“တစ်ဖွဲ့ပြီးတစ်ဖွဲ့ စွန့်ခွာနေတဲ့ PPST အနာဂတ် ဘယ်လဲ ဘာလဲ”

“တစ်ဖွဲ့ပြီးတစ်ဖွဲ့ စွန့်ခွာနေတဲ့ PPST အနာဂတ် ဘယ်လဲ ဘာလဲ”

အပစ်ရပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် ဦး ဆောင်အဖွဲ့ (PPST) ရဲ့ စုဖွဲ့မှုဟာ စစ်တပ်အာဏာသိမ်းမှု ၂ နှစ်ကျော်ကာလအတွင်း အင်အားယိုင်နဲ့လာပြီး နိုင်ငံ ရေးအရ ပြိုကျသွားမယ့် အခြေအနေရှိနေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောစာချုပ် NCA မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ကို အခုအခါမှာတော့ အဖွဲ့ကနေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ နုတ်ထွက်လာကြတာ ဖြစ်ပါတယ်။

အဲဒီထဲမှာတော့ လက်ရှိ PPST  ရဲ့ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့ မွန်ပြည်သစ်ပါတီကလည်း PPST ကနေ နုတ်ထွက်ဖို့ ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံးအပတ်မှာ နုတ်ထွက်စာတင်ခဲ့တာပါ။

မွန်ပြည်သစ်ပါတီရဲ့ နုတ်ထွက်စာကို လာမယ့်မေတတိယပတ် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ပြုလုပ်မယ့် NCA-S- EAOs ၇ ဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကျမှသာ ဆွေးနွေးဆုံးဖြတ်သွားမယ်လို့ PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါကြောင့် မွန်ပြည်သစ်ပါတီက PPST ကနေ နုတ်ထွက်လိုက်ရင် PPST ထဲမှာ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ (ALP)၊ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မ တော် (DKBA)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အပါအဝင် အဖွဲ့ ၅ ဖွဲ့သာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရ ဆလိုင်းထက်နီကတော့ လက်ရှိအခင်းအကျင်းနဲ့ ချိန်ထိုးလိုက်ရင် PPST ဟာ လက်တွေ့မကျတော့သလို ကျန်နေသေးတဲ့ ၅ ဖွဲ့ကလည်း စစ်ကောင်စီသက်ဆိုး ရှည်ရေးဖြစ်မသွားဖို့ ချင့်ချိန် ဖို့ ကောင်းတယ်လို့ ထောက်ပြပါတယ်။

“လက်ရှိနွေဦးတော်လှန်ရေးရဲ့ အနေအထားအခင်းအကျင်းနဲ့ ချိန်ထိုးလိုက်ရင် PPST က လက်တွေ့မကျတော့ ဘူး။ အခုကျန်နေသေးတဲ့ ငါးဖွဲ့ဆိုတာက သူတို့ရဲ့ အဖွဲ့အစည်းရပ်တည်ရေးနဲ့ အချင်းချင်း ရေခံမြေခံ အနေ အထားအရ အဲဒီလိုလုပ်တာဖြစ်တယ်။ အဲဒါကြောင့် သူတို့ကဆက်လက်ပြီး ကျန်နေတာဖြစ်တယ်။ တစ်ခုရှိတာ က စစ်ကောင်စီအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆက်လုပ်နေတယ်ဆိုတဲ့ဟာက အဲ့ဒါ တွေပဲဖြစ်တယ်။ အဲဒါကြောင့် အခုငါးဖွဲ့အနေနဲ့လည်း စစ်ကောင် စီအုပ်ချုပ်ရေးယန္တရားကို ဆက်လက်သွားနေ မယ့်ဟာမျိုး မလုပ်ဖို့လိုတယ်။ သတိထားရမှာပေါ့။ အဲဒါကြောင့် အဲဒီငါးဖွဲ့အနေနဲ့ PPST အထဲမှာ ပါဝင်နေလို့ စစ်ကောင်စီသက်ဆိုးရှည်ရေးဖြစ်သွားမလာဆိုတာ ဒီငါးအဖွဲ့အနေနဲ့ ချင့်ချိန်ဖို့တော့ ကောင်းပါတယ်” လို့ သူက ဆိုပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ဟာ NLD အစိုးရလက်ထက်တုန်းက နိုင်ငံရေး၊ ငြိမ်းချမ်းရေး တွေမှာ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ ၂၀၁၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ PPST အဖွဲ့ကို စစ်တပ်အာဏာသိမ်းပြီးနောက် အင်အားကြီး တိုင်းရင်းလက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ သျှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ (RCSS)တို့ကတော့ PPST မှာ ပါဝင်မှုရပ်နားထားသလို ကျောင်းသားတပ်မတော် (ABSDF) က လည်း နွေဦးတော်လှန်ရေးမှာ ပါဝင်နေတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း နွေဦးတော်လှန်ရေးမှာ တချို့သော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေကNUG ၊ PDF တို့နဲ့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားနေချိန်မှာNCA စာချုပ်ဟာ အသက်မဝင် တော့တဲ့အတွက် PPST မှာလည်း အနာဂတ်မရှိတော့ဘူးလို့ သုံးသပ်ပါတယ်။

