စစ်ကောင်စီ၏ သတင်းထောင်ချောက်ကို သတိထားရန် AA ဒုစစ်ဦးချုပ် တိုက်တွန်း

စစ်ကောင်စီ၏ သတင်းထောင်ချောက်ကို သတိထားရန် AA ဒုစစ်ဦးချုပ် တိုက်တွန်း

အာဏာသိမ်း စစ်ကောင်စီ၏ ဝါဒဖြန့်နေသော သတင်းထောင်ချောက်များကို သတိထားစောင့်ကြည့်ရန် ရခိုင်ပြည်သူများ အပါအဝင် မြန်မာပြည်သူများကို တိုက်တွန်းလိုကြောင်း ရက္ခိုင့်တပ်တော် (AA) ဒုစစ်ဦးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။

နိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့မှုနှင့် အရေးယူမှုကို ရင်ဆိုင်နေရသည့် အာဏာသိမ်း စစ်ကောင်စီသည် လက်ရှိအချိန်တွင် ဆိုရှယ်မီဒီယာကို အသုံးပြု၍ သတင်းတု၊ သတင်းမှားများကို ဝါဒဖြန့်နေကြောင်း ရက္ခိုင့်တပ်တော် (AA) ဒုစစ်ဦးချုပ် ဒေါက်တာ ညိုထွန်းအောင်က ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည့် ရက္ခိုင့်တပ်တော် (AA) ၏ သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာညိုထွန်းအောင်က ထိုသို့ထည့်သွင်း တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

“အခုအချိန်မှာ စစ်ကောင်စီပေါ့။ ရန်သူဟာ မီဒီယာကို အားကိုးပြီးတော့ သတင်းအမှားတွေ၊ သတင်းအတုတွေကို တောက်လျှောက် လုပ်နေတာတွေ ရှိပါတယ်။ ဒါ့ကြောင့် ရခိုင်ပြည်သူတွေ တစ်ရပ်လုံးအပါအဝင် မြန်မာတစ်ပြည်နယ်လုံးမှာ ရှိတဲ့ ပြည်သူတစ်ရပ်လုံး အနေနဲ့ သတင်းအမှားတွေကို သတိထားစောင့်ကြည့်ဖို့ ဆိုတာကို အဓိထား ပြောလိုပါတယ်” ဟု ဒေါက်တာညိုထွန်းအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီသည် ပြည်သူများအား သတင်းတု၊ သတင်းမှား များ ဝါဒဖြန့်နေသကဲ့သို့ ၎င်းတို့၏ တပ်တွင်း၌လည်း တပ်မိသားစုများအပေါ် သတင်းတု၊ သတင်းမှားများဖြင့် တပ်တွင်းစည်းရုံးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဆိုသည်။

“အထူးသဖြင့် မီဒီယာအပေါ်မှာ ပိုပြီးအလေးထား လုပ်လာနိုင်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ပြည်သူလူထုတွေ အနေနဲ့ သတင်းအမှားတွေကို သတိထားဖို့၊ သတင်း ထောင်ချောက်ထဲကို ဝင်မလာဖို့ မြင်တွေ့နေတဲ့ သတင်းတိုင်းကို မယုံဖို့ပြောလိုပါတယ်” ဟု ‌ ဒေါက်တာညိုထွန်းအောင်က ပြောသည်။

စစ်ကောင်စီသည် အဓမ္မအာဏာသိမ်းယူပြီးနောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အသစ်ပြန်လည်ဖွဲ့စည်းခဲ့ကာ ၎င်းတို့၏ ဩဇာခံ သတင်းမီဒီယာကောင်စီကို အသုံးချ၍ နိုင်ငံရေးဝါဒဖြန့်ချိမှုများ ပြုလုပ်နေသည်ဟု ဝါရင့်သတင်းစာဆရာများက ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ အရှေ့တီမောနိုင်ငံတွင် ကျင်းပခဲ့သော "The Dili Dialogue Forum under the title of Media Challenges" မီဒီယာဖိုရမ်သို့ စစ်ကောင်စီဩဇာခံ ဦးအေးချမ်းက ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ သည်။ ဦးအေးချမ်းက အဆိုပါ မီဒီယာဖိုရမ်တွင် စစ်တပ်သည် တရားဝင် အာဏာသိမ်း ယူခဲ့ခြင်း ဖြစ်ကြောင်းနှင့် လွတ်လပ်သော သတင်းဌာနများသည် သတင်းတု၊ သတင်းမှား ထုတ်လွှင့်နေကြောင်း ဝါဒဖြန့် ပြောဆိုခဲ့သည်။

ထိုသို့ပြောဆိုခဲ့မှုအပေါ် အရှေ့တီမောနိုင်ငံနှင့် နိုင်ငံတကာ သတင်းထောက်များ သမဂ္ဂ (IFJ) တို့က ကန့်ကွက် ရှုတ်ချခဲ့ပြီး လွတ်လပ်သော မီဒီယာ ၃၃ ခု ကလည်း ကန့်ကွက်ရှုတ်ချကြောင်း စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

Most read this week

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွား သည့် နေအိမ်များကိုတွေ့ ရစဉ်
November 6, 2024
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အိုင်းမကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ...
ပန်ဝါမြို့တွင်း တွေ့ရသည့် KIOရဲတပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ-ပေးပို့)
November 5, 2024
ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို သိမ်းယူပြီးနောက် KIOအစိုးရက အုပ်ချုပ်ရေးယန္တရားစတင်လည်ပတ်နေပြီဟု...
October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...