နဂါးနီစစ်ကြောင်းကို NUG ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသက လက်နက်များသွားရောက်တပ်ဆင်ပေး

နဂါးနီစစ်ကြောင်းကို NUG ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသက လက်နက်များသွားရောက်တပ်ဆင်ပေး

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် တပ်မဟာ(၆)နယ်မြေအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဒေသခွဲ အမှတ်-၃ လက်အောက်ခံ နဂါးနီစစ်ကြောင်းကို အမျိုးသားညီညွတ် ရေးအစိုးရ(NUG)၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး ရဲဘော် စောရှားနှင့် တောင်ပိုင်း စစ်ဒေသ၊ တာဝန်ရှိ ပုဂ္ဂိုလ်များက ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် လက်နက်များ သွားရောက်တပ် ဆင်ပေးခဲ့ကြောင်း သိရသည်။

စစ်ဒေသခွဲ အမှတ်-၃လက်အောက်ခံ နဂါးနီ စစ်ကြောင်းမှ ပြန်ကြားရေး တာဝန်ခံတစ်ဦးက “လက်နက်အရေ အတွက် ကတော့အထက်က ကျနော်တို့ကို ပြောခွင့်မပေးပါဘူး။ လက်နက်အမျိုးအစားကတော့ M16တွေပါ။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့နောက် စစ်ဒေသခွဲအမှတ် ၃ အတွင်း စစ်ရေးနှင့်ပက်သက်သည့် လုပ်ဆောင်ချက်များနှင့်အခြေအနေ အရပ်ရပ် များကို ရဲဘော်များအား ရှင်းရှင်းလင်းလင်း သိရှိစေရန်ပြောကြားခဲ့ပြီး အာဏာသိမ်းကာလ ၂ နှစ်ကျော်အတွင်း အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးအတွက် ရဲဘော်များ၏ စိတ်ဓာတ်မာကျောနေမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုဩဝါဒ စကားပြောကြားခဲ့ကြောင်းလည်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

ဂုဏ်ပြုစကားပြောကြားပြီးသည့်နောက်တွင် စစ်ကြောင်းမှူးများမှလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီး ဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များကို ကျေးဇူးတင်စကားပြောဆိုပြီး အခမ်းအနား အစီအစဉ်ကို ပိတ်သိမ်း လိုက်ကြောင်း ဆိုသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ရက်နေ့ကလည်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကျားသစ်နက် စစ်ကြောင်း၏ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေးအပ်ခဲ့သေးသည်။

ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း သင်တန်း ဆင်းပွဲသို့ NUG ၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကိုယ်တိုင်တက်ရောက်၍  လက်နက်တပ်ဆင် ပေးအပ်ခဲ့သလို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က NUG က သေနတ် အလက် ၅၀ ကို ကော်ဘရာ စစ်ကြောင်းကို ထောက်ပံ့ပေးခဲ့သေးသည်။

ထိုသို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG၏ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တောင်ပိုင်းတိုင်း စစ်ဒေသကို လက်နက် ၅၀ ရာခိုင်နှုန်းနီးပါး တပ်ဆင်ပေးနိုင်ပြီးဖြစ်ကြောင်းလည်း တောင်ပိုင်းစစ်ဒေသ၏ စစ်ဒေသခွဲ အမှတ်(၃) ဒု-စစ်ဒေသမှူးစောရှားကလည်း ပြီးခဲ့သည့်လက ပြောဆိုထားသည်။

Most read this week

January 27, 2025
ကရင်ပြည်နယ်၊ ဖားအံမြို့တွင်းနှင့် မြို့အနီးဝန်းကျင် လူသွားလူလာ ပြတ်တောက်သည့် လမ်းများပေါ်၌...
January 24, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းဧရိယာသို့...
January 23, 2025
ထိုင်း-မြန်မာ နယ်စပ်တွင် ဖြစ်ပေါ်နေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် လူကုန်ကူးမှု...
January 22, 2025
ငွေကြေးလိမ်လည်ဖြားယောင်းမှု (ကျားဖြန့်) ပြဿနာအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို...