မိုးဗြဲမြို့မှာ စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ကလေးအပါအဝင် အရပ်သား ၅ ဦးသေဆုံး

မိုးဗြဲမြို့မှာ စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ကလေးအပါအဝင် အရပ်သား ၅ ဦးသေဆုံး
ပုံဟောင်းအသုံးပြုထားသည်။ (ဓာတ်ပုံ - မိုးဗြဲ PDF)
ပုံဟောင်းအသုံးပြုထားသည်။ (ဓာတ်ပုံ - မိုးဗြဲ PDF)

ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၂ နှစ် အရွယ် ကလေး အပါ အဝင် နှစ်ဦးသေဆုံးခဲ့ပြီး လမ်းသွားလမ်းလာပြည်သူ ၃ ဦးကိုလည်း စစ်ကောင်စီက လက်နက်ငယ်နဲ့ ပစ်သတ် ခဲ့တယ်လို့ မိုးဗြဲမြို့မှာ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူတွေက ပြောပါတယ်။

ဒီဖြစ်စဉ်ဟာ ဇွန်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။

“မနေ့က လက်နက်ကြီးထိတာက နှစ်ဦးပေါ့နော။ ကလေးငယ်တစ်ဦးဆုံးတယ်။ နောက်လူကြီးတစ်ဦးပေါ့နော။ နောက် အခု မကောက်နိုင်သေးတဲ့ ပြည်သူအလောင်း နှစ်လောင်း၊ သုံးလောင်း အတည်ပြုလို့ရတယ်ပေါ့နော။ အဲ့ဒါ လောလောဆယ် လက်နက်ကြီးနဲ့ လက်နက်ငယ်ထိခိုက်မိတဲ့ ပြည်သူတွေပေါ့။ မနေ့က တစ်ရက်တည်း ဖြစ်တဲ့ဟာပေါ့နော” လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်တဲ့ ကလေးတစ်ဦးမှာ အသက် ၁၂အရွယ်ရှိပြီး ယမန်နေ့ မနက်ပိုင်းက ဖခင်ဖြစ်သူနဲ့ နေအိမ်ကို ဆန်ပြန်ယူတဲ့အခါမှာ လက်နက်ကြီးစထိမှန်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲကြား ပိတ်မိနေ တဲ့အတွက် အချိန်မီဆေးမကုသပေးနိုင်လို့ သေဆုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။

ကျန်အမျိုးသားတစ်ဦးမှာ အသက် (၅၀) ဝန်းကျင်အရွယ် မိုးဗြဲမြို့ ကွက်သစ်ရပ်ကွက်က ဖြစ်ပြီး နေအိမ်မှာ ခြံရှင်းရင်း လက်နက်ကြီးကျရောက်မှုကြောင့် ထိမှန်ကာ အသက်သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ညနေပိုင်းမှာ လက်နက်ကြီးပစ်ခတ်တဲ့ အသံကြောင့် သက်ကြီးပိုင်း အဖွားတစ်ဦး လန့်ဖြန့်ကာ သေဆုံးသွားခဲ့ တယ်လို့ စစ်ရှောင်ကူညီသူတွေက ဆိုပါတယ်။

အလားတူ အမျိုးသားသုံးဦးကိုလည်း တောင်ယာဖက်သွားတဲ့လမ်းမှာ စစ်ကောင်စီက မြင်ပြီး ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် တိုက်ပွဲဖြစ်နေသေးတဲ့အတွက် ရုပ်အလောင်းသွားသယ်ယူလို့ အဆင်မပြေသေးတာ ကြောင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။

ဇွန်လအစောပိုင်းကတည်းက မိုးဗြဲမြို့ထဲကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေကနေ လက် နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်မှုရှိခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုနဲ့ နေအိမ်ပျက်စီးမှုရှိနေပါ တယ်။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ ကျွဲချိုတပ်ခွဲမှ တာဝန်ခံတစ်ဦးက “လက်နက်ကြီး ထုတာပေါ့နော်။ တိုက်ပွဲ မရောက်ခင်ကတည်းက မြို့ထဲကို လက်နက်ကြီးရမ်းသန်းထုတယ်။ နေ့ တိုင်းပေါ့ ပြည်သူရှိတဲ့နေရာကို ရည် ရွယ်ချက် ရှိရှိထုတယ်။ ပြီးတော့တော်လှန်ရေးအင်အားစုတွေက မြို့ထဲကိုပေါ့ နော်။ စစ်ကောင်စီဖက်က စစ် ကြောင်းထိုးလာလို့ တပ်စခန်းချတာတို့ ဒီလိုအခြေအနေရှိတော့ ကျနော်တို့ကနေပြီး တိုက်ခိုက်ခဲ့တာပေါ့။ စည် ကား ၂ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတော့ ဝင်ရောက်တိုက်ခိုက်ခဲ့တော့ သူတို့က အထိနာတယ်လို့ပြောတယ်။ အကျအဆုံးများလို့ပဲ အငြိုးနဲ့ ပြည်သူကိုလုပ်နေတဲ့သဘောမျိုးရှိတယ်။ ပြီးတော့ လမ်းသွားလမ်းလာပြည်သူကို လည်း မတော်သလို ပစ်သတ်တဲ့အခြေအနေမျိုးလည်းရှိတယ်” လို့ ပြောပါတယ်။

ဇွန်လ ၅ ရက်နေ့မှာလည်း စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ၁၀ နှစ်အောက် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပါတယ်။

လက်ရှိမှာ မိုးဗြဲမြို့တွင်း ပစ်ခတ်မှုတွေရှိနေသလို နှစ်ဖက်စစ်ရေးလည်းတင်းမာနေပြီး လူထုတွေအနေနဲ့ လုုံခြုံ ဘေးကင်းတဲ့ နေရာမှာနေထိုင်ကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းအသိပေးထားပါတယ်။

Most read this week

November 13, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ပူချယ်ကျေးရွာက စပါးရိတ်...
November 13, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ဒေါတမကြီးအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာက...
November 13, 2024
ထိုင်း – ကရင်နီ နယ်စပ်က ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁ ) မှာ ရာသီအကူးအပြောင်းကြောင့် နှစ်လအတွင်း...
November 12, 2024
ကရင်နီပြည်တွင်းလူထုတွေအတွက် ယာဥ်နံပါတ်ပြားနဲ့ ယာဉ်မောင်းလိုင်စင်ကို စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း...