စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်မြောက်ပိုင်းက နေအိမ်တွေပျက်စီးမှု ပိုများလာ

စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်မြောက်ပိုင်းက နေအိမ်တွေပျက်စီးမှု ပိုများလာ
Photo: CJ
Photo: CJ

ကော့ကရိတ်မြို့ မြောက်ဘက် KNU - ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၇ နယ်မြေအတွင်း ကျေးရွာများ ဘက် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုများကြောင့် ဒေသခံနေအိမ်များ ပျက်စီးဆုံးရှုံးမှု ပိုများလာနေသည်ဟု ဒေသခံရွာသားများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလနှင့် ယခုမေလအတွင်း ကော့ကရိတ်တောင်ပိုင်း ကျေးရွာများဘက်နှင့် ကျုံဒိုး၊ တောင်ကြာအင်း ကျေးရွာများဘက်တွင် KNLA ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားမှု ဆက်ရှိနေသော်လည်း ကော့ကရိတ် မြောက် ပိုင်း ကျေးရွာများဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများဘက်ကို ခလရ ၉၇ စစ်တပ်မှ နေ့/ည လက် နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံ ကျေးရွာသား တစ်ဦးက ပြောသည်။

၎င်းက “စစ်တပ်ဝင်လာတာ မရှိဘဲ ရွာတွေဘက် လက်နက်ကြီးပစ်ထုတ်တယ်။ တစ်ပြိုင်ထဲ ၄၊ ၅ လုံး ကျပေါက် သံကြားရတယ်။ စော်ဟဲ၊ လှိုင်စိမ်း၊ ရန်ကုတ် ဘက်တွေ ညတိုင်းပစ်တယ်။ ရွာသားက အိမ်တွေမှာ ပြန်မအိပ် တော့ ထိခိုက်တာတော့ မရှိဘူး။ အိမ်တွေပျက်ခြံတွေပျက်တာ များနေပြီ။ တစ်ဆယ်နှစ်ဆယ် လောက်ရှိလာပြီ။ လုပ်စားကိုင်စားလို့လည်းမရ၊ သွားလာလို့လည်း မရဖြစ်နေ တာကြာလာပြီ။ ဒီနှစ်ရွာသားတွေ လယ်ပြန်စိုက်ဖို့ တောင် မရဲကြဘူး” ဟု ပြောသည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင်မူ မကြာသေးခင်က စစ်တပ်၏ ဖမ်းဆီးစစ်ဆေးခံရသည့် စီးပွားရေးလုပ်ငန်းရှင်၊ နာရေးကူညီမှုအသင်း၊ NLD ပါတီ ဝန်းရံသူနှင့် စစ်တပ်ဆန္ဒပြခဲ့သူများအပါအဝင် လူ ၃၀ ကျော်မှ နာရေးကူညီမှုအသင်း တာဝန်ရှိသူအချို့ အပြင် စစ်တပ်နှင့် နီးစပ်သည့်လုပ်ငန်းရှင်အချို့ ပြန်လည် လွတ်မြောက်လာသည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

ကော့ကရိတ်မြို့ခံတစ်ဦးက “မြို့က ဖမ်းခံ အစစ်ခံနေရတဲ့ သူတွေကတော့ စစ်တပ်နဲ့ နီးစပ်သူတွေကတော့ ပြန် လွတ်တယ်ကြားတယ်၊ နှစ်ယောက် ၃ ယောက်လောက်ပေါ့။ ကျန်တဲ့သူ တွေကတော့ မလွတ်သေးဘူး။ ဆက် ဖမ်းမယ်ဆိုတာလည်း ကြားတော့ ရှောင်နေကြတာတွေလည်း ရှိတယ်” ဟု ပြောသည်။

မြို့တွင်း စစ်တပ်အုပ်ချုပ်သည့် နေရာများအား လာရောက်တိုက်ခိုက် မခံရစေရေး နေ့စဥ်/ညစဥ် လက်နက်ကြီး များဖြင့် ခြောက်လှန့်ပစ်ခတ်နေရသည့် အခြေအနေမျိုးမှာ လနှင့်ချီ ကြာမြင့်လာပြီဟု ဒေသခံများက ပြောသည်။

ကော့ကရိတ် မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့် နယ်ခြားBGF တပ်များသည် ကျေးရွာနှင့် မြို့ပေါ် ဆက် သွယ် သွားလာနေမှုများနှင့် စားသောက်စရာ သယ်ဆောင်ရောင်းဝယ်မှုများ အပေါ် အစစ်အဆေး တင်းကြပ် နေ သည့်အတွက် ဒေသတွင်း ပြည်သူ ၁၀,၀၀၀ ခန့်၏ လူမှု စီးပွားဘဝများ ပိုမိုခက်ခဲလာနေသည်ဟု ဒေသအတွင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူများက ပြောသည်။

Most read this week

November 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း...
November 14, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီ၏...
November 13, 2024
မူတြော်ခရိုင်၊ ဖာပွန်မြို့နယ်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ စစ်ဗျူဟာချုပ်(စဗခ-၁)...
November 12, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသတွင် စစ်ကောင်စီက...