ကချင်ပြည်၊ အင်ဂျန်းယန်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုတွင် စစ်ရှောင်ပြည်သူများ စားဝတ်နေရေး အခက် ကြုံနေရသည်ဟု စစ်ဘေးရှောင်ပြည်သူများ က ပြောသည်။
မြစ်ကြီးနားမှ အင်ဂျန်းယန်သို့ သွားသည့် လမ်းကြောင်းတလျှောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စစ်ဆေးတားဆီး မှုများကြောင့် ဘွမ်ရာယန်စစ်ရှောင်စခန်းရှိ စစ်ရှောင်များထံ ရိက္ခာပေးပို့နိုင်ရေး အခက်အခဲဖြစ်လာနေခြင်း ဖြစ်သည်ဟု စစ်ရှောင်ပြည်သူများက ပြောသည်။
စစ်ရှောင်များကို ကူညီနေသူ တစ်ဦးက “အရင်နှစ်က စစ်ရှောင်ထဲသွားဖို့ လမ်းပန်းဆက်သွယ်ရေး အရမ်း အခက် အခဲ ဖြစ်တယ်။ အခုတော့ စစ်ရှောင်စခန်းအထိ ကားနဲ့ ဝင်လို့ရပြီ။ ဒါပေမယ့် အခုဝင်လို့ ရတဲ့ အချိန်မှာ နိုင်ငံ ရေး အမျိုးမျိုးကြောင့် စစ်ကောင်စီတပ်က ဆန်၊ ဆီ၊ ဆားနဲ့ ဆေးဝါးပစ္စည်း သယ်လာတဲ့ကားတွေကို အရမ်း စစ် မေးတာတွေ လုပ်တယ်။ ပြီးတော့ ကားတွေကို သွားလာမှု ပိတ်ထားတာကြောင့် စစ်ရှောင်တွေအတွက် စား သောက် ကုန်နဲ့ ဆေးဝါးတွေကို မကြာခဏ
လာရောက်ကူညီဖို့ အခက်အခဲရှိတယ်။ အဲ့ဒါကြောင့် ရိက္ခာက အချိန် မှီ မရောက်တဲ့ လတွေရှိတယ်” ဟု ပြောသည်။
ဘွမ်ရာယန် စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်ပြည်သူများအား စစ်ရှောင်လာသည့်အချိန်မှ ယနေ့အချိန်ထိ တစ်နှစ် ကျော်ကာလအတွင်း ကရုဏာလူမှုကူညီရေးအသင်းနှင့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO က ထောက်ပံ့မှုများ ပေး ထားသော်လည်း ယခုနောက်ပိုင်း လမ်းခရီးတလျှောက် စစ်ဆေးမှုများ၊ ဖမ်းဆီးမှုများ၊ ဖြတ်သန်း သွားခွင့် မပေး ခြင်းတို့ကြောင့် စစ်ရှောင်များ စားနပ်ရိက္ခာပိုင်း အခက်အခဲဖြစ်လာနေသည်။
ထို့အပြင် ဆေးရုံဆေးခန်းနှင့် ဝေးသည့် အဆိုပါစစ်ရှောင်စခန်းမှ စစ်ရှောင်များသည် ဆေးကုသမှု ရရှိနိုင်ရေး အခက်အခဲရှိသည့် အပြင် ဆေးဝါးများပါ ပြတ်တောက်နေသည်ဟု ပြောသည်။
“ကျနော်တို့ နေတဲ့စစ်ရှောင်ထမှာ phone Internet လိုင်းက အမြဲတမ်းမရဘူး။ အရေးပေါ်လူနာ ရှိလာရင်လည်း မြို့ဆေးရုံသွားဖို့ အခက်အခဲရှိတယ်။ အခုက ဆောင်းတွင်းကာလ ဆိုတော့ အရမ်းအေးတယ်။ မိုးကာတဲထဲမှာ လေလည်း မလုံတော့ ခဏခဏဖျားတဲ့သူများတယ်။ ဆေးမရှိဘူး။ အားရှိအောင်စားဖို့ အာဟာရ စားဖို့ဆိုရင် လည်း ထမင်းတောင် နပ်မှန်အောင်စားဖို့ကို မနည်း ချွေတာစားနေရတော့ ပိုဆိုးတာပေါ့” ဟု စစ်ရှောင် အမျိုး သား တစ်ဦးက ပြောသည်။
စစ်ရှောင်များသည် အေးချမ်းသည့် ရာသီဥတုဒဏ်ကြောင့် လက်ရှိနေနေသည့် တဲများမှာလည်း ယာယီအတွက် ဆောက်လုပ်ထားသည့် မိုးကာတဲများ ဖြစ်သည့်အတွက် မိုးမလုံ လေမလုံဘဲ ဖျားနာနေသူ များနေသည်ဟု စစ် ရှောင်များက ပြောသည်။
ဘွမ်ရာယန် စစ်ရှောင်စခန်းမှ စစ်ရှောင်များအနေဖြင့် စစ်ရှောင်သည့် ကာလကြာမြင့်လာသည်နှင့်အမျှ ကူညီ ထောက်ပံ့မှုများ နည်းပါးလာသည့်အတွက် ရိက္ခာပိုင်းအဆင်ပြေစေရေး တောင်ယာစပါးနှင့် အခြားသီးနှံ၊ ဟင်း သီးဟင်းရွက်များ စိုက်ပျိုးကြသော်လည်း ယခုနှစ်အတွင်း ကြုံခဲ့ရသည့် ကြွက်ဘေးကြောင့် အားလုံးနီးပါး ဆုံးရှုံး ကုန်သည်ဟု စစ်ရှောင်များက ပြောသည်။
စစ်ရှောင်ပြည်သူများအတွက် လူမူကူညီရေး အဖွဲ့အစည်းအချို့က နေအိမ်များ ဆောက်လုပ်ပေးရန် စီစဉ်နေသော် လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် အိမ်ဆောက်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးလည်း အခက်အခဲ ဖြစ်နေသည်ဟု ဆိုသည်။
ဘွမ်ရာယန်စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်ပြည်သူများသည် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မ တော် KIA တို့အကြား ၂၀၂၁ ခုနှစ် အစောပိုင်းက ဖြစ်ပွားခဲ့သည့် အင်ဂျန်းယန်မြို့နယ်အတွင်းက တိုက်ပွဲများ ကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသူများဖြစ်သည်။
အင်ဂျန်းယန်မြို့နယ် အတွင်းရှိ ကျေးရွာများမှ အိမ်ထောင်မိသားစု ၁၈၀ ကျော်က ဘွမ်ရာယန်စစ်ရှောင် စခန်းတွင် နေထိုင်နေကြသည်။