CNRWG မှပြုလုပ်သည့် “ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်အစိုးရ မဏ္ဍိုင်သုံးရပ် အပေါ် ပြည်သူများအမြင်” သုတေသနစစ်တမ်းနှင့်ပတ်သက်ပြီး CNRWG အလုပ်အမှုဆောင်ဒါရိုက်တာ ဦးလျန်တွောင်နှင့်တွေ့ဆုံခြင်း

CNRWG မှပြုလုပ်သည့် “ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်အစိုးရ မဏ္ဍိုင်သုံးရပ် အပေါ် ပြည်သူများအမြင်” သုတေသနစစ်တမ်းနှင့်ပတ်သက်ပြီး CNRWG အလုပ်အမှုဆောင်ဒါရိုက်တာ ဦးလျန်တွောင်နှင့်တွေ့ဆုံခြင်း
by -
ချင်းဝေါလ်
“သုတေသနစစ်တမ်းကိုသုံးသပ်ရမယ်ဆိုရင် လွှတ်တော်ကိုယ်စား လှယ်တွေကိုယ်တိုင် က အခုချိန်ထိ ပါတီကိုယ်စားလှယ်လို့ပဲယူဆကြတယ်။ သူတို့ပြောစ ကားတွေ နားထောင်တယ်ဆိုရင်ပေါ့။ ဒါကဝမ်းနည်းစရာပေါ့။ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ သူတို့ကိုသူတို့ပါတီ ကိုယ်စား လှယ်မဟုတ်ပဲ၊ ဒေသတစ်ခုလုံးရဲ့ကိုယ်စား လှယ်ဖြစ်တယ် ဆိုတာကို လက်ခံနိုင်ဖို့အရမ်း အရေးကြီးပါတယ်”

chinworld1501မေး။ ။ အရင်ဦးဆုံး CNRWG အနေနဲ့ စစ်တမ်းပြုလုပ်ရခြင်း ရဲ့ရည်ရွယ် ချက်ကိုသိချင်ပါတယ်။

ဖြေ။ ။ ဒီစစ်တမ်းလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ လက်ရှိအစိုးရ အနေနဲ့ပြုပြင်ပြောင်းလဲရေးတွေ၊ ဖွံ့ဖြိုးရေးတွေလုပ်ဆောင်နေတာပေါ့။ အဲလိုလုပ်တာတွေက ပြည်သူတွေရဲ့လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိ သလားဆိုတာ ချိန်ထိုးလို့ရအောင်လုပ်တာဖြစ်ပါတယ်။ ရလာတဲ့ရ လဒ်ကနေ တစ်စုံတစ်ခုအသုံးပြုနိုင်မယ်ဆိုရင် ပြည်သူတွေအား ကိုးတဲ့အစိုးရတစ်ရပ်၊ အားကောင်းတဲ့အစိုးရတစ်ရပ်ဖြစ် လာမယ်လို့ လည်းယုံကြည်ပါတယ်။

မေး ။ ။ အခုလိုလုပ်တာက ဘယ်အဖွဲ့အစည်းတွေနဲ့အတူလုပ်ဖြစ်တာလဲ။

ဖြေ။ ။ ကျွန်တော်တို့အဓိကနယ်ဆင်းတုန်းကဆိုရင် ကလေးတက္ကသိုလ်မှာ တက်နေတဲ့ဇိုမီးကျောင်း သားအဖွဲ့နဲ့လုပ်တယ်။ မေးခွန်းစလုပ်တာကတော့ ဖေဖော်ဝါရီလကတည်းကမေးခွန်းတည်ဆောက်ထားတယ်။ မေးခွန်း မှာနှစ်ပိုင်းရှိတယ်။ တစ်ပိုင်းကတော့ ပြည်ထောင်စုမေးခွန်းပေါ့။ အဲဒါကို ကျတော့ ပညာရေးဘဝတစ်သက်တာအဖွဲ့ကပံ့ပိုးတယ်။ ပြီးတော့ ဒေသ တွင်းမေးခွန်းရှိတယ်။ အဲဒီမေးခွန်းကို ကောလိပ်ကျောင်းသားတွေနဲ့ အလုပ်ရုံဆွေးနွေးပွဲလုပ်ပြီးတော့မေးခွန်းတွေတည်ဆောက်ထားတယ်။ စစ်တမ်းကောက်တဲ့ကာလကို ဧပြီလတစ်လလို့သတ်မှတ်ထား ခဲ့တာဖြစ်ပါတယ်။

