ပင်လောင်းတိုက်ပွဲ အတွင်း စစ်ကောင်စီ တပ်သား ၂၀ ကျော် သေ

ပင်လောင်းတိုက်ပွဲ အတွင်း စစ်ကောင်စီ တပ်သား ၂၀ ကျော် သေ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်၊ နမ့်နန်းကျေးရွာ တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား အယောက် ၂၀ ကျော် ကျဆုံးခဲ့သည်ဟု ကရင်နီ တော်လှန်ရေး အဖွဲ့တာဝန်ရှိသူများက ပြောသည်။

နမ့်နန်းကျေးရွာ တောင်ကုန်းတစ်လျှောက်တွင် စစ်အင်အား ၂၀၀ ကျော်ဖြင့် တပ်စွဲထားသည့် ခြေမြန်တပ်ရင်း (ခမရ) မှ တပ်မ ၅၅၊ တပ်မမ ၆၆ နှင့် လမ်းပြ ပအိုဝ့်ပြည်သူ့စစ် (PNA) တို့ကို ယမန်နေ့ မတ်လ ၁၆ ရက်နေ့က နံနက် ၇ နာရီမှ နေ့လည်၁ နာရီအထိ မဟာမိတ် တော်လှန်ရေး တပ်ပေါင်းစုများကဆီးကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။

ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု (KRU)မှ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “စစ်ကောင်စီ တပ်စွဲထားတာ က တောင်ပေါ်မှာပေါ့နော်။ အဲဒီမှာ သူတို့က ရွာသားတွေကို စစ်သုံ့ပန်းအနေနဲ့ ဖမ်းလာတဲ့ ပုံစံမျိုး ရှိတယ်ပေါ့။ ၄ ဦးက လမ်းပြအနေနဲ့ တောင်ပေါ်ကနေ တောင်အောက် ဆင်းလာပြီး ရေလာခပ်တဲ့ အချိန်မှာ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်တာပေါ့” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲတွင် KRU နှင့်အတူ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) တပ်ရင်း- ၁၁၊ ပအိုဝ်းပြည် သူ့ ကာကွယ်ရေးတပ် (PNDF- KK)၊ စစ်တောင်း ပြောက်ကျားတပ်ဖွဲ့နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ အလယ်ပိုင်းတိုင်း တပ်ရင်း ၄၊ တပ်ရင်း ၈၀၅၊ တပ်ရင်း ၁၁၀၂ တို့မှ ပါဝင်တိုက်ခိုက်ခဲ့ခြင်း ဖြစ် သည်။

တိုက်ပွဲ ဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီဘက်မှ ၆၀-မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် KRU ရဲဘော် ၂ ဦး အပြင် အခြားတပ်ဖွဲ့များမှ ရဲဘော် ၃ ဦး စုစုပေါင်း ၅ ဦး မစိုးရိမ် ဒဏ်ရာများ ရရှိခဲ့သည်ဟု KRU ပြန်ကြားရေး တာဝန်ရှိသူက ဆက် ပြောသည်။

“၅ ယောက်မှာ ၁ ယောက်က နည်းနည်း ထိခိုက်ဒဏ်ရာ များတယ်ပေါ့။ ကျန်တဲ့ ၄ ယောက်က အစမှန်တာပဲ ဆို တော့ သိပ်တော့ မစိုးရိမ်ရဘူး။ ဒဏ်ရာများတဲ့ တစ်ယောက်ကလည်း အသက်အန္တရာယ် မစိုးရိမ်ရဘူး။ သူက လောလောဆယ် ပေါင် ၂ ဖက်လုံး ထိသွားတယ်ဆိုတော့ ဘာမှပြောလို့ မရသေးဘူး။ KRU က မဟုတ်ဘူးဆိုတော့ သူတို့ သက်ဆိုင်ရာ တပ်ရင်းတွေကို ပြန်ပြီး မေးကြည့်မှ သိမှာပေါ့။ လောလောဆယ်ကတော့ စိတ်ချရတဲ့ နေရာ မှာပဲ စောင့်ရှောက်မှု ပေးထားတယ်။”

တိုက်ပွဲအပြီးတွင် KRU မဟာမိတ်တော်လှန်ရေး တပ်ပေါင်းစုများမှ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာခဲ့သော် လည်း နောက်ချန် ကင်းထောက်များသည် စစ်ကောင်စီတပ်များက ၎င်းတို့၏အလောင်းများ လာရောက် သယ် ဆောင်သွားခြင်းကို မျက်မြင် အတည်ပြုနိုင်ခဲ့သည်ဟု ပြောသည်။

သို့သော် စစ်ကောင်စီတပ်များ ခြေကုတ်ယူထားသည့် တောင်နှင့် ၎င်းတို့ တပ်စွဲထားသည့် တောင်မှာ နေရာခြင်း ကွာဝေးလွန်းသောကြောင့် သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများ၏ လက်နက်များကို ယူဆောင်နိုင်ခြင်း မရှိခဲ့ဘူးဟု ဆိုသည်။

ပူးပေါင်းတပ်ဖွဲ့များဘက်က တာဝန်ရှိသူတစ်ဦးက “ဒေသခံလူထု အနေနဲ့ ပအိုဝ့်လူမျိုးတွေ ကျနော်တို့ ဘက်မှာ ပါဝင်ပေးဖို့ လိုတယ်ပေါ့နော်။ ကျနော်တို့က အာဏာရှင်ကို တိုက်နေကြတာ။ အာဏာရှင်နဲ့ ပူးပေါင်းပြီး လမ်း ပြတာတို့၊ ကူညီတာတို့။ လုပ်နေမယ်ဆိုရင် ကျနော်တို့အတွက် အခက်အခဲ ဖြစ်တယ်ပေါ့။ ဒါကြောင့် ဒီကနေပဲ ပူးပေါင်း ပါဝင်ပေးကြပါလို့ ပြောချင်တယ်” ဟု တောင်းဆိုထားသည်။

စစ်ကောင်စီတပ်များသည် ပင်လောင်းမြို့နယ်ထဲက တိုက်ပွဲများအတွင်း အရပ်သားများကို ဖမ်းဆီး ခေါ်ဆောင် သွားပြီး စစ်သုံ့ပန်းကဲ့သို့ ပြုမှုနေသောကြောင့် စစ်မျက်နှာနှင့် ကွာဝေးသည့် နေရာများသို့ ပြောင်းရွှေ့ နေထိုင်ကြ ရန် KRU က မေတ္တာရပ်ခံထားသည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...