ကချင်ပြည်နယ်အတွင်းက လေကြောင်းတိုက်ခိုက်မှုကို စစ်ကောင်စီကျူးလွန်ကြောင်းပြောကြားရန်ပင် ငြိမ်းချမ်းရေးဆွေးနွေးနေသည့်အဖွဲ့များ ဝန်လေးနေ

ကချင်ပြည်နယ်အတွင်းက လေကြောင်းတိုက်ခိုက်မှုကို စစ်ကောင်စီကျူးလွန်ကြောင်းပြောကြားရန်ပင် ငြိမ်းချမ်းရေးဆွေးနွေးနေသည့်အဖွဲ့များ ဝန်လေးနေ
စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးပဲကို တက်ရောက်ခဲ့သည့်အဖွဲ့ချိုကိုတွေ့ရစဉ်
စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးပဲကို တက်ရောက်ခဲ့သည့်အဖွဲ့ချိုကိုတွေ့ရစဉ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကို စစ်ကောင်စီကကျူးလွန်ခဲ့ကြောင်းပြောကြားရန်ပင် စစ်ကောင်စီနှင့်ငြိမ်းချမ်းရေး ဆွေးနွေးမှုများပြုလုပ် နေသည့် အဖွဲ့အများစုအနေဖြင့် ဝန်လေးနေသည်ကိုတွေ့ရသည်။

စစ်ကောင်စီနှင့် တွေ့ဆုံခဲ့သည့်အဖွဲ့များဖြစ်သည့် အဖွဲ့ ၁၀ ဖွဲ့တွင် ကိုးဖွဲ့ကသာ ကချင်ဒေသဖြစ်စဉ်နှင့် ပတ်သက်ပြီး ထုတ်ပြန်ချက်များထုတ်ပြန်ခဲ့ကြသည်။

စစ်ကောင်စီနှင့်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးနေသော အဖွဲ့များမှာ ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေးပါတီ(UWSP/UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA) မိုင်းလားအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/ SSA)၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (MNSP) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ဖြစ်သည်။

၎င်းတို့ထဲမှပါဝင်သည့်အဖွဲ့ခြောက်ဖွဲ့သည် ကချင်ဒေသနှင့်ပတ်သက်ပြီး PPST အနေဖြင့် သတင်းထုတ် ပြန်ခဲ့ပြီး ဝ ဒေသ၊ RCSSနှင့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA) မိုင်းလားအဖွဲ့တို့မှာ သီးခြားထုတ်ပြန်ချက်များထုတ်ပြန်ခဲ့ကြသည်။ SSPP ကမူ လက်ရှိအချိန်ထိ ကချင်ဒေသဖြစ်စဉ်နှင့်ပတ် သက်ပြီး တစ်စုံတရာ ပြောကြားခြင်းမရှိသေးပေ။

RCSS တစ်ခုသာလျှင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် အထိမ်းအမှတ်ပွဲတက်‌ရောက်နေ သည့်ပြည်သူများ၊ အနုပညာ‌ရှင်များစီးပွားရေးလုပ်ငန်းရှင်များ၊ KIO အရာရှိအရာထမ်းများ သေဆုံးဒဏ် ရာရရှိခြင်းများစွာရှိခဲ့ကြောင်း အတိအလင်းထုတ်ပြန်ထားသည်ကိုတွေ့သည်။

PPST ၏ ကချင်ဒေသနှင့်ပတ်သက်သည့်ထုတ်ပြန်ချက်ထဲတွင် လေကြောင်းအင်အားအလွန်အကျွံအသုံး ပြုတိုက်ခိုက်ခံရမှုကြောင့် ပြည်သူများအသက်ဆုံးရှုံးရသည်ဟု သုံးနှုန်းထားပြီး ထုတ်ပြန်ထားသည်။ “ဝ” ဒေသအတွင်းရှိ အဖွဲ့များဖြစ်သည့်ဝပြည်သွေး စည်းညီညွတ်ရေးပါတီ၊ ဝပြည်နယ်ပြည်သူ့အစိုးရနှင့် “ဝ” ပြည်နယ်သွေးစည်းညီညွတ်ရေးတပ်မတော်တို့၏ ပူးပေါင်းထုတ်ပြန်ချက်တွင်လည်း လေယာဥ်ဖြင့်တိုက် ခိုက်မှုကိုခံခဲ့ရပြီး လူပေါင်းများစွာသေကျေဒဏ်ရာရခဲ့သည့်သတင်းကိုကြားသိရကြောင်းဟု ဖော်ပြထား သည်။

