ဇွန်လ ၄ ရက်နောက်ပိုင်း အခွန်မဆောင်သည့် လုပ်ငန်းရှင်များကို NUG အရေးယူမည်

ဇွန်လ ၄ ရက်နောက်ပိုင်း အခွန်မဆောင်သည့် လုပ်ငန်းရှင်များကို NUG အရေးယူမည်

ပညာပေးကာလအပြီး ဇွန်လ ၄ ရက်နောက်ပိုင်းတွင် အခွန်မဆောင်သည့် လုပ်ငန်းရှင်များကို စတင် အရေးယူသွားမည်ဟု ကလေးပြည်သူ့ ရဲတပ်ဖွဲ့က ပြောဆိုလိုက်သည်။

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်တွင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၏ လမ်းညွှန် ချက်ဖြင့် ဒေသတွင်း လုပ်ငန်းရှင်များကို အခွန်စနစ်အကြောင်း ပညာပေးအစီများ ပြုလုပ်နေပြီဟု ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူများက ပြောသည်။

ထိုပညာပေး အစီအစဉ်ကို မေလ ၂၆ ရက်မှ နောက်ဇွန်လ ၄ ရက်နေ့အထိ ၁၀ ရက်ကြာပြုလုပ်သွားမည် ဖြစ်ပြီး ထိုကာလ ကျော်လွန်ပြီးပါက အခွန်မဆောင်သည့် လုပ်ငန်းရှင်များကို စတင်အရေးယူသွားမည်ဟု ကလေးမြို့ နယ် ပြည်သူ့ရဲတပ်ဖွဲ့ (KTPP)မှ တာဝန်ရှိသူများက ပြောသည်။

KTPP မှ ပြန်ကြားရေး တာဝန်ခံတစ်ဦးက “အဓိကတော့ ကုန်သည်တွေ ယာဉ်လိုင်းတွေပေါ့။ အခွန်ရှောင်ထားတဲ့ ဆိုင်တွေကနေ  ပစ္စည်းတွေကို ဝယ်ယူခြင်း မပြုဖို့။ တကယ်လို့ ဝယ်ယူတဲ့အချိန်က ပညာညာပေးကာလ အစီ အစဉ် ကျော်လွန်သွားမယ်ဆိုရင် ဖမ်းဆီး သိမ်းဆီးအရေးယူမှု အပိုင်းတွေ ပါဝင်မှာပေါ့။ အဲတော့ အဲလိုမျိုး အသိပေးတာပါ” ဟု ပြောသည်။

ပညာ‌ပေးကာလအပြီးတွင် ကလေးမြို့နယ် ပအဖ၏ ထိန်းချုပ်နယ်မြေနှင့် မဟာမိတ်တပ်ဖွဲ့များ၏ ထိန်းချုပ်နယ် မြေများတွင် အခွန်ရှောင်ထားသည့် လုပ်ငန်းရှင်များ၏ ကုန်ပစ္စည်းများ ဖြတ်သန်းသွားလာခဲ့ပါက သိမ်းဆည်း အရေးယူမည် ဖြစ်ပြီး ၎င်းတို့ နယ်မြေစိုးမိုးထားသည့် ကလေးမြို့ပေါ် နေရာများတွင် တွေ့ရှိခဲ့ပါက လုပ်ငန်းပိတ် သိမ်းသည်အထိ အရေးယူ ဆောင်ရွက်သွားမည်ဟု ဆိုသည်။

သို့သော် လတ်တလောတွင် စစ်တပ်ထုတ် သပိတ်မှောက်ကုန်စည်များ ပါဝင်သေးမည် မဟုတ်ပဲ ထိုကုန်ပစ္စည်း များကိုမူ ကလေးမြို့နယ် ပအဖမှ တိုက်ရိုက်စီမံသွားမည်ဟု ပြန်ကြားရေး တာဝန်ခံတစ်ဦးက ဆက်ပြောသည်။

