Published
Friday, January 20, 2023
မတူပီမြို့နယ်အတွင်းကတိုက်ပွဲမှာ CDF-Matupi က ရဲဘော်တစ်ဦးကျဆုံး၊ လက်နက်ခဲယမ်းအမြောက်အများရှုံးဆုံး
- ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့ပါတယ်။
- ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ CDF-Matupi တပ်ဖွဲ့အကြား ဖြစ်ပွားတဲ့တိုက်ပွဲမှာ CDF-Matupi က ရဲဘော်တစ်ဦးကျဆုံးပြီး သေနတ် ၄ လက်နဲ့ ကျည်ဆံအမြောက်အများ ရှုံးဆုံးခဲ့တယ်လို့ သိရပါတယ်။
- လာမယ့်သြဂုတ်လထဲမှာ ကျင်းပပြုလုပ်ဖို့ စစ်ကောင်စီက စီစဉ်နေတဲ့ရွေးကောက်ပွဲအတွက် ချင်းပြည်နယ်က မြို့နယ်တချို့မှာ လူဦးရေသန်းခေါင်စာရင်းနဲ့ အိမ်ထောင်စုစာရင်းတွေကို တစ်အိမ်တက်ဆင်း လိုက်လံကောက်ခံနေပါတယ်။