Published
Sunday, January 15, 2023
ရွေးကောက်ပွဲဟာ နိုင်ငံရေးအကျပ်အတည်းထွက်ပေါက်ဖြစ်၍ AFP ပါတီကဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီဥက္ကဋ္ဌပြော (ဇန်နဝါရီလ ၁၅၊ ၂၀၂၃)
- ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း စတင်ကောက်ခံနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
- စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲဟာ နိုင်ငံရေးအကျပ်အတည်းထွက်ပေါက်တစ်ခုဖြစ်တာကြောင့် AFP ပါတီက ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောဆိုလိုက်ပါတယ်။
- ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်မှာရှိတဲ့ စစ်ဘေးရှောင်တွေကို စစ်တပ်က ရိက္ခာတွေဖြည့်တင်းရာမှာ ငွေအနည်းငယ်ပေးပြီး ဖိအားပေးစေခိုင်းမှုတွေ ပြုလုပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။