မေး။ ။ ဒီစစ်တမ်းရဲ့ရလဒ်တွေအခုထွက်လာပြီးဆိုတော့ ဘယ်သူတွေ ကိုချပြဖြစ်သလဲ။

ဖြေ။ ။ ဒီစစ်တမ်းထွက်ပေါ်လာပြီးတဲ့အချိန်မှာ ကျွန်တော်တို့အရင်ဆုံး ချင်းပြည်နယ်လွှတ်တော်ဥက္ကဌနဲ့ တွေ့ပါတယ်။ သူ့ဆီမှာဒီကိစ္စကိုချပြပါ တယ်။ ဒုတိယအနေနဲ့နေပြည်တော်သွားပြီးတော့ အမျိုးသားလွှတ်တော် နဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကိုတွေ့နိုင်သမျှတွေ့ပြီး သူတို့ လက်ထဲကိုပေးဖြစ်ပါတယ်။ ချက်ခြင်းကြီးတော့ ပြည်သူတွေဆီကိုတော့ မပေးဖြစ်သေးဘူး။ ဘာလို့လဲဆိုရင် သူတို့လက်ထဲအရင်မရောက်ပဲ ပြည်သူလက်ထဲအရင်ရောက်သွားရင် စကားနိုင်လုစရာတွေဖြစ်လာမှာ စိုးလို့သူတို့ဆီကိုပဲအရင်ပို့လိုက်တယ်။

မေး။ ။ ဒီစစ်တမ်းကို ဘယ်ဒေသတွေမှာအဓိကကောက်ဖြစ်တာလဲ။

ဖြေ။ ။ ဒီစစ်တမ်းကောက်တာကို အဓိက ချင်းပြည်နယ်မြောက် ပိုင်းသုံးမြို့ နယ်ကိုရွေးချယ်ထားပါတယ်။ ဘာလို့လဲဆိုတော့ ဇိုမီးကျောင်း သားအဖွဲ့နဲ့ လုပ်တာဆိုတော့ ဘာသာစကားပေါက်တဲ့မြို့သုံးမြို့ ကိုရွေးချယ် ရခြင်းဖြစ် ပါတယ်။ ကျွန်တော်တို့ယူဆထားတာကတော့ စစ်တမ်းရဲ့ သဘောတရား က ရာခိုင်နှုန်းနဲ့ယူတာဖြစ်တဲ့အတွက် ချင်းပြည်နယ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ယူထားတာဖြစ်ပါတယ်။ တစ်စိတ်တစ်ပိုင်း ဆိုပေမယ့်လည်း ချင်းပြည်နယ် ထဲကပဲဖြစ်ပါတယ်။

မေး ။ ။ စစ်တမ်းကောက်တဲ့ကာလတွေမှာ ဘယ်လိုအခက်အခဲကြံုရသလဲ။

ဖြေ။ ကျွန်တော်တို့ကလူမှုရေးလုပ်ငန်းသမားကနေလုပ်တာဖြစ်တဲ့အတွက် နည်းပညာပိုင်းဆိုင်ရာမှာအခက်အခဲရှိတယ်။ ဖြစ်ချင်တဲ့ဆန္ဒတွေများတဲ့အ ခါကျတော့နေရာအတော်များများကိုသတ်မှတ်ထားတယ်။ ပထမကတော့ မြို့ပေါ်၊ ပြီးတော့ မြို့ပေါ်ကနေနည်းနည်းလှမ်းတဲ့နေရာ၊ တတိယကျတော့ မြို့ပေါ်နဲ့အလှမ်းဆုံးနေရာ၊ သုံးနေရာကိုခြံုနိုင်အောင်လုပ်တဲ့အခါကျတော့ သွားရေးလာရေးခက်ခဲတယ်။ တစ်ချို့နေရာမှာ တစ်ရက်နဲ့မရောက်တာ၊ တစ်ရက်နဲ့မေးခွန်းမပြီးတာတွေကျတော့ ညအိပ်တာတွေစသည်ဖြင့် အများကြီးအခက်အခဲရှိတယ်။ ဘာသာစကားတူတဲ့ဒေသ ကိုလုပ် တာဖြစ်တဲ့အတွက် အင်တာဗျူးလုပ်တဲ့အချိန်တော့ အတော်လေးအ ဆင်ပြေတယ်။

