ဖားအံခရိုင်တွင်း တိမ်းရှောင်လာသည့် စစ်ဘေးရှောင်များ စားဝတ်နေရေးအခက်အခဲဖြစ်နေ

ဖားအံခရိုင်တွင်း တိမ်းရှောင်လာသည့် စစ်ဘေးရှောင်များ စားဝတ်နေရေးအခက်အခဲဖြစ်နေ

ကေအဲန်ယူ - ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်မြေ တပ်မဟာ (၇)၊ ဖားအံခရိုင် နဘူးမြို့နယ်နှင့် ပိုင်ကျုံမြို့နယ်အတွင်း တိမ်းရှောင်လာသည့် မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးမြို့နယ်များမှ စစ်ရှောင်များသည် စစ်ရှောင် ကာလကြာလာသည့်အတွက် စားနပ်ရိက္ခာ အခက်အခဲရှိလာသည်ဟု ဒေသအတွင်း စစ်ရှောင်များကို ကူညီပေးနေသူများက ပြောသည်။

ပြီးခဲ့သည့် လအနည်းငယ်က နယ်မြေတွင်း ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် တိမ်းရှောင်လာသော အဆိုပါ စစ် ရှောင်ပြည်သူများသည် လက်ရှိတွင် စားနပ်ရိက္ခာအပြင် နေရာထိုင်ခင်းနှင့် ဆေးဝါး အခက်အခဲများ ရင်ဆိုင် ကြုံတွေ့နေရသည်ဟု ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင်ပြည်သူများ ဆိုင်ရာကော်မတီ - CIDKP( Committee for Internally Displaced Karen people) ထံမှသိရသည်။

CIDKP ၏ ဒုတိယဒါရိုက်တာ စောခဲလေက “နေထိုင်ဖို့နေရာ၊ အစားအသောက်၊ ဆေးဝါး၊ အဝတ်အစားတွေ လို အပ်တယ်။ နောက်ပိုင်းကျရင် စစ်ဘေးရှောင်တွေ အသက်မွေးဝမ်းကျောင်းပြုဖို့အတွက် ပံ့ပိုးကူညီမှုတွေလည်း လိုအပ်နေတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိအချိန်တွင် တိုက်ပွဲအနည်းငယ်ငြိမ်လာသော်လည်း အချို့သည် နေရပ်သို့ ပြန်လည်နေထိုင်ရန် လုံခြုံမှု မရှိသေး၍ ဖားအံခရိုင်ထဲတွင် ဆက်လက်တိမ်းရှောင်နေရသည့် အိမ်ထောင်စု ၂၀၀ ဝန်းကျင်ခန့်ရှိသေးကာ ထို စစ်ရှောင်များအတွက် မိုးတွင်းကာလတွင် နေရာထိုင်ခင်းအခက်အခဲရှိလာကြောင်း စစ်ရှောင်ကူညီသူများ၏ ပြောပြချက်အရ သိရသည်။

ထို့အပြင် တိမ်းရှောင်လာသည့် စစ်ဘေးရှောင်အချို့သည် နီးစပ်ရာအသိမိတ်ဆွေနှင့် ဆွေမျိုးရှိရာ ကျေးရွာများ တွင် သွားရောက်တိမ်းရှောင်နေထိုင်ကြသည့်အတွက် လူဦးရေစာရင်းအတိအကျ စုဆောင်း၍ မရရှိသဖြင့် စား နပ်ရိက္ခာ သွားရောက် ကူညီထောက်ပံ့ပေးရသည့် အခါတွင်လည်း အခက်အခဲကြုံတွေ့နေရသည်ဟု စစ်ရှောင် ကူညီရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ကော့ကရိတ်မြို့နယ်မှ စစ်ရှောင်လာသည့် ဦးအောင်မိုးက “ကျနော်တို့ အဆင်မပြေဘူး၊ ဘာမှလည်း လုပ်ကိုင် စားစရာမရှိဘူး။ တချို့အကြော်ကြော် ရောင်းတတ် တဲ့သူတွေက ကြော်ရောင်းတယ်။ တချို့ကျတော့ ဒီအတိုင်း ပဲဟိုလုပ်ဒီလုပ် လုပ်ရတာပေါ့။ အခုလို လှူဒါန်းပေးတဲ့အဖွဲ့တွေကိုလည်း ကျေးဇူးတင်တယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

ဖားအံခရိုင်တွင်းသို့ စစ်ရှောင်လာသည့် စစ်ဘေးရှောင်များအား နယ်မြေခံကေအဲန်ယူကလည်း ဆန်ရိက္ခာများ သွားရောက် လှူဒါန်းပေးခြင်းရှိသလို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်အားပေးခြင်း၊ မိုးတွင်းကာလအတွက် နေရာထိုင် ခင်းများစီစဉ်ပေးခြင်းနှင့် ငှက်ဖျားရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းများ ပြုလုပ်ပေး လျက်ရှိသည်ဟု ဆိုသည်။

Most read this week

November 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း...
November 14, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီ၏...
November 13, 2024
မူတြော်ခရိုင်၊ ဖာပွန်မြို့နယ်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ စစ်ဗျူဟာချုပ်(စဗခ-၁)...
November 12, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသတွင် စစ်ကောင်စီက...