ပြည်သူလူထုနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်း ဆောင်ကာ CDM ဝန်ထမ်းများ၏ လစာရရှိနိုင်ရေးနှင့် CDM ဝန်ထမ်းများအား နည်းလမ်းအမျိုးမျိုးဖြင့် ခြမ်းခြောက်သွေးဆောင်သော Non-CDM ၈ ဦးကို CDF-ကန်ပက်လက်တပ်ဖွဲ့က ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ကြောင် ဇွန်လ ၅ ရက်နေ့က ထုတ်ပြန်သည်။
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်မှုမရှိစေရေးနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ပြည်သူလူထုနှင့်ပူပေါင်းခြင်းမရှိသော Non-CDM ဝန်ထမ်းများအား တရားစီးရင်ရေးဆိုင်ရာမူဝါဒများ ကို CDF-ကန်ပက်လက်တပ်ဖွဲ့အနေဖြင့် ချမှတ်ဆောင်ရွက်လျှက်ရှိရာ မြို့နယ်ဆရာကြီးအပါအဝင် စစ်ကောင်စီလက်ေ အာက်တွင် တာဝန်ထမ်းဆောင်နေဆဲဖြစ်သည့် Non-CDM ဝန်ထမ်း ၈ ဦးကို ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်သည်။
“သူတို့က Nဝn- CDM ဖြစ်တဲ့အပြင် CDM ဝင်တဲ့သူတွေကို ခြိမ်းခြောက်တာတို့၊ ဖိအားပေးတာတို့လုပ်တယ်။ ကျနော်တို့ တပ်ရင်းကနေပြီး Non- CDM တွေ မြို့ထဲကနေထွက်ခွာသွားရမယ်ဆိုပြီး တရားဝင်ထုတ်ပြန်ချ က်ထုတ်ပြီး သားဖြစ်တ ယ်အဲ့တာ သူတို့ကမလိုက်နာလို့ ဖမ်းတာပါ။ မြို့နယ် အစီအမံရှိတယ် အဲ့အတိုင်းပဲ တရားစီရင်ရေးအဖွဲ့က အဆုံးဖြတ် ပေးပြီးမှ တရားစီရင်တာ။ ပြစ်မှုပြစ်ဒဏ်အမျိုးအစားအလိုက်ရှိပြီးသား ဖြစ်တယ်” ဟု CDF-ကန်ပက်လက်တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုဖမ်းဆီးအရေးယူခံရသည့် ၈ ဦးမှာ ကန်ပက်လက်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်ဆန်းဦး၊ မြို့နယ် လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာန (လယ်/စီ/အင်း) ဦးစီးမှူး ဦးဗန်တိုး၊ မြို့နယ်လယ်/စီ/အင်းဌာနမှ စာရေး ဒေါ်သူဇာ အေး၊ ခေါနူးစုမ်အမျိုးသားဥယျာဉ် တောအုပ် ဦးထွန်းတင်၊ အလယ်တန်းကျောင်းအုပ် ဦးအေးမောင်၊ ပညာရေးဌာမှ စာရေး ဒေါ်အွမ်ရောင်၊ အလယ်တန်းပြဆရာ ဦးရွှီလိန်းနှင့် အကြီးတန်းစာရေးဒေါ်ရှင်းကီးလိန်းတို့ဖြစ်ကြ သည်ဟု CDF-ကန်ပက်လက်၏ ဇွန်လ ၅ ရက်နေ့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ Non-CMD ၈ ဦးအား မည်ကဲ့သို့အရေးယူအပြစ်ပေးခဲ့သည်ကိုမူ CDF-ကန်ပက်လက်တပ်ဖွဲ့က ထုတ်ဖော်ပြောဆို ခြင်းမရှိခဲ့ပေ။ ယခုလက်ရှိတွင် ၎င်းတို့ ၈ ဦးကို ဖမ်းဆီးထားခြင်းမရှိတော့ဘဲ ကန်ပက်လက်မြို့ပေါ်တွင်လည်း နေထိုင်ခြင်း မရှိကြတော့ကြောင်း သိရသည်။
ကန်ပက်လက်မြို့အတွင်းရှိ ပြည်သူ့ဘဏ္ဍာငွေခိုးထုတ်နေသူများ၊ စစ်ကောင်စီနှင့်ပူးပေါင်းကာ ပြည်သူဘဏ္ဍာငွေအား အလွဲသုံးစားပြုနေသူများ၏ အမည်စာရင်းများကိုလည်း အဖမ်းခံရသည့် ၈ ဦးထံမှ တိကျခိုင်သည့်သတင်းအချ က်အလက်များ ရရှိထားကြောင်း၊ ပြည်သူများနှင့်အချိန်မီပြန်လည်ပူးပေါင်းခြင်းမရှိပါက ပြင်းထန်စွာဆက်လက်အရေး ယူဆောင်ရွက်သွားမည်ဟု CDF-ကန်ပက်လက်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အလားတူ CDF- မတူပီတပ်ဖွဲ့ကလည်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားအား အသက်သွင်းရန် ကြိုးပမ်းမှုတွင် ပါဝင် ပတ်သက်ဆောင်ရွက်နေကြသော ဌာနဆိုင်ရာများမှ Non-CDM များနှင့် အားပေးအားမြောက်ပြုသော မိဘပြည်သူ များကို ပြင်းပြင်းထန်ထန်အရေးယူတော့မည်ဟု ဇွန်လ ၆ ရက်နေ့ကထုတ်ပြန်သည်။
Photo Crd: Myanmar Now