ကော့ကရိတ်တွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် မြို့တွင်း လုံခြုံရေးပိုမိုတင်းကြပ်

ကော့ကရိတ်တွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် မြို့တွင်း လုံခြုံရေးပိုမိုတင်းကြပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် စစ်ကောင်စီက Martial Law စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာပြီးနောက်ပိုင်းတွင် မြို့တွင်း စစ်ကောင်စီတပ်များ လုံခြုံရေးပိုမိုတင်းကြပ်မှု လုပ်ဆောင်လာနေကြောင်း ကော့ကရိတ်မြို့ဒေသခံများက ပြောသည်။

တိုက်ပွဲများအမြဲလိုလိုဖြစ်ပွားနေသည့် ကော့ကရိတ်မြို့သည် စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာပြီးနောက် မြို့တွင်း လမ်းဆုံလမ်းဂွများတွင် စစ်ကောင်စီတပ်များ လုံခြုံရေးပိုမိုချထားခြင်းနှင့် စစ်ကောင်စီတပ်များ မြို့တွင်းလှုပ်ရှားသွားလာမှုပိုမိုလုပ်ဆောင်လာနေကြောင်း မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“ဒီနှစ်ရက်၊ သုံးရက်မှာ မြို့တွင်း စစ်ကောင်စီတွေတော်တော်သွားလာလှုပ်ရှားနေတယ်။ လမ်းဆုံလမ်း ဂွတွေမှာလည်း လာစောင့်နေတယ်။ ကားတွေနဲ့ ရွှေကြက်မင်း ဘုရားဘက်တက်လိုက်၊ မြို့ထဲပြန်ဝင်လိုက် အမြဲသွားလာနေတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်မြို့သည်  Martial Law စစ်မြေပြင်အဖြစ်ကြေညာပြီး ကော့ကရိတ်-ရွာသစ်လမ်းဆုံတွင် တိုက်ပွဲအနည်းငယ်ဖြစ်ပွားလျက်ရှိရာ တိုက်ပွဲများထပ်မံပြင်းထန်လာမည်ကို စိုးရိမ်နေကြောင်း ကော့ကရိတ်မြို့အနီးကျေးရွာသူ/သားများက ပြောသည်။

“ကော့ကရိတ်မြို့ Martial Law ကြေညာတော့ တိုက်ပွဲပိုမိုပြင်းထန်လာမှာ စိုးရိမ်တယ်။ ပြီခဲ့တဲ့သောကြာ နေ့က ကော့ကရိတ်-ရွာသစ်လမ်းဆုံမှာ တိုက်ပွဲဖြစ်လို့ စစ်ကောင်စီတပ်တွေလက်နက်ကြီးပစ်တာ ရွာခံ တစ်ဦး ဒဏ်ရာရသေးတယ်။ ရွာသားတွေလည်းပြေးကြပြီး။ စစ်ကောင်စီတပ်တွေ တက်လာရင်တော့ ကျမလည်းနေမရဲတော့ဘူး။ ပြေးရတော့မယ်”ဟု မောင်းမရွာသစ် ကျေးရွာခံတစ်ဦးက ‌ပြောသည်။

ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာအုပ်စုနှင့် မောင်းမကျေးရွာအုပ်စုအတွင်းရှိ ကျေး ရွာသူ/ သားများသည် တိုက်ပွဲကြောင့် မကြာခဏထွက်ပြေးတိမ်းရှောင်နေရပြီး ယခင်နှစ် ဒီဇင်ဘာလ ၁၆ ရက်တွင် တစ်ဖန်ထပ်မံတိမ်းရှောင်ရကာ ယခုအချိန် နေအိမ်ပြန်လည်နေထိုင်မရဲသေးကြောင်း ကော့နွဲရွာသားများထံမှ သိရသည်။

အလားတူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်ရှိ ကော့ကရိတ်၊ ဝင်းရေး၊ နို့တကော်မြို့နယ်များ၏  အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဆိုင်ရာများကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ စစ်အုပ်ချု‌ပ်ရေး မာရှယ်လောအာဏာကျင့်သုံးရန် စစ်ကောင်စီအတွင်း ရေးမှူး ဒုတိယဗိုလ်မှူးကြီးအောင်လင်းဒွေ၏ အမိန့်အရ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်ထုတ်ပြန် ထားခြင်းဖြစ်သည်။

ထို့အတူ ကော့ကရိတ်မြို့နယ်တွင် Martial Law ကြေညာပြီးနောက် မြဝတီ−ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် ယခုလဆန်းပိုင်းမှစတင်ကာ ယာဉ်သွားယာဉ်လာ နည်းပါးလာနေကြောင်း ယာဉ်မောင်းများက ပြောသည်။

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...