ကာမိုင်းထွေအုပ်ရုံးဝင်းအတွင်း လက်နက်ကြီးကျည်ကျရောက်ပြီး ဝန်ထမ်းတစ်ဦး ထိခိုက်သေဆုံးဟုဆို

ကာမိုင်းထွေအုပ်ရုံးဝင်းအတွင်း လက်နက်ကြီးကျည်ကျရောက်ပြီး ဝန်ထမ်းတစ်ဦး ထိခိုက်သေဆုံးဟုဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးဝင်းထဲမှာ ဒီကနေ့ နေ့လယ်(၁၂)နာရီလောက်က လက်နက်ကြီးကျည်ကျပြီး ဝန်ထမ်းတစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဘယ်အဖွဲ့အစည်းက ပစ်ခတ်တယ်ဆိုတာကို မသိရှိရသေးဘဲ လက်ရှိ ကာမိုင်း စစ်ကောင်စီဗျူဟာကုန်းဘက်မှာတော့ လက်နက်ကြီး/ငယ်သံတွေ ဆက်တိုက် ထွက်ပေါ်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“ဟိုး အခုလည်း မြည်ပြန်ပြီ။ အဝေးကနေ ကျတယ်လို့လည်း ပြောတယ်။ ကုန်းဘက်ကနေ ပစ်တာလား။ အတိအကျ မသိဘူး။ အခု ဖုန်းပြောနေရင်းကို နှစ်ခေါက် ရှိပြီ” လို့ သူက ပြောပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထွေအုပ်ဝန်ထမ်းအမျိုးသားတစ်ဦး သေဆုံးသွားတဲ့အပြင် တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ လက်နက်ကြီးကျသံ တစ်ခေါက် ကြားလိုက်ရတယ်လို့ သိရပါတယ်။

“ပထမက သိပ်မကြားရတဲ့ လက်နက်ငယ်သံပဲမြည်တာ။ နောက်တော့ လက်နက်ကြီးသံ ကြားတာ။ ဝန်ထမ်းတစ်ဦး သေတယ်” လို့ ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီတပ်သားတွေ ကာမိုင်းဂိတ်ရဲ့ အထက်ဘက်မှာ အင်အားချ လှုပ်ရှားနေတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်နေကြပါတယ်။

Most read this week

March 10, 2025
ပါတီစုံဒီမိုကရေစီစနစ်လိုချင်ရင် ကဏ္ဍကောစ (ကလန်ကဆန်) မလုပ်ကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်...
ပုံဟောင်းဖြစ်ပါသည်။
March 6, 2025
မြစ်ကြီးနား-မြစ်ဆုံလမ်း တန်ဖရဲကျေးရွာမှာ စစ်ကောင်စီတပ်သားအင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားနေတာ...
March 4, 2025
အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်မပို့ကြဖို့...
February 21, 2025
ဗန်းမော်မြို့က စစ်ရှောင်သွားကြပြီဖြစ်တဲ့ ပြည်သူတွေရဲ့ နေအိမ်ထဲက ပစ္စည်းတွေကို ကုန်တင်ကား၊...