြီး ကျောက်ကြီးနှင့်မုန်းတွင် ကုန်ဈေးနှုန်းများ နှစ်ဆနီးပါးမြင့်တက်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်ရှိ ကျောက် ကြီးနှင့် မုန်းမြို့နယ်တို့တွင် နတ်သံကွင်း တိုက်ပွဲအပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွား၍ အခြေခံစား သောက်ကုန် ဈေးနှုန်းများ နှစ်ဆနီးပါးမြင့်တက်လာကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၆) ရက်နေ့တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ အကြားဖြစ်ပွားခဲ့သည့် နတ်သံကွင်းမြို့တွင်း တိုက်ပွဲတွင် တံတားကျိုး ကျ ပျက်စီးသွားပြီး နောက် သွားလာရေးနှင့်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းတို့အတွက် လှေများကိုသာ အသုံးပြုလာရပြီး စစ်ကောင်စီ က ဒေသအတွင်း ဆန်သယ်ဆောင်ခွင့် အား ကန့်သတ် ထားဆဲဖြစ်ခြင်းတို့ကြောင့် ကုန်ပစ္စည်း ပြတ်လပ်မှုများ ရှိ လာကြောင်း မုန်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “မုန်း-ကျောက်ကြီးကားလမ်းမကြီးနားမှာက တော်သေးတယ်။ တောင်ခြေမှာဆိုရင် ဆန်ဈေးပိုကြီးတယ်။ တံတားတွေသုံးလို့မရတော့ ကူးတို့လှေတွေနဲ့ သယ်ယူပို့ဆောင်ရေး လုပ်နေရတယ်။ ဆန်ရော၊ အခြားကုန် ပစ္စည်းတွေရော ဈေးကြီးတာအပြင် ပြတ်လပ်တဲ့ အထိပါဖြစ်ကုန်တော့ ဈေးတွေတက်ကုန်တာပါ” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် ယခင်ဆန်တစ်အိတ်ဈေး ငါးသောင်းဝန်းကျင်မှ ယခု ၈ သောင်းခွဲအထိ ပေးဝယ်နေရသလို စစ်တောင်း မြစ် အရှေ့ဘက်ကမ်းတွင် ဒေသခံများဆန်တစ်အိတ်၊ နှစ်အိတ်ဝယ်ယူလာသည်ကအစ စစ်ကောင်စီတပ်များက စစ်ဆေးရေးလုပ်ဆောင်နေပြီး ပါလာသောဆန်အိတ်များအား သိမ်းယူ ပြီးနောက် ငွေကျပ်ငါးထောင်၊ တစ်သောင်းဖြင့် ပြန်လည်ရွေးခိုင်းခြင်းများပါ လုပ်ဆောင်နေ ကြောင်း လည်း ဒေသခံများက ပြောသည်။

ဆက်လက်ပြီး စစ်ကောင်စီတပ်များက နတ်သံကွင်းမြို့အနီးတစ်ဝိုက်တွင် လက်နက်ကြီး ပစ်ခတ်မှုများ ဆက် လက်လုပ်ဆောင်နေဆဲဖြစ်သလို ပြီးခဲ့သည့် ဇွန်လ(၁၁)ရက်နေ့ညပိုင်းကလည်းရေတွင်း ကုန်းကြီးကျေးရွာတွင် လက်နက် ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ပြန်နေသည့် အမျိုးသားတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံး ခဲ့ကြောင်း ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

“ရေတွင်းကုန်းကြီးရွာကသူတွေက ညဆိုရင် သူတို့ရွာမှာမအိပ်ရဲကြဘူး။ နေ့ဘက်ကျတော့ အိမ်ခဏ ပြန်ပြီး ကျွဲ နွားပြန်ကြည့်ပေါ့။ ရွာထဲမှာ သန်သန်မာမာအမျိုးသားလောက်ပဲ ကျန်သူတွေမရှိဘူး။ အဲ့နေ့က ရွာသားတစ် ယောက်က အိမ်မှာအိပ်ကျန်နေခဲ့တာ လက်နက်ကြီး အိမ်နားကျလို့ ဆုံးသွားတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြော သည်။

လတ်တလော မုန်းမြို့နယ်ထဲတွင် စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်သည့် ပြည်သူနှစ်သောင်းကျော်ရှိ သည့်အနက် အများစုမှာ အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အို များဖြစ်ကြသည်။

လက်ရှိ ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ထောက်ပံ့ရေး ခက်ခဲလာသလို မိုးတွင်းကာလ ဖြစ်သည့်အတွက် အမိုးအကာ၊ စောင်၊ ခြင်ထောင်၊ ဆေးဝါးလိုအပ်ချက်များရှိကြောင်းနှင့် အဝတ် တစ်ထည် ကိုယ်တစ်ခုဖြင့် ပြေးလွှားလာရသော သူများအတွက် အဝတ်အစားအလှူရှင်များလည်း လိုအပ်နေ ကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၆) ရက်နေ့က နတ်သံကွင်းမြို့မရဲစခန်းနှင့် အနီးရှိစစ်ကောင်စီတပ်စခန်းများအား KNLA ပူး ပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်သည့်တိုက်ပွဲတွင် စစ်ကူမလာနိုင်ရန် ပူးပေါင်းတပ်များက ကျောက် ကြီး-နတ်သံကွင်းတံတားအပါအဝင် တံတား(၃)စင်းအား ဖျက်ဆီးခဲ့ပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် (၄၀) ဦး သေဆုံးသည့်အပြင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု ကေအဲန်ယူ၏ ဇွန်လ (၈) ရက်နေ့ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

အလားတူ စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုနှင့် နတ်သံကွင်းမြို့အတွင်း လေကြောင်းသုံး တိုက်ခိုက်မှု ကြောင့် ကျောက်ကြီးနှင့် မုန်းမြို့နယ်မှ ဒေသခံပေါင်း (၄,၀၀၀) ကျော် ဘေးလွတ်ရာသို့ ထွက်ပြေး ထပ်မံ တိမ်း ရှောင်နေခဲ့ရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

Most read this week

November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...