Published
Sunday, October 23, 2022
စစ်ကောင်စီအနေနဲ့ ရေကြောင်းခရီးစဉ်ကိုရက်အကန့်အသတ်မရှိထပ်မံပိတ်ပင်လိုက်တာဟာ အစိုးရရဲ့လုပ်ရပ်မဟုတ်ဟုဆို (အောက်တိုဘာလ ၂၃၊ ၂၀၂၂)
- စစ်ကောင်စီတပ်အနေနဲ့ ရေကြောင်းခရီးစဉ်အားလုံးနီးပါးကို ရက်အကန့်အသတ်မရှိ ထပ်မံပိတ်ပင်လိုက်တာဟာ အစိုးရရဲ့လုပ်ရပ်မဟုတ်ဘူးလို့ ပေါက်တောမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းက ပြောဆိုလိုက်ပါတယ်။
- ပြည်သူကိုကာကွယ်ဖို့ပေးထားတဲ့ လက်နက်အားကိုးပြီး ပြည်သူကိုအပြစ်ကျူးလွန်ခဲ့တဲ့ ရက္ခိုင့်တပ်တော်ရဲ့ တပ်ဖွဲ့ဝင်နှစ်ယောက်ကို စစ်ခုံရုံးကနေ ထောင်ဒဏ် အနှစ် ၂၀ နဲ့ ကြိမ်ဒဏ် အချက် ၃၀ ချမှတ်လိုက်ပါတယ်။
- ရခိုင်စစ်ဘေးရှောင်စခန်းကို လှူဒါန်းမဲ့ ဆန်အိတ် ၅ သောင်းကျော်ကို စစ်ကောင်စီတပ်က ခြောက်လအကြာမှ လှူဒါန်းခွင့်ပြုလိုက်ပါတယ်။