ထို့ပြင် မိုင်းလားအဖွဲ့၏ ကချင်ဒေသအပေါ်ထုတ်ပြန်ချက်တွင်လည်း သတင်းမီဒီယာများ၏ ထုတ်ပြန် ချက်အရ သိရှိရပြီး လွန်စွာတုန်လှုပ်မိကြောင်းသာ ရေးသားထားသည်။

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်မဟာ(၉) အနန့်ပါ (A Nang Pa) ၌ အောက်တိုဘာလ (၂၅) ရက်နေ့တွင်ကျရောက်မည့် (၆၂)နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်(KIO)နေ့ အထိမ်းအမှတ်ပွဲ အကြို တေးဂီတဖျော်ဖြေပွဲပြုလုပ်နေစဉ် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း များစွာသေဆုံးခဲ့ရခြင်းဖြစ်သည်။

ကချင်ဒေသဖြစ်စဉ်တွင် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း KIO တာဝန် ရှိသူများက အတိအလင်းပြောကြားမှုများရှိသော်လည်း စစ်ကောင်စီကတိုက်ခိုက်သည်ဟူသော စကားလုံး ကို အသုံးပြုရန်ပင် အထက်ပါအဖွဲ့များအနေဖြင့် ဝန်လေးနေကြသည်ကို တွေ့ရသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ ကျန်တဲ့အဖွဲ့တွေက ကြားနေပြီးတော့ စစ်ကောင်စီကပေး တဲ့ ငြိမ်းချမ်း‌ရေးအခွင့်အလမ်းပေါ်မှာ ကိုယ့်ဒေသအကျိုးစီးပွားအတွက် ဆွေးနွေးနေကြတာဖြစ်ပြီးတော့ တစ်ပြည်လုံးဖြစ်နေတဲ့ ပဋိပက္ခတွေဖြစ်နေတဲ့နေရာမှာတော့ ပညာရှိလိုနှာစေးနေတာပေါ့ ။ အဲဒါကြောင့် ထည့်မသုံးတာ။ “ဝ” နဲ့ မိုင်းလားကတော့ လက်နက်ကိုင်အင်အားကြီးအဖွဲ့ဖြစ်ပြီးတော့ သူတို့မှာ နောက်ခံ နိုင်ငံရေးအကာအကွယ် နိုင်ငံရေးအရထောက်ထားပြီး စဉ်းစားမှုတွေရှိပါတယ်”ဟု သုံးသပ်ပြောဆိုသည်။

ထုတ်ပြန်ချက်တွင်ပါဝင်သော အချက်များနှင့်ပတ်သက်ပြီး အသေးစိတ်မေးမြန်းမှုများပြုလုပ်ရန်အတွက် သက်ဆိုင်ရာအဖွဲ့များထံသို့ မဇ္ဈိမအနေဖြင့်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိသေးပေ။ “ဝ” ဒေသအတွင်းရှိအဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)မှ လားရှိုးမြို့ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက “ ထုတ်ပြန်ချက်အတိုင်းပါပဲနော်။ သီးခြားမှတ် ချက်ပြုစရာမရှိသေးပါ” ဟု မဇ္ဈိမသို့ပြောကြားခဲ့သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

Most read this week

“ဝ” မြို့တော် ပန်ဆန်း၌ ၂၀၁၉ ခုနှစ်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် UWSA “ဝ” တပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ- AFP)
November 26, 2024
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ တပ်စခန်း ကိုးခုကို ဖယ်ရှားရန် ထိုင်းဘက်က...
ကရင်နီပြည်ရဲမှ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ် (ပုံဟောင်း)
November 25, 2024
ကရင်နီဒေသအတွင်းရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ဝန်းကျင်ခန့်သည် မီးဖွားနိုင်မှုအခက်အခဲနှင့်...
အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...