ကလေးမြို့တွင် ပေါ်ပေါ်တင်တင် ခိုးဆိုးလုယက်မှုများလာ

ကလေးမြို့တွင် ပေါ်ပေါ်တင်တင် ခိုးဆိုးလုယက်မှုများလာ

စစ်ကိုင်းတိုင်း ကလေးမြို့တွင် ခိုးဆိုးလုယက်မှုများလာပြီး အိမ်ရှေ့နှင့် အိမ်ထဲတွင်ထားရှိသော ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းများအား ပေါ်ပေါ်တင်တင် ခိုးယူမှုများလာသည်ဟု ဒေသခံများထံမှသိရသည်။

သြဂုတ်လ ၁၇ ရက်နေ့က တီးတိန်မြို့နယ် ရွာတစ်ရွာမှ ကလေးမြို့၊ မွန်းလိုင်ရပ်ကွက်သို့ ဈေးဝယ်ရန် ခေတ္တရောက်လာသူတစ်ဦးသည် အိမ်ရှေ့တွင်ရပ်ထားသည့် ၎င်း၏ Kenbo R 125 ဆိုင်ကယ်တစ်စီးကို လူငယ်နှစ်ဦးက ခိုးယူမောင်းထွက်သွားသည်ဟု သူကပြောသည်။

“ဆိုင်ကယ်ကို အိမ်ရှေ့ကပ်ရပ်မှာ ဇက်သော့ခတ်ပြီး ရပ်ထားတာ၊ ဆိုင်ကယ်မပျောက်ခင် ကောင်လေးနှစ်ယောက်က ကျွန်တော်တည်းတဲ့ အိမ်ဆိုင်မျာ ဆေးလာဝယ်တယ်၊ ခဏနေ ဆိုင်ကယ်စက်နိုးသံကြာတော့ အဲ့..အဲ ဆိုင်ကယ်သံ က… ဆိုပြီး သံသယစိတ်နဲ့ ပြေးကြည့်လိုက်တာ အဲ့လူငယ်နှစ်ယောက်က ကျွန်တော့မျက်စိရှေ့မှာတင် ကျွန်တော့ဆိုင်ကယ်နဲ့ထွက်ပြေး သွားတယ်။” ဟု ၎င်းကပြောသည်။

ယခုရက်ပိုင်းအတွင်း ကလေးမြို့ ရပ်ကွက်အတော်များများတွင် အုပ်စုအဖွဲ့လိုက်သော်လည်ကောင်း၊ နှစ်ယောက် သုံးယောက်ဖြင့်သော်လည်း ခိုးဆိုးလုနှိုက်မှုဖြစ်စဉ် ကြားနေရပြီး ခိုဆိုးလုနှိုက်သူများသည် လက်လုပ်လက်နက်ဖြင့် ချိန်ခြောက်မှုများလည်းရှိသည့်အပြင် အိမ်ထဲသို့ ရေသောက်မည်ဟုဆိုကာ မလို့ရသောပစ္စည်းများကို ပေါ်တင်ဝင်ခိုးခြင်း စသည့် ခိုးနည်းအမျိုးမျိုးဖြင့် လှုပ်ရှားနေကြသည်ဟု သိရသည်။

မကြာသေးခင်ရက်ပိုင်းကလည်း အမည်မသိလူူနှစ်ယောက်က ကလေးမြို့၊ တောင်ဖီလာရပ်ကွက်ရှိ အိမ်တစ်အိမ်ကို ချိန်းခြောက်ကာ ငွေကြေးနှင့် ရွေဆွဲကြိုးတစ်ကွင်းပါဝင်သော ပစ္စည်းများကို လုယူခဲ့သည်ဟုလည်း သိရသည်။

လွန်ခဲ့သော တစ်ပတ်ခန့်ကလည်း အမျိုးသမီးနှစ်ဦးသည် ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ရေဆာလို့ ရေဗူးလေး ဖြည့်ပါရစေဟုဆိုကာ အိမ်ရှင်ရှိလျက်ပင် အားသွင်းထားသည့် ဖုန်းနှစ်လုံးအား ခိုးယူထွက်ပြေးသွားသည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ၊ ဇွန်လတုန်းကလည်း တာဟန်းရပ်ကွက်ဘက်တွင် ညသန်းခေါင်ယံ အိပ်မောကျချိန်တွင် သော့ခတ်ထားသော ခြံတခါးများကို ချိုးဖြတ်ကာ ခြံဝန်းအတွင်းထားရှိသော ဆိုင်ကယ်များ ခိုးယူခံရမှု အမြောက်အများရှိခဲ့သည်။

ယခုကဲ့သို့ ခိုးဆိုးလုယက်မှုများ ထူပြောလာရခြင်းသည် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည်ငြိမ်ခြင်း၊ စီးပွားရေးကျဆင်းမှုကြောင့် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသွားခြင်း၊ ဝင်ငွေနည်းနေချိန်တွင် ကုန်ဈေးနှုန်းများ အဆမတန် ကြီးမြင့်လာခြင်း စသည့် အကျပ်အတည်းများစွာ ပေါင်းစုံလာခြင်းကြောင့်ဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆကြသည်။

ထို့အပြင် တဖက်တွင်လည်း စစ်အာဏာသိမ်းယူခဲ့သော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ဖေဖော်ဝါရီနှင့် ဧပြီလများတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား ၄၀,၀၀၀ ကျော်ကို ၂ ကြိမ်ခွဲ လွှတ်ပေးခဲ့မှုများရှိခဲ့ပြီး ထိုအချိန်က လွှတ်ပေးခဲ့သူ အများစုမှာ မူးယစ်ဆေးဝါးမှုနှင့် ခိုးဆိုးလုယက်မှုများကြောင့် ပြစ်ဒဏ်ကျခံနေရသော နိုင်ငံတဝှမ်းမှ ရာဇဝတ်အကျဉ်းသားများ ပါဝင်သည့်အတွက်ကြောင့်လည်း ဖြစ်နိုင်သည်ဟု ဆိုကြသည်။

Most read this week

November 25, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် အာရက္ခတပ်တော် AA က အာရက္ခပညာရေးစနစ်ကို ဖော်ဆောင်ရန်...
November 22, 2024
ချင်းညီနောင်၏ တတိယလှိုင်းအဖြစ် မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ချင်းပြည်နယ်၊ မင်းတပ်နှင့်...
November 19, 2024
မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသော အရှိုချင်းကာကွယ်ရေးတပ်သည် အရှိုချင်းလူထု...
November 13, 2024
ချင်းပြည်ကောင်စီ ဦးဆောင်ကော်မတီသည် ၈ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအင်အားစု...