သေဒဏ်ပေးသော စစ်ကောင်စီကို လက်တုံ့ပြန်သွားမည်ဟု ရန်ကုန်ပြောက်ကျားအဖွဲ့ပြောကြား

သေဒဏ်ပေးသော စစ်ကောင်စီကို လက်တုံ့ပြန်သွားမည်ဟု ရန်ကုန်ပြောက်ကျားအဖွဲ့ပြောကြား

နိုင်ငံရေးအကျဉ်းသားလေးဦးကို သေဒဏ်စီရင်လိုက်ခြင်းကို လက်တုံ့ပြန်သောအားဖြင့် တော်လှန်တိုက်ခိုက်ရေးအရှိန်မြှင့်လုပ်ဆောင်သွားမည်ဟု ရန်ကုန်ပြောက်ကျားအဖွဲ့တစ်ခုက ပြောကြားလိုက်သည်။

Soul Takers (Yangon Underground Force) ဆိုသည့်အဖွဲ့က ဇူလိုင်လ ၂၅ ရက်နေ့တွင် "အရေးပေါ် စစ်ရေးအမိန့်" ဟုဆိုသော ထုတ်ပြန်ချက်တွင် စစ်ကောင်စီလက်အောက်ခံအဖွဲ့များအပြင် စစ်ကောင်စီကို ကူညီပေးနေသော အရပ်သားများကိုပါ တိုက်ခိုက်သွားမည်ဟု ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံအဖွဲ့များ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၊ အဖွဲ့များနှင့် ပြည်သူထံမှ လက်နက်ပြခြိမ်းခြောက်ကာ ဓားပြတိုက်လုယက်ရမ်းကား နေ သောသူများအား တိုက်ခိုက်ရန် အဖွဲ့၏ ဌာနဆိုင်ရာ ခေါင်းဆောင်များပြတ်သားစွာ သဘောတူညီမှုရခဲ့သည်ဟုဆိုသည်။

“ စကစက နာမည်ရှိပြီးသား လူမိုက်တွေကို လုပ်ပိုင်ခွင့်တွေပေး၊ လက်နက်ပါ ပေးပြီးအသုံးချနေတာတွေအတွက်ကြောင့် Mission (စစ်ဆင်ရေး) လုပ်တဲ့နေရာမှာ သာမာန်ပြည်သူတွေအနေနဲ့တော့ မသိကြဘူး။..ကျွန်တော်တို့ရှင်းလင်းတဲ့ချိန်မှ တစ်ဖက် မိသားစု ဝင်တွေက နာမည်ဆယ်ချင်တော့ လူကောင်းပါဘာညာ ဆိုတာတွေ အသံတွေထွက်လာတာတွေရှိတယ်။ ပြည်သူထဲကပြည်သူပေမဲ့ ပြည်သူဘက်ကမရပ်တည်ဘဲ စကစအလိုကျ လုပ်နေတာတွေကြောင့် သေချာ ထောက်လှမ်းပြီး ရှင်းလင်းမယ်ဆိုတာကို ကြိုပြီးထုတ်ပြန်လိုက်တာပါ။" ဟု အဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ကိုဥက္ကာက ပြောသည်။

" ဦးဂျင်မီနဲ့ ဦးဇေယျာသော်တို့ သတင်းလည်းတက်လာတော့ ပိုပြီး စာထုတ်ဖို့ ခိုင်မာသွားတာပေါ့ဗျာ။ လက်တုံ့ပြန်သွားမှာပါ မတရားမှု မှန်သမျှကို” ဟုလည်း သူက ထပ်ပြောသည်။

စစ်ဆင်ရေးလုပ်ရာနေရာ အနီးတွင်ဖြစ်နေပါကာ ဘေးလွတ်ရာရှောင်တိမ်းရန်နှင့် ဝင်ရောက်နှောက်ယှက်တားဆီးခြင်းများမပြုရန်လည်း လူထုကို သတိပေးလိုက်သည်။

မြို့ပြပြောက်ကျားများနှင့်ပတ်သက်၍ စစ်ကောင်စီကို သတင်းပေးခြင်း၊ ဖမ်းဆီးရာတွင်လို လိုက်ပါကူညီပေးခြင်းများလုပ်ပါကာ ပူးတွဲရှင်းလင်းခံရမည်ဖြစ်ကြောင်း လည်းပါရှိသည်။

“နယ်မြေအစုံမှာ လုပ်သွားဖို့ အစီအစဥ်တွေ ရှိပါ တယ်။ နယ်မြေခံ UG တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမလားဆိုတာကတော့ Mission အတိုင်းအတာ၊ မြေပြင်အခြေအနေအရ လိုအပ်မှပဲဆောင်ရွက်မှာပါ။ တတ်နိုင်သမျှတော့ ကိုယ့်အဖွဲ့အနေနဲ့ပဲ လှုပ်ရှား သွားဖို့များပါတယ်။ မြို့ပေါ် UG နဲ့ တောထဲ PDF နဲ့ အဓိက မတူတဲ့ အချက်က မြို့ပေါ် UG တွေ အနေနဲ့ သိုသိုသိပ်သိပ်နေနိုင်လေ Link ချိတ်ဆက်နည်းလေလေ ဘေးကင်းကင်းနဲ့ Mission လုပ်နိုင်လေပါပဲ။ တောထဲ PDF တွေကတော့ အချင်းချင်းပေါင်းစည်းပြီးတိုက်တာက Mission ပိုတွင်ကျယ်ပါတယ်။ ပိုအောင်မြင်နိုင်ပါတယ် ” ဟု ကိုဥက္ကာကပြောသည်။

Soul Takers (Yangon Underground Force) သည် ယခင်ကလည်း တိုက်ခိုက်မှုများလုပ်ခဲ့ဖူးသည်ကို သတင်းများတွင်တွေ့ရသည်။

Most read this week

ဖာပွန်မြို့သိမ်းတိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံအချို့ (ဓါတ်ပုံ- KNU- Mutraw News) (ပုံဟောင်းဖြစ်ပါသည်)
November 27, 2024
ကရင်ပြည်နယ်၊ ဖာပွန်-ကမမောင်းလမ်းတလျှောက် စစ်ကောင်စီကစစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ...
၂၀၂၁ ခုနှစ်အတွင်း RCSS နှင့် SSPP အဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းရန် ရှမ်းပြည်လူငယ်များ ဆန္ဒပြပုံ။
November 27, 2024
ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် SSPPနှင့် RCSS သည် ရှမ်းပြည်နယ် အရှေ့ပိုင်း၊...
“ဝ” မြို့တော် ပန်ဆန်း၌ ၂၀၁၉ ခုနှစ်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် UWSA “ဝ” တပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ- AFP)
November 26, 2024
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ တပ်စခန်း ကိုးခုကို ဖယ်ရှားရန် ထိုင်းဘက်က...
ကရင်နီပြည်ရဲမှ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ် (ပုံဟောင်း)
November 25, 2024
ကရင်နီဒေသအတွင်းရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ဝန်းကျင်ခန့်သည် မီးဖွားနိုင်မှုအခက်အခဲနှင့်...