စစ်ကောင်စီကြောင့် သေတဲ့ ကျောင်းသားတွေကို PDF ကြောင့်လို့ သတင်းမှားဖြန့်

စစ်ကောင်စီကြောင့် သေတဲ့ ကျောင်းသားတွေကို PDF ကြောင့်လို့ သတင်းမှားဖြန့်

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ကျောင်းသားတွေ တင်ဆောင်လာတဲ့ စက်လှေတစ်စီးကို PDF တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တဲ့အတွက် ကျောင်းသား ၂ ဦး သေဆုံးသွားတဲ့အပြင် ပညာရေးဝန်ထမ်း တစ်ဦးနှင့် ကျောင်းသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်ဆိုတဲ့ သတင်းတစ်ခုကို ဩဂုတ်လ ၃ ရက်နေ့ထုတ် စစ်တပ်ပိုင် မြဝတီသတင်းစာ မှာ ပါရှိလာတာကို တွေ့ရပါတယ်။

မြဝတီ သတင်းစာအပြင် မြန်မာ့အလင်းသတင်းစာနဲ့ ကြေးမုံသတင်းစာ တို့မှာလည်း ပါရှိလာတာကို တွေ့ရပါ တယ်။

စစ်တပ်လက်အောက်ခံ သတင်းစာတွေက “မြို့နယ်အချို့ရှိ PDF အမည်ခံ အကြမ်းဖက်သမားများက ပညာ သင်ကြားသင်ယူခွင့် အခွင့်အလမ်းများပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ ပညာ ရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားပြီး အဲဒီအထဲမှာဆိုရင် “ကုလား တန်မြစ်၏ ညာဘက် မြစ်ကမ်းပေါ်မှ အကြမ်းဖက်သမားများက လက်နက် ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် စက် လှေမောင်းနှင်လာသည့် ဦးဗဒူတွင် ဝဲလက်အောက်ဝတ်နှင့် လည်ပင်းကျည်ရှပ်ထိဒဏ်ရာ တစ်ချက်၊ မခင်သီတာ (၁၄) နှစ် ၅ တန်း (ဘ) ဦးတနင်္လာ၏ ဝဲ/ယာ ခြေထောက် နှစ်ချောင်း၌ ကျည်ထိမှန်ဒဏ်ရာများ၊ မောင်အောင် လင်းဝင်း (၁၁) နှစ် ၅ တန်း (ဘ) ဦးလင်းအောင်တွင် ကျောကျည်ရှပ်ထိ ဒဏ်ရာ တစ်ချက်တို့ ရရှိခဲ့ပြီး မောင်နေ မင်းထွန်း (၁၁ )နှစ် ၅ တန်း (ဘ) ဦးအောင်ဖာ နှင့် မောင်သန်းမြင့် (၁၁) နှစ် ၅ တန်း (ဘ) ဦးထွန်းလှ အောင်တို့ ၂ ဦးတွင် နောက်ကျော်ကျည်ထိမှန် ဒဏ်ရာ အသီးသီး ရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်” ဆိုပြီး (မူရင်းအရေး အသားအတိုင်း ) ရေးသားထားတာကို တွေ့ရပါတယ်။

အဆိုပါ ရေးသားမှုတွေဟာ သတင်းအမှား တစ်ခုသာဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဩဂုတ်လ ၂ ရက်နေ့က ကျောင်းသားတွေ တင်ဆောင်လာတဲ့ စက်လှေတစ်စီး ပစ်ခတ်ခံရ လို့ ကျောင်းသားတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိတာမှန်ပေမယ့် အဲ့ဒီစက်လှေကို PDF တွေ ပစ်ခတ်ခဲ့တာ မဟုတ်ပဲ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ပဲဖြစ်ပါတယ်။

ကျောင်းသားတွေ လိုက်ပါစီးနင်းလာတဲ့ စက်လှေကို နှမဒါကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ် ခတ်လိုက်တယ် ဆိုပြီး ဒေသခံတွေက ပြောဆိုထားကြပါတယ်။

