စစ်တပ်က လက်နက်တပ်ဆင်ထားပေးတဲ့ ပျူစောထီးနဲ့ ဒေါက်တိုင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ NUG ဆီ လက်နက်အပ်ဖို့ စာတစ်စောင် ဒီနေ့မှာထုတ်ပြန်လိုက်ပါတယ်။
NUG အစိုးရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့မှာ ဧပြီလ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ပြုန်းတီးနေတဲ့ အင်အားကိုဖြည့်တင်းဖို့ ပျူစောထီးအပါအဝင် ဒေါက်တိုင်အဖွဲ့တွေကို လေ့ကျင့်လက်နက်တပ်ဆင်ပေးပြီး အရပ်သားပြည်သူတွေအပေါ် ဖိနှိပ်သတ်ဖြတ်တာ ၊ ကျေးရွာတွေကို မီးရှို့တာ ၊ လူ့အခွင့်အရေးချိုးဖောက်တာ ၊ PDF နဲ့ ပြည်သူ့တော်
န်ရေးအင်အားစုတွေကို စစ်ပြိုင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
NUG က ဒီမိုကရေစီကို သက်ဝင်ယုံကြည်သူတွေ ၊ နိုင်ငံရေးအမြင်မတူကွဲပြားသူတွေ ၊ အခြေအနေတွေကြောင့် CDM မှာပါဝင်လုပ်ဆောင်ခွင့်မရသူတွေကို စစ်ရေးဆိုင်ရာပစ်မှတ်အဖြစ် အရေးယူဆောင်ရွက်သွားမှာမဟုတ်ဘူးလို့ဆိုပါတယ်။
စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အကြမ်းဖက်မှုတွေကို ကိုယ်တိုင်ပါဝင်တာ ၊ အားပေးပါဝင်ကူညီတာ ပြုလုပ်မယ်ဆိုရင်တော့ ကင်းလွတ်
င့်ရမှာမဟုတ်သလို ဥပဒေနဲ့ စစ်ရေးအရလည်း အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ပျူစောထီးနဲ့ ဒေါက်တိုင်လက်နက်ကိုင်တွေ ကျူးလွန်နေတဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ ၊ ကလေးစစ်သားအသုံးပြုမှုတွေ၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုတွေကို NUG က စောင့်ကြည့်နေပြီး တရားမျှတမှု ပြန်လည်ယူဆောင်ပေးနိုင်အောင်လည်း ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။