စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် မင်းတပ်မြို့နယ်မှ ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် မင်းတပ်မြို့နယ်မှ ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၁၁)၊ အုံကျေးရွာတွင် ဇန်နဝါရီလ ၃၁ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့သည်ဟု သိရသည်။

မင်းတပ်မြို့ပေါ်ရှိ ခလ၇ ၂၇၄ တပ်ရင်းမှ ရမ်းသမ်းပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် အုံကျေးရွာ ဆေးခန်းအနီးတွင် ၃ ကြိမ်ကျရောက်ပေါက်ကွဲကာ အသက် ၁၄ နှစ်အောက် မိန်းကလေး ၃ ဦးနှင့် အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့က သတင်းထုတ်ပြန်လာသည်။

စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည်ကြောင့် အသက် ၄၂ နှစ် အရွယ်အမျိူသမီးတစ်ဦး ဘယ်ညာပေါင်ရိုးထိ၊ အသက် ၁၄ နှစ်အရွယ်မိန်းကလေးတစ်ဦး လက်မောင်းကျည်ထိ၊ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး ဘယ်တံတောင်ဆစ်ကျည်ထိ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး ဘယ်လက်ကျည်ထိ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

ထို့အပြင် ကျေးရွာဆေးခန်း၊ ဂျစ်ကား (၁) စီး၊ လူနေအိမ်တစ်လုံး လက်နက်ကြီးဗုံးဆံထိမှန်ပျက်စီးခဲ့သည်။ စစ်ကောင်စီ၏ ဂျက်တိုက်လေယဉ်များလည်း မင်းတပ်မြို့နယ်အတွင်း နေ့တိုင်း ပျံဝဲလျက်ရှိပြီး လွန်ခဲ့သော (၁) ပတ်အတွင်း (၃) ကြိမ်အထက် ညဉ့်ဦးယံအချိန်များတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

Most read this week

November 14, 2024
- ကရင်နီလူမှုသိပ္ပံကောလိပ်က အသက်မွေးဝမ်းကျောင်းသင်ကြားရေး အပတ်စဉ်(၄)ရဲ့ ၃ လတာ...
November 13, 2024
- KIA သိမ်းပိုက်ထားတဲ့ ကချင်အထူးဒေသ ၁ က မြို့တွေမှာ စည်းလုံးမှုနဲ့လုံခြုံရေးအတွက်...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...
November 13, 2024
- ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်/တပ်မဟာ(၁)မှာ တပ်သားသစ်ထပ်မံမွေးထုတ်ဖို့အတွက်...