သတင်းဌာနတွေက ဒေသခံတွေကို မေးမြန်းပြီး ရေးသားထားတဲ့ သတင်းတွေထဲမှာ ဆိုရင်လည်း စစ်ကောင်စီ တပ်က ပစ်တယ်ဆိုပြီး ဒေသခံတွေက ပြောဆိုထားကြတာကို တွေ့ရပါတယ်။

ဒေသခံတစ်ဦးက “သူတို့က တိုးမဝမှာ ကျောင်းတက်ကြတာ၊ အခုက ကျောင်းဆင်းလို့အပြန်မှာဖြစ်တာ။ တိုး မဝနဲ့ ရီးမဝရွာကြားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ပစ်တာပေါ့။ စက်လှေမှာ ကျောင်းသား ဆယ်ယောက်ကျော်ပါတယ်။ ကျောင်းသား နှစ်ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်။ ကျောင်းသား နှစ် ယောက်နဲ့ အရပ်သားတစ်ယောက်က ဒဏ်ရာရတယ်” လို့ RFA သတင်းဌာနကို ပြောဆိုထားတာကို တွေ့ရ ပါတယ်။

RFA သတင်းဌာနက ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3d937oH တွေ့ရသလို VOA သတင်းဌာန က ရေးသားထားတဲ့ သတင်းကိုလည်း ဒီမှာ https://bit.ly/3Q0UniN ဝင်ကြည့်လို့ရပါတယ်။

ရခိုင်ပြည်နယ် အခြေစိုက် သတင်းဌာနတွေဖြစ်တဲ့ DMG https://bit.ly/3P34en9 ၊ Narinjar https://bit.ly/3BKsO9g တို့က ရေးသားထားတဲ့ သတင်းကို ဒီမှာ ဝင်ကြည့်လို့ရသလို ချင်းပြည်နယ် အခြေစိုက် Khonumthung Media Group က ရေးသားထားတဲ့ သတင်းကိုလည်း ဒီမှာ https://bit.ly/3QjHjF5 ဝင်ကြည့် လို့ ရပါတယ်။

ဒါ့အပြင် ကျောင်းသားတွေ သေဆုံး ဒဏ်ရာ ရတာဟာ စစ်ကောင်စီရဲ့  လက်ချက်ဖြစ်တယ်ဆိုပြီးလည်း ကြားကာ လ ခူမီး(ချင်း) မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီရဲ့  ထုတ်ပြန်ချက်ကို ဒီမှာhttps://bit.ly/ 3d8sBT8 တွေ့နိုင်ပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်ကြည့်လိုက်တဲ့အခါမှာ စစ်တပ်ပိုင် မြဝတီ သတင်းစာနဲ့ သူတို့ရဲ့ ထိန်းချုပ် မှု အောက်မှာရှိတဲ့ မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံ သတင်းစာတွေရဲ့ ရေးသားမှုဟာ မြေပြင်မှာ တကယ်ဖြစ် ပျက်ခဲ့တဲ့ အဖြစ် အပျက်အမှန်ကို အခြေခံပြီး ရေးသားထားတာ မဟုတ်တဲ့အပြင် စစ်တပ်က လုပ်တာကို PDF တွေလုပ်ပါ တယ်ဆိုပြီး ဝါဒဖြန့်ဖို့အတွက် လိမ်ညာရေးသားထားတဲ့ သတင်းအမှား ဖြစ်တယ်ဆိုတာကို တွေ့ရ ပါ တယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက် ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေအပြင် လူမျိုးတစ်မျိုးနဲ့တစ်မျိုး အဖွဲ့အစည်း တစ် ခုနဲ့တစ်ခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေ တာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။

September 13, 2023
မဇ္ဈိမကတင်ဆက်နေသည့် သတင်းမှားများကိုတိုက်ဖျက်ခြင်း - Misinformation Buster အစီအစဉ်သို့ သတင်း တု...
August 12, 2023
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ...
August 9, 2023
ကမ္ဘောဇ KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို (sms) များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း...
August 7, 2023
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည်...