ပညာရေးလွတ်လပ်ခွင့်ကို စစ်ကောင်စီ ပြောင်းပြောင်းတင်းတင်း ချိုးဖောက်လာ

ပညာရေးလွတ်လပ်ခွင့်ကို စစ်ကောင်စီ ပြောင်းပြောင်းတင်းတင်း ချိုးဖောက်လာ

ပုဂ္ဂလိကကျောင်းတွေရဲ့ သင်ရိုးညွှန်းတမ်း အပါအဝင် ဆရာ၊ ဆရာမခန့်အပ်တာကအစ ခွင့်ပြုချက် လျှောက်ထား ရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ပုဂ္ဂလိကပညာရေးဥပဒေဟာ ပညာရေးလွတ်လပ်ခွင့်ကို ပြောင်းပြောင်းတင်းတင်း ချိုးဖောက်လိုက်တာဖြစ်တယ်လို့ ပညာရေးအသိုင်းအဝိုင်းက ဝေဖန်လိုက်ပါတယ်။

အခန်း ၁၆ ခန်း ပုဒ်မပေါင်း ၈၂ ခုပါဝင်တဲ့ စစ်ကောင်စီရဲ့ ပုဂ္ဂလိက ပညာရေးဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က မေ ၁၂ ရက်နေ့ ရက်စွဲနဲ့ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ပါတယ်။

အခြေခံပညာရေးလုပ်သားများသမဂ္ဂ (BEWU) အဖွဲ့ဝင် ဆရာနောင်ချိုကတော့ စစ်ကောင်စီရဲ့ ပုဂ္ဂလိက ပညာ ရေးဥပဒေဟာ ပညာရေးလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာဖြစ်သလို စစ်ကောင်စီ လက်အောက် ပညာသင်ကြားနေတဲ့ ကလေးတွေရဲ့ အနာဂတ်အတွက် ရင်လေးစရာဖြစ်တယ်လို့ ဝေဖန်ထောက် ပြပါတယ်။

“အဲဒီလိုမျိုး ပြဋ္ဌာန်းလိုက်တယ်ဆိုတာကိုက ပညာရေးလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက် တယ်လို့ ကျွန်တော်မြင်တယ်။ နောက်တစ်ခုကတော့ ဒီလိုမျိုး သူတို့ကိုပြပြီးတော့မှ ပြခိုင်းတဲ့ သင်ရိုးတွေ ဘာ တွေက သူတို့ခွင့်ပြုမှ ရမယ်ဆိုတဲ့ဟာက ကျွန်တော်တို့ တိုင်းရင်းသားဒေသမှာရှိနေတဲ့ ပညာရေးကျောင်းတွေ၊ တိုင်းရင်း သားတွေရဲ့ အခုဆက်ပြီး ဆောင်ရွက်နေတဲ့ ပညာရေးစနစ်တွေကိုပါ သူတို့ကချုပ်ကိုင်ဖို့ ကြိုးစား တယ်လို့ ကျွန်တော် မြင်တာပေါ့နော်။ နောက်ပြီးတော့ သင်ရိုးတွေဘာတွေဆိုတာက ကျွန်တော်တို့က ဖက်ဒရယ် မူအရ ဖက်ဒရယ် ပညာရေးမူအရ သွားမယ်ဆို သက်ဆိုင်ရာဒေသအလိုက် တိုင်းရင်းသားဘာသာစကားတွေ၊ မိခင်ဘာသာ စကားတွေ အခြေပြု သင်ကြားရေးတွေ လုပ်ရမယ်ဆိုတဲ့ဟာတွေ ရှိတယ်ပေါ့နော်။ စစ်ကောင်စီက  တော့ ဒီလိုဟာ မျိုးတွေကို သူတို့ကိုတင်ပြရမယ်။ သူတို့ခွင့်ပြုမှလုပ်ရမယ်ဆိုတာကတော့ ဒါကမဖြစ်သင့်တဲ့ အရာပေါ့နော်။”

အဲ့ဒီဥပဒေထဲမှာတော့ စစ်ကောင်စီရဲ့ ကြီးကြပ်ရေးအဖွဲ့တွေဟာ ပုဂ္ဂလိကကျောင်းတွေရဲ့ စံချိန်စံညွှန်း သတ်မှတ် တာ၊ ကျောင်းဆရာ မှတ်ပုံတင်လျှောက်ထားတာ၊ နိုင်ငံခြားသား ပုဂ္ဂလိက ကျောင်းဆရာမှတ်ပုံတင် လက်မှတ် ထုတ်ပေးတာ၊ သက်တမ်းတိုးပေးတာ၊ ပယ်ဖျက်တာတွေကို ခွင့်ပြုလို့ရသလို ငြင်းပယ်နိုင်တယ်လို့လည်း ပါရှိပါ တယ်။

