ရန်ကင်းမြို့နယ်ရှိ မိုးကောင်းရတနာကလေးဆေးရုံအား ရှော့တိုက်ဒုံးဖြင့်ပစ်ခဲ့သူများကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ ကြေညာ

ရန်ကင်းမြို့နယ်ရှိ မိုးကောင်းရတနာကလေးဆေးရုံအား ရှော့တိုက်ဒုံးဖြင့်ပစ်ခဲ့သူများကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ ကြေညာ

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းရှိ မိုးကောင်းရတနာကလေးဆေးရုံအား ဇူလိုင်လ ၂၁ ရက်နေ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခဲ့သူများအား လက်နက်ပစ္စည်းများနှင့်တကွ ယခုလပိုင်းအတွင်း၌ပင် ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီက ကြောညာခဲ့သည်။

အဆိုပါသတင်းအား စစ်ကောင်စီလက်အောက်ခံ ရုပ်သံမီဒီယာမှတစ်ဆင့် ထုတ်လွှင့်ကြေညာခဲ့ခြင်းဖြစ်ပြီး “ဒေါက်တာပြည့်ဖြိုးပိုင် ခေါင်းဆောင်သော အကြမ်းဖက်သမား ငါးဦးကို ရှော့တိုက်ဒုံးများ၊ သေနတ်များဖြင့် ဩဂုတ်လ ၄ ရက်၊ ၆ ရက်နှင့် ၇ ရက်နေ့များက ဖမ်းဆီးရမိကြောင်း” သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

ဖြစ်စဉ်တွင်ပါဝင်သူများအနက် ပစ်ခတ်တိုက်ခိုက်သူများကို ပို့ဆောင်ပေးသော ကားဆရာ သန်းနိုင်နှင့် ဖီလ်ဒါကားကို ဩဂုတ်လ ၄ ရက်နေ့ကဖမ်းဆီးမိခဲ့ပြီး ၆ ရက်နေ့တွင်မူ ရွှေပြည်သာမြို့နယ်၊ (၅) ရပ်ကွက်ရှိ ဒေါ်လွင်လွင်သက်အဆောင်တွင်နေသော ဂျယ်လီကို လည်းကောင်း၊ တိုက်ခိုက်မှုအား ကြီးကြပ်ချိတ်ဆက်ဆောင်ရွက်ပေးသူ မိုက် (ခေါ်) ဇော်ကြီးအား ရွှေပြည်သာမြို့နယ် (၆) ရပ်ကွက်ရှိ ၎င်းနေထိုင်ရာ နေအိမ်တွင်လည်းကောင်း၊ ရှော့တိုက်ဒုံးများ သိုဝှက်သိမ်းဆည်းစီစဉ်ပေးသူ ဒေါက်တာ ပြည့်ဖြိုးပိုင် (ခေါ်) ကိုပြည့်အား ရွှေပြည်သာမြို့နယ်၊( ထ/၁၆)ရပ်ကွက် နေအိမ်တွင် ရှော့တိုက်ဒုံး ကိုးလုံး၊ ပို့ကျည် ကိုးခု၊ Sigsauer ပစ္စတိုတစ်လက်၊ ကျည်အိမ်နှစ်ခု၊ Glock ပစ္စတိုတစ်လက်၊ ကျည်အိမ်နှစ်ခု၊ ပွိုင့် ၃၈၀ ကျည် ၇၅ တောင့်၊ ၉ မမကျည် ၅၀ တောင့်၊ အသံတိတ်ပြောင်းတစ်ခုတို့ဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။

သြဂုတ်လ ၇ ရက်နေ့တွင် တိုက်ခိုက်မှုအား အခြေအနေစောင့်ကြည့်ပေးသူ ပင်ဒါ (ခေါ်) မင်းမင်းဦးကို ရွှေပေါက္ကံမြို့ နယ်၊ (၂၁) ရပ်ကွက်ရှိ နေအိမ်မှလည်းကောင်း ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်မှာ ဇူလိုင်လ ၂၁ ရက်နေ့၊ ည ၉ နာရီ ၄၈ မိနစ်ဝန်းကျင်ခန့်က မြဝတီမီဒီယာစင်တာအနီးတွင်ဖြစ်ပွားသော ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်ဆုံးရှုံးမှု ရှိ/မရှိ ကိုလည်းး နောက်ဆက်တွဲ မသိရှိရသလို၊ အဆိုပါတိုက်ခိုက်မှုကိုလည်း မည်သည့်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်းမျိုးလည်း မရှိပေ။

ယမန်နေ့ စစ်ကောင်စီလက်အောက်ခံ မီဒီယာရုပ်သံလိုင်းတွင် ၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ထည့်သွင်းကြေညာမှသာ အဆိုပါနေ့က တိုက်ခိုက်ခံရမှုမှာ မိုးကောင်းရတနာကလေးဆေးရုံကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရပြီး ဆေးရုံနှင့် မြဝတီမီဒီယာစင်တာသည် ယခင်တပ်မတော်မှတ်တမ်းရုံးမြေနေရာတွင် အဏာသိမ်းစစ်ခေါင်းဆောင်၏ လမ်းညွှန်မှုဖြင့်တည်ဆောက်ထားသော အဆောက်အဦများဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

Most read this week

ဖာပွန်မြို့သိမ်းတိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံအချို့ (ဓါတ်ပုံ- KNU- Mutraw News) (ပုံဟောင်းဖြစ်ပါသည်)
November 27, 2024
ကရင်ပြည်နယ်၊ ဖာပွန်-ကမမောင်းလမ်းတလျှောက် စစ်ကောင်စီကစစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ...
၂၀၂၁ ခုနှစ်အတွင်း RCSS နှင့် SSPP အဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းရန် ရှမ်းပြည်လူငယ်များ ဆန္ဒပြပုံ။
November 27, 2024
ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် SSPPနှင့် RCSS သည် ရှမ်းပြည်နယ် အရှေ့ပိုင်း၊...
“ဝ” မြို့တော် ပန်ဆန်း၌ ၂၀၁၉ ခုနှစ်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် UWSA “ဝ” တပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ- AFP)
November 26, 2024
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ တပ်စခန်း ကိုးခုကို ဖယ်ရှားရန် ထိုင်းဘက်က...
ကရင်နီပြည်ရဲမှ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ် (ပုံဟောင်း)
November 25, 2024
ကရင်နီဒေသအတွင်းရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ဝန်းကျင်ခန့်သည် မီးဖွားနိုင်မှုအခက်အခဲနှင့်...