KNU တပ်မဟာ(၆) တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများပြားနေ

KNU တပ်မဟာ(၆) တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများပြားနေ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေထဲမှာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား အခုနိုဝင်ဘာလ ရက်ပေါင်း(၂၀)ကျော်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲမှာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံး များပြားနေပြီး လက်ရှိမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ(၁)ရက်နေ့က (၂၄)ရက်နေ့အထိ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း (၂၁)ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၃၃)ဦး သေဆုံးပြီး (၃၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို အတည်ပြုလို့မရသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ ထိခိုက်သေဆုံးမှုစာရင်းလည်း အများအပြားရှိနေသေးတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ(၂၂)ရက်နေ့ မနက်ပိုင်းက တပ်မဟာ(၆)နယ်မြေ KNU ကျုံဒိုးမြို့နယ် လားတကောတောင်ပိုင်းဒေသထဲမှာ KNLA တပ်ရင်း(၂၇)တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီရဲ့ တပ်မ(၁၁)လက်အောက်ခံ ခမရ(၂၁၅)တပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က (၃)ဦး သေဆုံးကာ (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ မြဝတီ-ဝေါ်လေ လမ်းမပိုင်း၊ ဘလက်တိုကျေးရွာအနီးမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ(၂၁)ရက်နေ့ကနေ (၂၄)ရက်နေ့အထိ KNLA တပ်ရင်း(၂၇)ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တပ်မဟာလုံခြုံရေးစစ်ကြောင်း တပ်ခွဲ (၂)၊ Federal Wings Drone အဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား (၄)ရက်ကြာ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အရာရှိအဆင့်အပါအဝင် (၉)ဦးသေဆုံးပြီး အရာရှိနဲ့ အခြားအဆင့်တွေအပါအဝင် (၂၀)ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကော်ဘရာစစ်ကြောင်းဘက်မှ (၃)ဦး ကျဆုံးခဲ့သလို (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNLA တပ်ရင်း(၂၇)ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ (၄)ရက်တာတိုက်ပွဲဖြစ်စဉ်အတွင်းမှာ စစ်ကောင်စီတပ်ဟာ အတွဲလိုက်ပစ်ဒုံးကျည်တွေ၊ (၁၂၀)မမ လက်နက်ကြီးတွေနဲ့ တရစပ်ပစ်ကူပေးခဲ့သလို ရဟတ်ယာဉ်နဲ့လည်း ပစ်ကူပေးပစ်ခတ်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က အတွဲလိုက်ပစ်ဒုံးနဲ့ (၁၂၀)မမ လက်နက်ကြီးတွေရဲ့ ပစ်ခတ်မှုကြောင့် ဘလက်တိုကျေးရွာရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ အများအပြား ထိခိုက်ပျက်စီးလျက် ရှိနေတယ်လို့လည်း ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်မှာ ပါရှိပါတယ်။

လက်ရှိအခြေအနေမှာလည်း တပ်မဟာ(၆)နယ်မြေ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်ရင်း (၂၇) လုံခြုံရေးယူထားတဲ့ နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်ဘက်က စစ်ဆင်ရေးဆောင်ရွက်နေဆဲဖြစ်တဲ့အတွက်ကြောင့် တိုက်ပွဲတွေ ပြင်းထန်လျက်ရှိနေတယ်လို့လည်း KNU က ထုတ်ပြန်ထားပါတယ်။

August 27, 2024
မွန်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့...
August 26, 2024
အာဏာသိမ်းစစ်တပ် ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေအတွင်း...
ကော့သောင်းမှာ စစ်ကောင်စီ ဆန်ရောင်းဝယ်ခွင့်ကန့်သတ်
August 26, 2024
တနင်္သာရီတိုင်း ကော့သောင်းမြို့ပေါ်နဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်က ဆန်ရောင်းဝယ်ခွင့်...
August 24, 2024
ဖွဲ့စည်းပုံပြင်ဆင်ရေးအပါအဝင် ရွေးကောက်ပွဲကျင်းပရေးကိစ္စရပ်တွေအတွက် စစ်ကောင်စီနဲ့ နိုင်...