ဒါ့အပြင် စစ်ကောင်စီထုတ်ပြန်တဲ့ ဥပဒေအရ  ကြီးကြပ်ရေးအဖွဲ့တွေကို ပုဂ္ဂလိကကျောင်း ဖွင့်လှစ်ခွင့်ကအစ ဆရာ၊ ဆရာမခန့်အပ်ခွင့်အထိ အခွင့်အာဏာအားလုံးနီးပါး ပေးထားသလို သင်ရိုးညွှန်းတမ်းတွေကိုပါ သူတို့ ခွင့် ပြုချက်ရမှ သင်ကြားလို့ရမယ်လို့ ပြဌာန်းထားပါတယ်။

“ရေရှည်မှာတော့ပိုဆိုးတာက တိုင်းရင်းသားတွေနဲ့ စစ်ကောင်စီရဲ့ကြားထဲမှာတော့ ပညာရေးနဲ့ပတ်သက်ရင် ကြီး မားတဲ့ အဟတွေ၊ ကွဲလွဲမှုတွေဖြစ်လာမယ်လို့ ယူဆပါတယ်။ နောက်ပြီး စစ်ကောင်စီရဲ့ လက်အောက်မှာ ရှိနေ မယ့် ကလေးတွေပေါ့နော်၊ ရွေးချယ်ခွင့်မရှိဘဲနဲ့ စစ်ကောင်စီကျောင်းတွေကို ရွေးချယ်ပြီး တက်နေရတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အနာဂတ် အလားအလာကတော့ မကောင်းဘူးပေါ့နော်။ ဆိုလိုတာက လွတ် လပ်တဲ့ အတွေးအခေါ်၊ လွတ်လပ်တဲ့အယူအဆ၊ လွတ်လပ်တဲ့သင်ကြားမှု ရပ်ဝန်းတစ်ခုကို မရတဲ့ ဒီကျောင်းသား ကျောင်းသူရဲ့ အနာဂတ်ကတော့ ရင်လေးစရာပါပဲဗျ” လို့ ဆရာနောင်ချိုက ဆက်ပြောပါတယ်။

ဒါ့အပြင် အခုဥပဒေဟာ ပညာရေးလွတ်လပ်ခွင့်တွေကို ချုပ်ကိုင်လိုက်တာဖြစ်ပြီးအရင် စစ်အာဏာရှင် အဆက် ဆက်က လုပ်ဆောင်လာတဲ့ စစ်ကျွန်ပညာရေးကို အသက်သွင်းပြီး ပညာတတ်လူငယ်တွေနည်းပါးအောင် လုပ် ဆောင်တာ ဖြစ်တယ်လို့ ဆရာနောင်ချိုက ဝေဖန်တာပါ။

CDM တက္ကသိုလ် ကျောင်းဆရာတစ်ဦးကလည်း စစ်ကောင်စီရဲ့ ပုဂ္ဂလိကပညာရေးဥပဒေဟာ ပညာရေးကဏ္ဍ အားလုံးကို ထိန်းချူပ်ဖို့အတွက် လုပ်ဆောင်တာဖြစ်သလို သင်ရိုးတွေကိုသူတို့ ခွင့်ပြုမှ သင်ကြားရမှာ ဖြစ်တာ ကြောင့် ပညာရေးကဏ္ဍ ပျက်စီးရေးကို ဦးတည်နေတယ်လို့ ထောက်ပြပါတယ်။

“အမှန်အတိုင်းပြောရင် ဒီသင်ကြားရေးကိစ္စတွေကိုရော၊ ဒီသင်ရိုး၊ ဝန်ထမ်းဆရာ ဆရာမခန့်ထားရေးတွေရော အကုန်လုံးကို ထိန်းချုပ်မှာ။ အဲဒီအကုန်လုံးကို ထိန်းချုပ်တာက သူတို့ဘက်ကခွင့်မပြုရင် ဆရာ ဆရာမခန့် ထားလို့ကို မရဘူးဗျာ။ ရှေ့တုန်းက အရင့်အရင်တုန်းက ကပကတွေမှာ ဆရာ၊ ဆရာ မခန့်တယ်ဆိုတာက ကျွန် တော်တို့ ဒီစာသင်ဆရာမဖြစ်ဖို့ကျ အစိမ်းရောင်ကတ် လျှောက်ထားရမယ်၊ အစိမ်းရောင်ကတ် လျှောက်ထားတဲ့ အခါကျရင် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ညီတယ်ဆိုရင် အစိမ်းရောင်ကတ် သွားလျှောက် လိုက် တယ်။ ကျလာတာပေါ့နော်။ ကျလာတဲ့အခါကျရင် သူကအတန်းပိုင်ဆရာမလုပ်ရတယ်။ ဘာသာရပ်သင်ဆရာမ လုပ်ရတယ်။  ကျန်တာကတော့ လက်ထောက်တွေဘာတွေဆို လျှောက်စရာမလိုပါဘူး။ အခုကကျတော့ အကုန် လုံးကိုင်ထားတဲ့ သဘောပါ။ အထူးသဖြင့်ကတော့ ကျွန်တော်ထင်တာကတော့ CDM တွေကို ပစ်မှတ်ထားတယ် လို့ပဲ မြင်ပါတယ်။”