“NCA စာချုပ်ကို အကြောင်းပြပြီးဖွဲ့စည်းခဲ့တဲ့PPST အဖွဲ့ဟာ လုံးဝပြိုကွဲပြီးတော့ နိုင်ငံရေးအရ ဆက်လက် ရပ်တည်နိုင်စွမ်းမရှိတော့ဘူးလို့ပဲ ကောက်ချက်ချပါရစေ။ PPST မှာ လက်ရှိအနေအထားအတိုင်း အနာဂတ် မရှိတော့ဘူး။ အခုက နွေဦးတော်လှန်ရေးမှာ NUG၊ PDF တွေ EROs တွေနဲ့ ပူးပေါင်းပြီးတော့ စစ်ရေးလှုပ်ရှား မှုတွေ လုပ်နေတဲ့အချိန်မှာ NCA စာချုပ်ကလည်း အသက်မဝင်တော့ပါဘူး။ NCA စာချုပ်ကို အကြောင်းပြပြီး ပေါ်ပေါက်လာတဲ့ PPST မှာလည်း အနာဂတ်မရှိတော့ပါဘူး။ နိုင် ငံရေးအရ ပြိုကျသွားပြီ၊ ပျက်စီးသွားပြီလို့ ကျွန်တော်တို့ ယူဆမိပါတယ် ခင်ဗျ” လို့ သူက ဆိုပါတယ်။

လက်ရှိအခြေအနေအရ PPST အဖွဲ့ကနေ မွန်ပြည်သစ်ပါတီ နှုတ်ထွက်သွားမယ်ဆိုရင် စစ်ကောင်စီနဲ့ သုံးကြိမ် ထက်မနည်း ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြတဲ့ EAO တွေထဲက တင်းပြည့်ကျပ်ပြည့် ၅ ဖွဲ့သာ ကျန်ရှိတော့မှာ ဖြစ်ပါ တယ်။

PPST အနာဂတ်နဲ့ပတ်သက်ပြီး PPST အဖွဲ့ရဲ့ ပြောခွင့်ရဗိုလ်မှူးကြီးစောကျော်ညွန့်ကတော့ နိုင်ငံရေး အခင်း အကျင်းအရ နိုင်ငံရေးဆွေးနွေးမှု ဘောင်ကျဉ်းလာတဲ့အချိန်မှာ အဖွဲ့အပေါ် စိတ်ဝင်စားမှု အားနည်းလာတာဟာ ပကတိအ မှန်တရားပဲဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီအချိန်မှာကတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ပုံမှန်အနေအထားမဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခုဖြစ်တယ်။ ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင် ကျွန်တော်တို့က နိုင်ငံရေးဆွေးနွေးပွဲတွေ ဘာတွေ ဒီအချိန်မှာ နည်းနည်း လေး ဘောင်ကျဉ်းမြောင်းတဲ့ အချိန်ကာလလည်းဖြစ်တယ်။ နိုင်ငံရေးဆွေးနွေးပွဲလို့ ဒီအချိန်မှာ အများအားဖြင့် ကတော့ စိတ်ပါဝင်စားမှုအားနည်းတဲ့ အခြေအနေတစ်ရပ်လည်း ပက တိရှိနေတဲ့ အမှန်တရားအခြေအနေ ဖြစ် ပါတယ်” လို့ သူက ဆိုပါတယ်။

ဒါပေမယ့် PPST မှာ ကျန်ရှိနေတဲ့ အဖွဲ့တွေကတော့ ကိုယ်ကျိုးစီးပွားရေးအတွက် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပြီး ဆက်လက်ရပ်တည်သွားနိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

နိုင်ငံရေး အကဲခတ်တွေကတော့ လက်ရှိနိုင်ငံရေး အခင်အကျင်းအရ PPST အနေနဲ့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမှုဟာ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်သလို တစ်ဖွဲ့ပြီးတစ်ဖွဲ့ နုတ်ထွက် လာတဲ့ PPST ကလည်း မကြာမီကာလအတွင်း ပြိုကွဲတော့မယ်လို့ သုံးသပ်တာပါ။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ -PPST

Most read this week

November 18, 2024
မွန်ပြည်နယ်မှာ စာသုံးဆီဖူလုံအောင် ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်းနဲ့ နေကြာတို့ကို...
November 14, 2024
“ဘုတလင်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်မှု...
November 14, 2024
စစ်အာဏာသိမ်းမှု သုံးနှစ်‌ကျော်အတွင်း မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်အလုံးပေါင်း ၁၀၅,၃၀၀...
November 13, 2024
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသရှိ မွန်စစ်ရှောင်ပြည်သူတွေ...