Published
Friday, June 10, 2022
တိုက်ပွဲကြောင့် ချင်းပြည်နယ်လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်း နေရပ်စွန့်ခွာထွက်ပြေးနေရ
- စစ်ကောင်စီတပ်ဖွဲ့ရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်း၊ လူပေါင်း ၉၀,၀၀၀ နီးပါးလောက်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
- အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်ပြီး CDM ဝန်ထမ်းတွေရဲ့ လစာအပါဝင် CDM ဝန်ထမ်းတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်သွေးဆောင်နေတဲ့ Non-CDM ဝန်ထမ်း ၈ ဦးကို CDF-ကန်ပက်လက်တပ်ဖွဲ့က ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။
- ချင်းပြည်နယ် မင်းတပ်မြို့က အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ မပါဝင်ဘဲ စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ Non - CDM ဝန်ထမ်းတွေကို လက်တွေ့ကျကျ အရေးယူတော့မယ်လို့ CDF-မင်းတပ်က ပြောဆိုလိုက်ပါတယ်။