သံတောင်တွင် စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွားသော လူငယ်(၂)ဦး တစ်ပတ်ကြာသည်အထိ ပြန်မလွတ်သေး

သံတောင်တွင် စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်သွားသော လူငယ်(၂)ဦး တစ်ပတ်ကြာသည်အထိ ပြန်မလွတ်သေး

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၂)ထိန်းချုပ်နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ် (၁၃) မိုင်၊ စိုက်ပျိုးရေးတံတားတွင် ပြီးခဲ့သည့် ဇွန်လ (၅) ရက်နေ့က စစ်ကောင်စီ တပ်များ၏ ဖမ်းဆီးထိန်းသိမ်း ခြင်း ခံလိုက်ရသော အမျိုးသားလူငယ် (၂) ဦး တစ်ပတ်ကြာသည်အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေး ဘူးဟု သံတောင်မြို့ခံများက ပြောသည်။

ထိုနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်များသည် သံတောင်မြို့သစ် (၁၃)မိုင် စိုက်ပျိုးရေး တံတားမှ ဖြတ်သန်းသွား လာသော ကျွဲဖြူတောင်ကျေးရွာမှ ဒေသခံ (၇) ဦး၏ ဖုန်းများကို စစ်ဆေးပြီးနောက် (၅) ဦးကို ပြန်လွှတ်ပေး လိုက်သော်လည်း အသက် (၂၀) နှစ်နှင့် (၂၂) နှစ်အရွယ် အမျိုးသားနှစ်ဦးကိုမူ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ အချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးဘူးဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “ဘယ်ကိုဖမ်းခေါ်သွားတာလဲတော့မသိဘူး၊ ရွာသားတွေက တောင်ပေါ်ကနေဆင်းလာကြတာ ဖုန်းစစ် တော့ နိုင်ငံရေးနဲ့ပတ်သက်တာတွေ လူမှုကွန်ရက်ပေါ်မှာရှယ်လို့ဆိုပြီး ဖမ်းသွားတယ်။ ကြိုးတွေနဲ့ တုပ်ပြီး ရိုက် တယ်။ ပြန်လွှတ်ပေးလိုက်တဲ့သူတချို့ရဲ့မျက်နှာတွေဆိုလည်း ခြေထောက်နဲ့ အကန်ခံထားရလို့ ညိုမဲစွဲကုန်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယခင်က သံတောင်မြို့(၁၃)မိုင်တွင် ဒေသခံများ ယခုလို ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည့်အခါ နယ်မြေခံ ဘာသာ ရေး ဆရာတော်များနှင့် ရပ်မိရပ်ဖများက စစ်ကောင်စီနှင့်လိုက်လံညှိနှိုင်း၍ ရသော်လည်း ပြီးခဲ့သည့် မေလ အတွင်းမှစ၍ ပစ်ခတ်မှုများပြန်လည်ပြင်းထန်လာပြီးနောက်ပိုင်း ညှိနှိုင်းမှုလုပ်ဆောင်ရ အဆင်မပြေတော့ ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးကလည်း ယခုကဲ့ပြောသည်။

“အခုနောက်ပိုင်းက ဖုန်းစစ်ပြီးတော့ သံသယဖြစ်စရာတွေ့ရင် စစ်တပ်က ဖမ်းခေါ်သွားကြတာ အဖြစ်များနေ တယ်။ ဖမ်းခံရတဲ့လူငယ်နှစ်ယောက်မှာ တစ်ယောက်က မိပြီးမှထွက်ပြေးလို့ ပြန်အဖမ်းခံရတာ၊ သံတောင် ကြီးဘက်က လိုက်ညှိပေးတဲ့တစ်ယောက်လည်း စစ်တပ်နဲ့ တတ်နိုင်သလောက်သွားညှိနှိုင်းတယ်။ ဒါပေမယ့် ဘယ်လိုပြောပြော အဲ့လူငယ်နှစ်ယောက်ကို ပြန်မလွှတ်ပေးလာဘူး” ဟု အဆိုပါအမျိုးသမီးက ရှင်းပြ ပြောဆို သည်။

အလားတူ ပြီးခဲ့သည့် မေလ (၁၉) ရက်နေ့ကလည်း သံတောင်မြို့ရပ်ကွက် (၁) တွင် နေထိုင်သော အသက် (၂၀) နှစ်မှ (၄၀) နှစ်အရွယ်ကြားရှိ ဒေသခံအမျိုးသား (၇) ဦးအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - PDF ဟု စွပ်စွဲကာ အင်အားသုံးဖမ်းဆီးခေါ်ဆောင်သွားပြီး ဘာသာရေးဆရာတော်များ၏ ညှိနှိုင်း ပေးမှုကြောင့် ထိုနေ့ညပိုင်းက ပြန်လွှတ်ပေးခဲ့သည်။

ထို့အတူ တောင်ငူ - သံတောင်လမ်း၊ လိပ်သိုလမ်းတစ်လျှောက်ရှိ စစ်ကောင်စီဂိတ်စခန်းတွင် ယခင် ဧပြီလ နောက်ဆုံးအပတ်မှစ၍ ဖြတ်သန်းသွားလာသော ဒေသခံများသို့ စစ်ဆေးရေးများ ပိုမိုတင်းကြပ်လုပ်ဆောင်နေ သလို နယ်မြေခံတော်လှန်ရေး တပ်ဖွဲ့များ ရိက္ခာ မရရှိစေရန် မတ်လမှ စတင်၍ ဆန်နှင့်ဆေးဝါး သယ်ဆောင်ခွင့် ကို ကန့်သတ်စစ်ဆေးနေသောကြောင့် မြို့နယ်အတွင်းရှိ စစ်ရှောင်လူထုများနှင့် ဒေသခံများ စားနပ်ရိက္ခာ ဝယ်ယူ ရရှိမှု အခက်အခဲတွေ့လာနေကြသည်။

Most read this week

November 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း...
November 14, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီ၏...
November 13, 2024
မူတြော်ခရိုင်၊ ဖာပွန်မြို့နယ်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ စစ်ဗျူဟာချုပ်(စဗခ-၁)...
November 12, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသတွင် စစ်ကောင်စီက...