မိုခါ ဆိုင်ကလုန်းမုန်တိုင်း အားလျော့၊ ရခိုင်နှင့် ချင်းပြည်နယ် မုန်တိုင်းအန္တရာယ်ကင်းပြီဟု မိုးဇလထုတ်ပြန်

မိုခါ ဆိုင်ကလုန်းမုန်တိုင်း အားလျော့၊ ရခိုင်နှင့် ချင်းပြည်နယ် မုန်တိုင်းအန္တရာယ်ကင်းပြီဟု မိုးဇလထုတ်ပြန်
ရုပ်ပုံကားချပ်။  ။ OCHA ကထုတ်ပြန်သော ဆိုင်ကလုန်းမိုခါဖြတ်သန်းရာလမ်းကြောင်း
ရုပ်ပုံကားချပ်။ ။ OCHA ကထုတ်ပြန်သော ဆိုင်ကလုန်းမိုခါဖြတ်သန်းရာလမ်းကြောင်း

မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ကို ဖြတ်ကျော်ပြီးနောက် အားကောင်းသော ဆိုင် ကလုန်းမုန်တိုင်း အဖြစ်မှ လျော့ကျသွားပြီ ဖြစ်သည့်အတွက် ယင်းပြည်နယ်နှစ်ခုအတွက် မုန်တိုင်း အန္တရာယ် ကင်းသည့် အရောင်သတ်မှတ်ချက်ဖြစ်သော အစိမ်းရောင် အဆင့်ဟု မိုးဇလက ထုတ်ပြန်လိုက်သည်။

ယနေ့ မေလ ၁၅ ရက်နေ့၊ နံနက် ၅ နာရီခွဲအချိန် တိုင်းတာချက်ကို မိုးလေဇဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်ခြင်းဖြစ်သည်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းကို ယမန်နေ့ မေလ ၁၄ရက် ညနေက ဖြတ်ပြီးနောက် ချင်း ပြည်နယ်၊ မတူပီမြို့အနီးမှ ကုန်းတွင်းသို့ ရွေ့လျားဝင်ရောက်ခဲ့ကြောင်း၊ ထို့နောက် အားကောင်းသော ဆိုင်က လုန်းမုန်တိုင်း (Severe Cyclonic Storm) “မိုခါ” (MOCHA) အဖြစ်မှ ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm) “မိုခါ” (MOCHA)အဖြစ်သို့ အားလျော့သွားခဲ့သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။

“ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သည် မုန်တိုင်းဖြတ်ကျော်ပြီး ဖြစ်သည့်အတွက် အစိမ်းရောင် အဆင့်ဟု သတ်မှတ်ပါသည်” ဟု မိုးဇလက ထုတ်ပြန်သည်။

အိန္ဒိယနိုင်ငံ မိုးဇလကလည်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းသည် အားလျော့သွားပြီး မြန်မာ့ကုန်းတွင်းပိုင်းတွင် တစ် နာရီ လေတိုက်နှုန်း မိုင် ၄၀ -၅၀ခန့်ဖြင့် ဆက်လက်ရွေ့လျားနေပြီး မကြာမီ အားလျော့သွားမည်ဟု ထုတ်ပြန်ထား သည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းသည် နောက် ခြောက်နာရီအတွင်း ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်ပြီး  စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်း၊ ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ရောက်ရှိနိုင်ကာ  ကချင်ပြည်နယ်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် တဖြည်းဖြည်း အားလျော့သွား နိုင်သည်ဟု မိုးဇလက ယနေ့ နံနက် ၇နာရီကျော်တွင် ထုတ်ပြန်သည်။

လတ်တလောရာသီဥတုအခြေအနေကြောင့် မြန်မာနိုင်ငံဒေသအနှံ့ မိုးဆက်ရွာနိုင်ပြီး စစ်ကိုင်းတိုင်း၊ မန္တလေး တိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဒေသအလိုက် နှင့် နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်းနှင့် ရခိုင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထား သည်။

ဒေသအလိုက် မိုးကြီးမည်ဆိုသည်မှာ သတိပေးထားသည့် ဒေသတစ်ခုလုံး မိုးကြီးမည့်သတိပေးချက်ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် မိုင်  ၄၀ ခန့်ရှိနိုင်သည်ဟု ဆက်လက် သတိပေးထားသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ပြီးနောက် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် ထိခိုက်ပျက်စီး မှုများရှိခဲ့သည်။

မုန်တိုင်းအရှိန် တိုက်ရိုက်ရောက်ခဲ့သည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ တာဝန်ရှိအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ ကနဦး ထိခိုက်ဆုံးရှုံးမှု စာရင်းများရယူခြင်း၊ အရေးပေါ် လိုအပ်ချက်များ ဆန်းစစ်ခြင်းတို့ကို ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယမန်နေ့ မေလ ၁၄ရက်ညတွင် သတင်းထုတ်ပြန်ထားသည်။

Most read this week

ကရင်နီပြည်ရဲမှ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ် (ပုံဟောင်း)
November 25, 2024
ကရင်နီဒေသအတွင်းရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ဝန်းကျင်ခန့်သည် မီးဖွားနိုင်မှုအခက်အခဲနှင့်...
အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...
၂၀၁၄ ခုနှစ်က ကလေးစစ်သားအဖြစ်စုဆောင်းခံရသူတဦးကို စစ်တပ်ကပြန်လွှတ်ပေးခဲ့  (Photo-AFP)(ပုံဟောင်းဖြစ်ပါသည်)
November 21, 2024
၂၀၂၁ ခုနှစ် အာဏာသိမ်မှုဖြစ်စဉ်နောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၂,၀၀၀ နီးပါးကို စစ်ကောင်စီက...