Published
Wednesday, January 18, 2023
တိုက်ပွဲရှောင်နေကြရတဲ့ဒေသခံအမျိုးသမီးတွေ စစ်ရှောင်ကာလကြာလာတာနဲ့အမျှ စားဝတ်နေရေးအတွက် ရပ်တည်ဖို့ခက်ခဲလာ (ဇန်နဝါရီလ ၁၈၊ ၂၀၂၃)
- ဒူးပလာယာခရိုင် ဝင်းရော်ဒေသက ဒေသခံတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးချုပ်နှောင်ရိုက်နှက်ခဲ့တာကြောင့် အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ပါတယ်။
- ကော့ကရိတ်မြို့အနီးကျေးရွာတွေမှာ တိုက်ပွဲရှောင်နေကြရတဲ့ ဒေသခံအမျိုးသမီးတွေဟာ စစ်ရှောင်ကာလ ကြာလာတာနဲ့အမျှ စားဝတ်နေရေးအတွက် ရပ်တည်ဖို့ အခက်အခဲတွေရှိလာနေပါတယ်။
- သောင်ရင်းမြစ်ကမ်းတစ်လျှောက်မှာ ထွက်ပြေးတိမ်းရှောင်နေထိုင်ကြရတဲ့ IDP စစ်ပြေးဒုက္ခသည်တွေဟာ ကလေးတွေရဲ့ ရှေ့ရေးအနာဂတ်အတွက် မိဘတွေကစိုးရိမ်နေကြပါတယ်။