မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မြောက်ဦးမြို့နယ်၊ တိန်ညို စစ်ဘေး ရှောင်စခန်းတွင် နေအိမ်အားလုံး ပျက်စီးသွားခဲ့ပြီး စစ်ဘေးရှောင်များအတွက် အမိုးအကာနှင့် စားနပ်ရိက္ခာများ အရေးတကြီးလိုအပ်လျှက်ရှိနေကြသည်ဟု သိရှိရသည်။
တိန်ညိုစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၇၇၃ စု၊ လူဦးရေ ၂၈၆၅ဦးရှိပြီး လက်ရှိတွင် အလှူရှင်များ လာရောက် လှူဒါန်းမှု အလွန်တရာ နည်းပါးလွန်းသောကြောင့် စစ်ဘေးရှောင်များမှာ အခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရ သည်။
တိန်ညိုစစ်ဘေးရှောင်စခန်းက အမျိုးသမီး တစ်ဦးက “စားနပ်ရိက္ခာတွေလည်း အခက်အခဲရှိသလို နေဖို့ထိုင်ဖို့ လည်း အရမ်းအခက်အခဲ ဖြစ်နေပါတယ်။ ညဖက်တွေဆို မိုးရွာလို့ အိပ်စရာနေရာမရှိဘူး။ လတ်တလော နေထိုင် ဖို့ လုပ်ထားတဲ့နေရာကလည်း မလုံတော့ မိုးကအပေါ်ကယိုလိုက်၊ ဘေးကနေ မိုးဖွေးတွေဝင်လာလိုက်နဲ့ မအိပ်ရ ဘူး။ ကလေးတွေကိုဆိုရင် ကြည့်ပြီးတော့ ရင်ကွဲတယ်” ဟု ပြောသည်။
ယခင်က စစ်ဘေးရှောင်များကို ICRC အဖွဲ့မှအဓိက ကူညီထောက်ပံ့နေခြင်း ဖြစ်သော်လည်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါ ရီလမှ စတင်ကာ ICRC ၏ တာဝန်များကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က လွှဲပြောင်းရယူပြီး ကူညီထောက်ပံ့ ပေးနေသည်ဟု စစ်ဘေးရှောင်များ၏ ပြောဆိုချက်အရ သိရသည်။
ထို့ကြောင့် ယခင်ကဲ့သို့ သောက်သုံးရေ ၊ဆန်၊အမိုးအကာများစသည့် ကူညီထောက်ပံ့မှုများ မရရှိတော့ဘဲ WFP က ပေးသည့် ငွေကျပ် ၂၁၀၀၀ ဖြင့်သာ ရုန်းကန်ရပ်တည်နေရသည့် အနေအထားတွင် မုန်တိုင်းဒဏ်ပါ ခံလိုက်ရ သောကြောင့် ပိုမိုဒုက္ခရောက်သွားသည်ဟု စစ်ဘေးရှောင်စခန်း တာဝန်ခံက ပြောသည်။
“ကျနော်တို့ ပုံမှန်အထောက်အပံ့ရတာက WFPကငွေတခုတည်းကပါ။အရင်လို ICRC ထံကလည်း လာထောက် ပံ့ တာမျိုးမရှိတော့ အကျပ်အတည်းဖြစ်သွားတာပေါ့။ ဒါကြောင့် အပြင်မှာ အလုပ်တွေ ထွက်လုပ်ပြီးရတဲ့ ငွေ တွေနဲ့ WFP ကပေးတဲ့ငွေနဲ့ပေါင်းပြီး ရပ်တည်နေခဲ့ရတာပါ။ ဒီကြားထဲ မုန်တိုင်း ဝင်ချလိုက်တော့ အကုန်လုံး ဖရိုဖရဲ ဖြစ်ကုန်ရော။ အရင်ဆို နေမဲ့နေရာတခု မရှိရင်တောင် စားဖို့သောက်ဖို့ ရှာကြံလို့ရသေးတယ်။ အခုနေ မယ့် နေရာလည်းမရှိ အစားအသောက်ကလည်း မဝလင် အကုန်လုံးလိုအပ်ချက်တွေရှိနေကြတယ်” ဟု ပြော သည်။
ထိုသို့ အမိုးအကာနှင့်စားနပ်ရိက္ခာများ အရေးတကြီးလိုအပ်နေသည့် စစ်ဘေးရှောင်များ အတွက် ပြည်တွင်း၊ ပြည်ပရှိအလှူရှင်များအနေဖြင့် ဝိုင်းဝန်ကူညီပေးကြရန်နှင့် သက်ဆိုင်ရာ အာဏာပိုင်များကလည်း လျစ်လျူ မရှုထားရန် စစ်ဘေးရှောင်များက တောင်းဆိုနေကြသည်။
နောက်ထပ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “ကျမတို့ကို အတတ်နိုင်ဆုံး ကူညီပေးကြပါ။ ကျမတို့က စစ် ဒဏ်ကိုလည်း ခံစားခဲ့ရပြီးပါပြီ။ မိုးရာသီကို ဒီလိုအခြေအနေမျိုးနဲ့ဖြတ်ကျော်ဖို့က ကျမတို့အတွက် အရမ်းခက် ခဲ လွန်းပါတယ်။အစိုးရအနေနဲ့လည်း ကျမတို့ကို ပစ်မထားပါနဲ့။ သတင်းတွေကြားမိသလောက် အလှူရှင်တွေရှိ ပေမယ့် အစိုးရကခွင့်မပြုလို့ မလှူရဘူးလို့ ကြားမိတယ်။ စစ်ပွဲကာလတုန်းက လိုအပ်ချက်အရ အဖွဲ့အစည်းတွေ ကို ဝင်ခွင့်မပြုခဲ့ဘူး ဆိုရင်တောင်အခုလို သဘာဝဘေးဒုက္ခကို အကုန်လုံးခံထားရတဲ့အခြေနေမှာ ခွင့်ပြုပေးဖို့ တောင်းဆိုပါတယ်” ဟု ပြောသည်။
တိန်ညိုစစ်ဘေးရှောင်စခန်းကို စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့၏နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေခဲ့ သည့် ၂၀၁၉ ခုနှစ်အတွင်းကပင် စတင်တည်ဆောက်ထားခြင်းဖြစ်ပြီး ဝေသာလီ၊ အောက်သကန်၊ဘူးရွက်မညိုး၊ ပေါက်ပြင်ကွင်း၊ ခူလှိုင်၊ ပြိုင်းတောင်၊ လက်က္ကာ၊ နှမဒါစသည့် ကျေးရွာများမှ ဒေသခံများ ခိုလှုံနေကြခြင်းလည်း ဖြစ်သည်။