မေး ။ ။ ဒီစစ်တမ်းရဲ့ရလဒ်နဲ့ပတ်သက်ပြီး ဘယ်လောက်အထိ အကျိုးရှိမယ် လို့ယူဆပါသလဲ။

ဖြေ။အစိုးရအနေနဲ့ရရှိလာတဲ့စစ်တမ်းကိုအားလုံးလက်ခံလာစေချင်တာလို့မဆိုလိုပါဘူး။ အဓိကတော့ ခန္ဓာကိုယ်ဆိုရင်ရောဂါပြနေလိမ့်မယ်။ အဲလိုပြနေတာကိုလက်ခံပြီးတော့ ကုမယ်ဆိုရင် လက်ရှိနိုင် ငံရေးပြုပြင်ပြောင်းလဲရေးမှာအများကြီးအထောက်အကူပြုမယ်လို့ယုံကြည်ပါတယ်။ ဒီလိုစစ်တမ်းကအရမ်းအရေးကြီးလိမ့်မယ်လို့ယူဆတယ်။ ဒီစစ်တမ်းမှာ ရဲဝန်ထမ်း၊ တရားသူကြီးတွေပါမယ်။ စစ်တမ်းမှာပါတဲ့ ကဏ္ဍအားလုံးက ဒီစစ်တမ်းကိုနည်းနည်းလေးဂရုစိုက်ပေးလိုက်တယ်။ နည်းနည်းလေးလက်ခံပေးလိုက်တယ်ဆိုရင်တော့ ရှေ့လုပ်ငန်းစဉ်မှာ အများကြီးကောင်းလာဖို့ရှိတယ်လို့မြင်ပါတယ်။ အနာကိုအနာလို့ လက်ခံရင်တော့ကောင်းတယ်။ ဒါပေမယ့် အနာကိုမနာဘူးလို့ပြော ရင်တော့ ပြည်သူတွေပဲဆက်ပြီးနစ်နာရုံပဲရှိတယ်။

မေး။ ။ အခုလိုထွက်ပေါ်လာတဲ့ စစ်တမ်းက ကိုယ်ခန့်မှန်းထားတာနဲ့ ဘယ်လောက်ထိကွာဟမှုရှိသလဲ။

ဖြေ။ ။ ထွက်ပေါ်လာတဲ့ဒီရလဒ်မျိုးက တစ်နိုင်ငံလုံးမှာ လည်းဖြစ်ကောင်းြ ဖစ်ပါလိမ့်မယ်။ အတော်လေးကွာတော့ စိတ်တော့ မကောင်းဘူး။ လွှတ်တော်သက်တမ်းက ဒုတိယသက်တမ်းပဲရှိနေသေးတာကြောင့်လား။ လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့စည်းရုံးရေးကာလမှဖြစ်ဖြစ်၊ ရွေးကောက်ပွဲပြီးလို့လုပ်ဆောင်ချက်တွေဖြစ်ဖြစ် လူထုနဲ့ထိတွေ့ဆက်ဆံမှု နည်းတယ်လို့ပြောလို့ရတယ်။ ပြည်သူတွေက လွှတ်တော်ကိုယ်စားလှယ် ကိုတော့သိတယ်။ ဒါပေမယ့် သူတို့ဘာလုပ်နေသလဲဆိုတာ မသိဘူးဖြစ်နေတယ်။ ဆိုတော့သိတာက လူမှုရေးအရပဲရှိတယ်။ ကိုယ်စားလှယ်အနေနဲ့သိတာမဟုတ်ဘူးဆိုတာတွေတွေ့ရတယ်။

မေး။ ။ စစ်တမ်းရလဒ်ကိုခြံုပြီး သုံးသပ်ရမယ်ဆိုဘယ်လိုသုံးသပ်ရမလဲ။

ဖြေ။ ။ စစ်တမ်းကိုသုံးသပ်မယ်ဆိုရင် ကျွန်တော်တို့က အစိုးရကိုယုံကြည်မှု အားနည်းနေတယ်။ ဒါကမကောင်းဘူးဆိုတာလက်ခံရမှာပေါ့။ ယုံကြည်မှုအားနည်းတော့ အားမကိုးတော့ဘူးပေါ့။ မထင်မှတ်ပဲတွေ့တဲ့ တွေ့ရှိချက်ကတော့ စစ်တမ်းလုပ်ပြီးနောက် အလုပ်ရုံဆွေးနွေးပွဲပြန်လုပ် တဲ့အချိန်ကျတော့ နိုင်ငံရေးဖြစ်စဉ်တစ်လျှောက်မှာဖြစ်ဖြစ်၊ လူမှုရေးလုပ်ငန်းမှာဖြစ်ဖြစ် အမျိုးသမီးကဏ္ဍပါ၀င်အောင် လုပ်ပေးဖို့ ဆိုတာဖြစ်တယ်။ ဒီစစ်တမ်းမှာဆိုရင် ရဲဝန်ထမ်းဖြစ်ဖြစ်၊ တရားသူကြီး ကိုဖြစ်ဖြစ် ယုံကြည်မှုအားနည်းတာအတော်ဆိုးတယ်။

မေး။ ။ စစ်တမ်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင် ချက်တွေကို စစ်တမ်းကောက်တဲ့နယ်မြေက လူထုကမသိတဲ့ရာခိုင်နှုန်း ကများနေတယ်။ ဘာကြောင့်လို့သုံးသပ်ချင်ပါသလဲ။