ဒါ့အပြင် စစ်ကောင်စီရဲ့ ပညာရေးကန့်သတ်ချက်တွေကြောင့် ပုဂ္ဂလိကကျောင်းတွေမှာ အရင်လို နိုင်ငံတကာ သင် ရိုးတွေကို ကြားညှပ်သင်ကြားရာမှာ အခက်အခဲရှိလာနိုင်သလို အထွေထွေ ဗဟုသုတတွေကိုလည်း သင်ကြားလို့ ရတော့မှာ မဟုတ်တဲ့အတွက် ပညာရေးအဆင့်အတန်း ပိုမိုနိမ့်ကျလာနိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

CDM တက္ကသိုလ် ကျောင်းဆရာက “အဲဒါတွေအကုန်လုံးကိုလည်း သူတို့ကခွင့်ပြုမှ၊ သင်ရိုးတွေကလည်း သူတို့ ကခွင့်ပြုမှ၊ သူတို့ ခွင့်မပြုထားတဲ့ ဟာကို သင်မယ်၊ သူတို့ကို တင်ထားတဲ့ဟာမဟုတ်ဘူး။ အဲဒါကိုသင်တယ်ဆို တာတွေ့ရင် ခုဏကပြောသလို ကျောင်းကို ပိတ်မယ်ဆိုတာထက် မဟုတ်တော့ဘဲနဲ့ ငွေဒဏ်တွေရော၊ ထောင် ဒဏ်တွေရော၊ သူတို့က အဲဒီလိုမျိုး ကို ကန့်သတ်ပြီးတဲ့ အခါကျတော့ရေးလာပြီ၊ ပညာရေးပျက်စီးရေး ကိုပဲ ဦးတည်တယ်လို့ပဲပြောရမှာပဲ”လို့ ဆိုပါတယ်” လို့ ဆက်ပြောပါတယ်။

စစ်ကောင်စီပြဋ္ဌာန်းလိုက်တဲ့ ပုဂ္ဂလိကပညာရေး ဥပဒေထဲမှာတော့ သူတို့သတ်မှတ်ထားတဲ့ ပြစ်မှု တစ်ခုခုကို ကျူးလွန်ပါက အနည်းဆုံးထောင်ဒဏ် (၆)လကနေ အမြင့်ဆုံး ထောင်ဒဏ် (၂)နှစ်ထိ ပါဝင်သလို ငွေဒဏ်အနေနဲ့ ကျပ်သိန်း (၃၀) ကနေ ကျပ်သိန်း (၅၀၀) အထိ ပြစ်ဒဏ် (၂) ရပ်လုံး ချမှတ်နိုင်တယ်လို့လည်း ပြဌာန်ထားပါတယ်။

ဒီဥပဒေဟာ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ ဆရာ၊ ဆရာမတွေကို ပုဂ္ဂလိက ပညာရေး ကျောင်းတွေမှာ အလုပ်မရအောင် လုပ်ဆောင်တာဖြစ်ပြီး ပညာရေးကဏ္ဍတစ်ခုလုံးကို ထိန်းချုပ်ဖို့ ကြိုးပမ်းတာ ဖြစ်တယ်လို့ CDM ကျောင်းဆရာ၊ ဆရာမတွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ ပုဂ္ဂလိကကျောင်းပေါင်း (၁၀၀၀) ကျော်ရှိပြီး ပြီးခဲ့တဲ့ (၂၀၂၂-၂၀၂၃) ပညာသင်နှစ်မှာတော့ ပုဂ္ဂလိက ကျောင်းအပါအဝင် အစိုးရကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူ (၁၆)သိန်းကျော် တက်ရောက် ခဲ့တယ်လို့ စစ်ကောင်စီပညာရေးဝန်ကြီးဌာန အချက်အလက်တွေအရ သိရပါတယ်။

ဓာတ်ပုံ-MOI

November 18, 2024
မွန်ပြည်နယ်မှာ စာသုံးဆီဖူလုံအောင် ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်းနဲ့ နေကြာတို့ကို...
November 14, 2024
“ဘုတလင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်မှု...
November 14, 2024
စစ်အာဏာသိမ်းမှု သုံးနှစ်‌ကျော်အတွင်း မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်အလုံးပေါင်း ၁၀၅,၃၀၀...
November 13, 2024
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသရှိ မွန်စစ်ရှောင်ပြည်သူတွေ...