Published
Sunday, July 24, 2022
ပုဏ္ဏားကျွန်း-ရသေ့တောင်မြို့ကို ဆက်သွယ်ထားတဲ့ကားလမ်းပိတ်ထား၍ ပြန်လည်ဖွင့်လှစ်ပေးဖို့ ဒေသခံတွေလိုလား (ဇူလိုင်လ ၂၄၊ ၂၀၂၂)
- ရက္ခိုင့်တပ်တော် (အေအေ)ကနေ စစ်ကောင်စီတပ်ကို လက်တုံ့ပြန်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ရဲမှူးအပါအဝင် ၁၄ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဦးခိုင်သုခ ကပြောဆိုလိုက်ပါတယ်။
- ရက္ခိုင့်တပ်တော် (အေအေ)နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒေသခံအရပ်သား ၈ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
- ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းကို စစ်ကောင်စီက ပိတ်ထားတဲ့အတွက် ပြန်လည်ဖွင့်လှစ်ပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။