“သပိတ်မှာက် ကုန်စည်က အရမ်းများတယ်။ ဖြစ်နိုင်ရင်တော့ ဝေးဝေးနေ (Way Way Nay)တို့ ဘာတို့ အက် ပလီကေးရှင်း (Application)တွေ ရှိတယ်ပေါ့နော်။ အဲဒီထဲမှာပါတဲ့ စစ်တပ်ထုတ်ကုန်တွေ အကုန်လုံး အကျုံးဝင် တယ်ပေါ့နော်။ ဒီသပိတ်မှောက် ကုန်စည်တွေကို ကျနော်တို့ ဖမ်းမိပြီ ဆိုရင်တော့ လက်ရှိမြို့နယ် မြို့နယ် အုပ် ချုပ်ရေးအဖွဲ့ကပဲ တိုက်ရိုက် စီမံခန့်ခွဲမှာပေါ့လေ။ ဒါဘယ်လိုလုပ်မလဲ ဆိုတာတော့ မြို့နယ် ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့နဲ့ သက်ဆိုင်တာပေါ့နော်။”

လက်ရှိ ကလေးမြို့နယ်တွင် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များမှာ နယ်မြေ ၈၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထား နိုင်သောကြောင့် အခွန်စနစ် ပညာပေးကာလတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု အပြည့်ရခဲ့သည်ဟု ဆိုသည်။

သို့သော် အခွန်ကောက်ခံသည့်စနစ်မှာ ယခုအချိန်မှ လည်ပတ်ခါစ အခြေအနေဖြစ်သောကြောင့် လုပ်ငန်းရှင် များအနေဖြင့် ရှေ့ဆက် ပူးပေါင်းပါဝင်ပေးကြရန် ပြန်ကြားရေး တာဝန်ခံက ယခုကဲသို့ တိုက်တွန်းလိုက်သည်။

“ကျနော်တို့ ဒေသတွင်း အခွန်လည်ပတ်မှုက ကလေးက အခုမှ အားကောင်းတာပေါ့လေ။ အခုမှ ဒီအခွန် ယန္တရားကို ကောင်းကောင်းမွန်မွန် လည်ပတ်ဖို့ စတင်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီအခွန်ဆောင်ထား တဲ့လူ လေးငါးခြောက်ဦးတော့ ရှိပါတယ်။ အခွန်လုပ်ငန်း ပိုပြီးအားကောင်းလာဖို့ ဒီ (Process)ကို ကျနော်တို့ စပြီးတော့ လည်ပတ်တာပေါ့လေ။”

NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကလည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ တော်လှန်ရေး အောင် မြင်ပြီးနောက် နိုင်ငံတော် ပြန်လည် တည်ဆောက်ရေးတွင် အခွန်ထမ်းဆောင်သည့် လုပ်ငန်းရှင်များဖြင့်သာ လက်တွဲ ဆောင်ရွက်သွားမည်ဟု ပြောကြားထားသည်။

KTPP အဖွဲ့အစည်းသည် NUG ကူညီထောက်ပံ့မှုများဖြင့် ၎င်းတို့ ထိန်းချုပ်နယ်မြေများတွင် ရဲတပ်ဖွဲ့က လုပ် ဆောင်ရမည့် လုပ်ငန်းများကို ကောင်းမွန်စွာ လည်ပတ်နေသည့် အနေအထားကို ရောက်ရှိနေပြီဖြစ်ရာ တရား စီရင်ရေး စနစ်လည်း စတင်အကောင်အထည်ဖော်နေပြီ ဟု တာဝန်ရှိသူများက ပြောသည်။

Most read this week

September 11, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် အမျိုးသမီးများနှင့် လူငယ်...
September 11, 2024
ကရင်နီပြည်တွင် လက်နက်ကိုင်ဆောင်ခွင့်အား ကန့်သတ်ထိန်းချုပ်သွားမည်ဟု ကရင်နီပြည် ကြားကာလ အုပ်...
September 5, 2024
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်တွင် ပါရာစီတမော ၁၀ လုံးပါ တစ်ကတ်အား ၅,၀၀၀ ကျပ် အထိ...
September 4, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်း ၆ ဦးအား...