ဖြေ။ ။ သုံးသပ်ရမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင်ကလည်း သူ့ကိုသူခံယူတဲ့အပိုင်းကိုသတိထားမိတယ်။ သူတို့ကအခုချိန်ထိ ပါတီကိုယ်စားလှယ်လို့ယူဆကြတယ်။ သူတို့က မြို့နယ်တစ်ခုရဲ့ကိုယ်စားလှယ်ဆိုတာကို သူ့စကား အရလက်မခံနိုင်သေးဘူး။ သူတို့အပြောနားထောင် တယ်ဆိုရင်ပေါ့။ ဒါကဝမ်းနည်းစရာပေါ့။ သူတို့ကိုယ်သူတို့ဒေသ တစ်ခုရဲ့ကိုယ် စားလှယ်တွေဖြစ်တယ်လို့မသတ်မှတ်ကြဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သူတို့ကိုသူတို့ ပါတီကိုယ်စားလှယ်မဟုတ်ပဲ၊ ဒေသတစ်ခုလုံးရဲ့ ကိုယ်စားလှယ်ဖြစ်တယ်ဆိုတာကို လက်ခံနိုင်ဖို့အရမ်းအရေးကြီးပါတယ်။ သူကိုယ်စားပြုတာအားလုံးသိထားပြီးသား။ ဒါကြောင့်လည်း အခုလိုနေရာရောက်တာလေ။ သူတို့ကိုယ်စားပြုမှုကို သဲသဲကွဲကွဲမရှိဘူးလို့ပဲမြင်တယ်။

မေး။ ။ ဖြည့်စွက်ပြောချင်တာဘာရှိလဲ။

ဖြေ။ ။ ကျွန်တော်လူမှုရေးလုပ်ငန်းမှာနှစ်နှစ်ရှိပြီ။ လူကြီးပိုင်းတွေပြောတယ်။ ချင်းပြည်နယ်မှာဘာမှမထွက်တော့ ဘတ်ဂျက်တောင်းရမှာ မျက်နှာငယ်တယ်တဲ့။ ကျွန်တော်ပြန်ပြောတယ်။ နေပြည်တော် မှာကောဘာထွက်လဲ။ ဘာမှမထွက်ပဲ ဘယ်သူမှမနင်းတဲ့ ရ လမ်း ၈ လမ်းတွေခင်းထားတာပဲ။ အဲဒါတခြားပြည်နယ်ကခင်းထားတာလေ။ ဘာထွက်ခြင်းနဲ့မထွက်ခြင်းဆိုတဲ့နေရာမှ ၀န်ထမ်းအချင်းချင်းကြား မှာရှိကြတယ်ထင်တယ်။ လူမှုရေးလုပ်ငန်းလုပ်တဲ့ကျွန်တော့အတွက်တော့ ဒါမျိုးအရမ်းရုပ်ဆိုးတယ်လို့မြင်တယ်။

မေး။ ။ ချင်းတောင်ဒေသသယံဇာတစောင့်ကြည့်ရေးအဖွဲ့ ( CNRWG) အနေနဲ့ အဓိကဘာတွေဆောင်ရွက်နေလဲဆိုတာအကျဉ်းချံုးပြောပြပေးပါ။

ဖြေ။ ။ ကျွန်တော်တို့လူမှုရေးလုပ်ငန်းလုပ်တာဆိုတော့ အားလုံးနဲ့ပတ် သက်တာပေါ့။ အဓိကတော့ ဒေသခံပြည်သူတွေ အညာမခံဖို့ကို အဓိကလုပ်တယ်။ အဲဒီအတွက် ပညာပေးတွေလုပ်ပေးတယ်။ လူ့အခွင့် အရေးပိုင်းတွေဖြစ်ဖြစ် ပြည်သူတွေကို အနည်းဆုံးတစ်လမှာနှစ်ခါ သင်တန်းပေးတယ်။ ပြီးတော့ အခုလိုစစ်တမ်းကောက်တာတွေ၊ လိုအပ်ရင်လိုအပ်သလိုဟောပြောပွဲလုပ်တာ တွေကိုဆောင်ရွက်နေ တာဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်

April 25, 2024
စစ်တွေမြို့ထဲက ထွက်ချင်တဲ့လူတွေအများကြီးပဲ။ ထွက်ဖို့အတွက် လမ်းခရီးကိုစုံစမ်းဖို့ အဆက်အသွယ်...
April 8, 2024
နိုင်ငံအနှံ့ စစ်မျက်နှာများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် စစ်အင်အားဖြည့်တင်းရန်...