ရခိုင်ပြည်က မြို့နယ်တစ်ချို့တွင် သောက်ရေသန့် ဝယ်မရအောင်ထိ ပြတ်လပ်နေ

ရခိုင်ပြည်က မြို့နယ်တစ်ချို့တွင် သောက်ရေသန့် ဝယ်မရအောင်ထိ ပြတ်လပ်နေ

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် မိုခါ ဆိုင်ကလုန်မုန်တိုင်း တိုက်ခိုက်ပြီးနောက် သောက်ရေရှားပါးကာ ရေသန့်ဗူးများမှာလည်း ဝယ်၍ မရအောင်အထိ ပြတ်လပ်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်တွေမြို့ရှိ ရေသန့်ထုတ်လုပ်သည့် စက်ရုံအချို့မှာ မုန်တိုင်းကြောင်း ပျက်စီးသွားပြီး ရေတွင်း ရေကန်များမှာ လည်း ဆားငံရေများ၊ မသန့်ရှင်းသော ရေများ ဖုံးလွမ်းခံရသည့်အတွက် သောက်သုံးရေ ရှားပါးနေခြင်း ဖြစ် သည်။

စစ်တွေရှိ ရေသန့် စက်ရုံများလည်ပတ်နိုင်ရန်လည်း နောက်ထပ် တစ်ပတ်ခန့် အချိန်ယူရအုံးမည်ဟု စစ်တွေ မြို့ခံ တစ်ဦးက ပြောသည်။

“စက်ရုံတွေကို ပြန်ပြုပြင်ဖို့နဲ့သန့်ရှင်းရေး လုပ်ဖို့အတွက် အချိန်ယူရမှာဖြစ်ပြီး စက်ရုံလည်ပတ်ဖို့ နောက်ထပ် တစ်ပတ်ခန့် ကြာမယ်လို့ထင်တယ်။ အဝီစိ ရေတွင်းတွေကလည်း ရေဖုံးသွားတဲ့အတွက် လတ်တလောမှာ ဆားငံ ရေပဲရတယ်” ဟု ပြောသည်။

စစ်တွေမြို့ပေါ်တွင် ရေသန့်ပြတ်လပ်နေသည်သာ မဟုတ်ဘဲ မုန်တိုင်းဒဏ်ခံခဲ့ရသည့် နယ်မြို့များနှင့် ကျေးလက် တော ရွာများတွင်ပါ သောက်သုံရေများ ပြတ်လပ်နေသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိအချိန် စစ်တွေမြို့တွင် ဆိုင်ခန်းအများစုမှာလည်း မဖွင့်နိုင်ဖြစ်နေပြီး ရေသန့်ဗူး အပါအဝင် အခြား လူသုံး ကုန် ပစ္စည်းများလည်း အလွန်ရှားပါးသည့် အနေအထားဖြစ်သည်ဟု ပြောသည်။

အခြားစစ်တွေမြို့ခံ တစ်ဦးကလည်း စစ်တွေမြို့တွင် အိမ်ဆောက်ပစ္စည်းများ ဈေးတက်နေကြောင်း ယခုကဲ့သို့ ပြောသည်။

“တာလပတ်က ရှာမရတဲ့ အနေအထားပါ။ ရတာတွေကလည်းဈေးကြီးပြီး ၆ ပေပတ်လည် တခုကို ၁၂၀၀၀ ဈေးရှိတယ်။ လိုချင်တဲ့ ဆိုက်ကလည်း ရှာမရဘူး။ သံဖြူတွေကလည်း အပါးဆုံး ခြံကာတဲ့ အမျိုးက ၁ ပေကို ၁၃၅၀၊ ဒါထက်နည်းနည်း ကောင်းတဲ့အမျိုးဆို ၁ ပေကို ၁၅၅၀ အထိဈေးရှိတယ်။ သံမှုကလည်း ၂ လက်မ သံမှို တစ်ပွာကို ၈၀၀ ဈေးရှိတယ်။”

ယခင်က UNHCR စာတန်းပါ တာလပတ်ချာ တစ်ခုကို ကျပ်ငွေ ၃ သောင်းခွဲခန့်သာ ဈေးရှိသော်လည်း ယခုအခါ ၅ သောင်းကနေ ၆ သောင်းအထိ ဈေးရှိနေပြီး ဆိုင်များကလည်း မဖွင့်သည့်အတွက် ရှာမရဖြစ်နေသည်ဟု ဆို သည်။

အလားတူ ရခိုင်ပြည်က မြို့တစ်ချို့တွင်လည်း အိမ်မိုးသွပ်ပြားအပါအဝင် အိမ်ဆောက် ပစ္စည်းများမှာ ယခင်က ထက် ဈေးမြင့်တက်နေပြီး မြောက်ဦးမြို့တွင်လည်း အိမ်မိုးသွပ်ပြားနှင့် ဆောက်လုပ်ရေး ပစ္စည်းများမှာ  ဈေးမြင့် တက်နေကြောင်း မြို့ခံများက ပြောသည်။

ရက္ခိုင့်တပ်တော် ထိန်းချုပ်သည့် နေရာအချို့တွင် ဈေးနှုန်းမြင့်တင် ရောင်းချမှုများကို ထိန်းချုပ်ရန် စီစဉ်နေသည် ဟု ရက္ခိုင့်တပ်တော်နှင့် နီးစပ်သူအချို့က ပြောသည်။

ရက္ခိုင့်တပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ် နိုင်က လေဘေးသင့် ရခိုင်ပြည်သူများကို ပြောကြားသည့် မေး ခွန်းထဲတွင် “အခြေခံ စားကုန်နဲ့ အခြားကုန်ပစ္စည်းတွေကို ရောင်းဝယ်ဖောက်ကားနေကြတဲ့ ကုန်သည်တွေ အနေနဲ့ အခုလို ပြည်သူတွေ အခက်အခဲ ကြုံနေကြရတဲ့ကာလတွေကို အခွင့်အရေးယူပြီးတော့ အဆမတန် ဈေး နှုန်းမြင့်တင်ခြင်းတွေကို မလုပ်ကြဖို့ သတိပေးပြောကြားလိုပါတယ်” ဟု ထည့်သွင်းပြောကြားထားသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီအနေဖြင့် ရန်ကုန်-စစ်တွေလမ်းကို အမြန်ဆုံး ပြန်ဖွင့်ပေးပြီး ကုန်စည်စီးမှုကို အလျင်အမြန် ဆောင်ရွက်ရန် လိုအပ်နေသကဲ့သို့ အိမ်မိုးသွပ်ပြားများကို ဈေးလျော့ ရောင်းပေးသင့်သည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။

Most read this week

November 18, 2024
ရခိုင်တွင် အိမ်ငှားရမ်းခဈေးတက်၍ စစ်ဘေးရှောင်များအခက်တွေ့နေရကြောင်း စစ်ဘေးရှောင်များနှင့်...
ပုံဟောင်း
November 14, 2024
ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် ဧည့်စာရင်းမဖြစ်မနေ ပြန်လည်တိုင်ကြားကြရန်...
November 14, 2024
စစ်ကောင်စီသည် နိုင်ငံ့ဘဏ္ဍာငွေမှ ကျပ်သန်းပေါင်း ငါးသောင်းခြောက်ထောင်ကျော်ကိုအသုံးပြုပြီး...