ဘုရားသုံးဆူ KNU စခန်းကို တပ်မတော်က ဗုံးကြဲတိုက်ခိုက်ဟု သတင်းမှား ဖြန့်

ဘုရားသုံးဆူ KNU စခန်းကို တပ်မတော်က ဗုံးကြဲတိုက်ခိုက်ဟု သတင်းမှား ဖြန့်

ကရင်ပြည်နယ်၊ ဘုရားသုံးဆူ၊ မှာရှိတဲ့ KNU/PDF တွေရဲ့ စခန်းကို တပ်မတော်က ဗုံးကြဲ တိုက် ခိုက်တယ်ဆိုတဲ့ သတင်းအမှားတစ်ခုကို တောင်ပေါ်သားဆိုသူ Facebook အကောင့်ပိုင်ရှင်က နိုဝင်ဘာလ ၁၆ ရက် (ဒီကနေ့) မှာ တင်ထားပါတယ်။

တောင်ပေါ်သားက “ယနေ့ နံနက် ၁:၄၀ အချိန်က ကရင်ပြည်နယ်၊ဘုရားသုံးဆူမြို့၊ မက္ကသာကျေးရွာရှိ KNU/ PDF စခန်းကို တပ်မတော်က ဗုံးကျဲတိုက်ခိုက်လိုက်သည်။ Photo - ဗုံးကျဲတိုက်ခိုက်ပြီးနောက် KNU/PDF စခန်း မြင်ကွင်း” ဆိုပြီး (မူရင်းအရေးအသားအတိုင်း) ရေးသားထားပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်က ဗုံးကြဲတိုက် ခိုက်ခဲ့တဲ့ နေရာဟာ KNU/PDF တွေရဲ့ တပ်စခန်းမဟုတ်ပဲ သပြုသတ္တုမိုင်းတွင်းက လုပ်သားတွေ နေထိုင်ကြတဲ့ အဆောင်နဲ့ စက်ရုံကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ပဲ ဖြစ်ပါတယ်။

သပြုသတ္တုမိုင်းတွင်းကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၁၂ နာရီကျော် အချိန်ခန့်က ဗုံးကြဲတိုက် ခိုက်ခဲ့တဲ့အတွက် ထိခိုက်ပျက်စီးမှုတွေနဲ့ လူသေဆုံးမှုရှိတယ်ဆိုပြီး ဒေသခံတွေနဲ့ သပြုသတ္တုမိုင်းတွင်းက မိုင်း လုပ်သားတွေက ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေကို ပြောဆိုထားကြပါတယ်။

သပြုသတ္တုမိုင်းတွင်းက လုပ်သားတစ်ဦးက “ညက (၁၂)နာရီကျော် လောက်မှာလာတယ်။ လေယာဉ်က ၂ ခေါက် လာတာ ဗုံးက (၂)ခါကြဲသွားတယ်။ အကုန်လုံးတော့ပြာကျသွားပြီး။ စက်ရုံထဲမှာ ရှိတဲ့ပစ္စည်းတွေလည်း အကုန် လုံးကုန်ပြီး။ ကားလည်း ၂ စီးပျက်စီးသွားတယ်။ သေဆုံးမှုက ၃ ယောက်ရှိတယ်။ ထိခိုက်ဒဏ်ရာရတာ လဲ ၄ ယောက်လောက်ရှိတယ်။ သေသွားတဲ့ သူတွေက သူတို့ အဆောင်တည့်တည့်ကို ကျသွားတယ်။ အဆောင် က ၄ ဆောင်ရှိတယ်လေ။ ကျနော်တို့နေတဲ့ အဆောင်က လွတ်သွားတယ် ကျန်တဲ့ ၃ဆောင်က အကုန် ကုန် သွား တယ်” ဆိုပြီး ကရင်သတင်းဌာနဖြစ်တဲ့ KIC သတင်းဌာနကို ပြောဆိုထားပါတယ်။

KIC သတင်းဌာနက ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3tx3i27 ဝင်ကြည့်လို့ရပါတယ်။

ဘုရားသုံးဆူ မြို့ခံတစ်ဦးကလည်း “သူတို့  တိုက်လေယာဉ် ၂ စီးနဲ့ဝဲပျံပြီး ပစ်တယ်။ ဗုံးကြဲတယ်။ အဲဒီနေရာက သပြု ခနောက်စိမ်း မိုင်းတွေ ရှိတဲ့နေရာမှာ ဗုံးကြီးကျပြီး ပျက်စီးကုန်တာ။ ကရင်အဖွဲ့တွေ နေတဲ့နေရာ မဟုတ် ဘူး။ ခနောက်စိမ်း  လုပ်ကွက်တွေက ထိုင်းတွေ၊ တရုတ်တွေ၊ ဒေသလုပ်ငန်းရှင်တွေ KNU နယ်မြေထဲ ဖက်စပ် လုပ်ကြတဲ့ နေရာ ဆိုတော့ အခု အကုန်ရှောင်ကုန်ကြပြီ” ဆိုပြီး BBC မြန်မာပိုင်းကို ပြောဆိုထားပါတယ်။

BBC မြန်မာပိုင်းက ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3AhVipa ဝင်ဖတ်လို့ရပါတယ်

ဒါကြောင့် အချက်အလက်တွေကို တိုက်စစ်ကြည့်လိုက်တဲ့အခါမှာ တောင်ပေါ်သား ဆိုတဲ့ Facebook အကောင့် ပိုင်ရှင်က လေကြောင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးမှုနဲ့အတူ ထိမှန်ပျက်စီးသွားတဲ့ သတ္တုမိုင်းတွင်းက အလုပ် သမားတွေ နေထိုင် တဲ့ အဆောင်အဦးနဲ့ စက်ရုံကို KNU/PDF စခန်းတွေပါ ဆိုပြီး ဝါဒဖြန့်ဖို့အတွက် ရည်ရွယ် ချက်ရှိရှိ လုပ်ကြံဖန်တီး  ရေးသားထားတဲ့ သတင်းအမှားပဲဖြစ်ပါတယ်။

တောင်ပေါ်သားဆိုသူ Facebook အကောင့်ပိုင်ရှင်က တင်ထားတဲ့ သတင်းအမှားကို စစ်တပ်ထောက်ခံသူ တော် တော်များများက ကူးယူပြီး ထပ်ဆင့်ဖြန့်ဝေနေကြပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်း အမှားတွေ၊ တိုက် ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုးတမျိုးနဲ့တမျိုး အဖွဲ့အ စည်း တခုနဲ့ တခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက် ရှိရှိ ရေးတင်နေကြ ပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာပါ။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန် တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...